ဗဟုသုတ

“မြေကြီးတူးဖို့အဆင်မပြေတဲ့နေရာတွေမှာ အရေးပေါ် ဗုံးခိုကျင်း ပြုလုပ်နည်း”

အားလုံး မှတ်ထားကြပါနော်

မိုးတွင်းဘက် မြေကြီးတူးဖို့အဆင်မပြေတဲ့အခါ တိုက်ပွဲဖြစ်တဲ့အခါ အကာအကွယ်အနေနဲ့အုတ်တိုက်အိမ်ဆိုပါက မိမိအိပ်ခန်း သို့ အကာအကွယ်ရှိသော အခန်းထဲတွင် သဲအိတ်ကာအပေါ်တွင်တန်းပစ်ပြီး သဲအိတ်တင်ထားလို့ရပါတယ်

ကျည်ကွယ် ဗုံးဒဏ်ကာကွယ်ဖို့ လုပ်ထားလို့ရပါတယ်…တချို့ အိမ်အမြင့်တွေနဲ့သစ်သားအိမ်တွေမှာ အိမ်အောက်ဘက်မှာ သဲအိတ်ကာအပေါ်တန်းပစ်ပြီး ခိုကျင်းသဘော လုပ်ထားလို့ရပါတယ်။

တချို့နေရာတွေမှာ သဲမရှိရင် ဝါးကပ်ယက် ကပ်၂ခုကြား မြေကြီးထည့်ပြီး ယာယီခိုကျင်းပြုလုပ်နိုင်ပါတယ် မြေကြီးနဲ့လုပ်တဲ့အခါ အနည်းဆုံး ၁ပေ ၁ပေခွဲအထူရှိရမှာပါ ပိုထူလေပိုကောင်းလေပါ

ဝါးကပ်မရရင် သံဇကာ ၊ဗီနိုင်းစ၊ မိုးကာဖျင်စ စတာတွေကာရံ သဲထည့်ပြီးပြုလုပ်နိုင်ပါတယ်

တိုက်အိမ်တွေ သစ်သားအိမ်အထဲနဲ့အောက်ဘက်မှာ ခိုကျင်းပြုလုပ်ရင် နံရံနဲ့ကြမ်းခင်းကပ်လျက်အနေအထားတွေမှာ ပြုလုပ်တာပိုကောင်းပါတယ်

ဗုံးဆံထိလို့အပေါ်ကပြိုကျတဲ့အခါမျိုးမှာ လူကိုမပိမိအောင် golden triangle အသက်ကယ်တြိဂံနေရာတွေရွေးသင့်ပါတယ်။

ဒီဘက်မှာအရင်ကပြုလုပ်ခဲ့ဖူးတဲ့ပုံစံတွေပြောပြခြင်းပါ

ပိုကောင်းတဲ့ပုံစံတွေရှိရင် ပြောပြပေးကြပါ

တိုက်ပွဲကြားကပြည်သူတွေအတွက်လည်း

အကာအကွယ်ဖြစ်စေဖို့ပါ

Credit