ယီမင်နိုင်ငံမှာဆင်းရဲသားတံငါသည်တစ်စုဟာ #ဝေလငါးအသေတစ်ကောင်ကိုတွေ့ရာကနေ နေ့ချင်းညချင်းထီပေါက်သလို ဖြစ်ခဲ့ကြပါတယ်။
အဲ့ဒီတံငါသည်တစ်စုဟာ ဝေလငါးအသေကောင်ကို ကမ်းခြေကိုဆွဲယူလာရာကနေ ငါးသေထဲကနေအနံ့ပြင်းပြင်းတစ်ခုရနေတာကိုတွေ့ရတဲ့အတွက် ဗိုက်ခွဲကြည့်ရာမှ ငါးကြီးအန်ဖတ်လို့တစ်ချို့ကခေါ်ကြတဲ့ Ambergris ကိုရရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ ၁၂၇ ကီလိုအလေးချိန်ရှိတဲ့ ငါးကြီးအန်ဖတ်ကနေ မြန်မာငွေသိန်းပေါင်း ၂၆၀၀၀ နီးပါးရရှိခဲ့ကာ ခွဲဝေယူပြီးအိမ်နဲ့ကားနဲ့ဖြစ်သွားကြပါတယ်။
ဖယောင်းတုံးလိုဖြစ်နေတဲ့ Ambergris ကို ရေမွှေးအနံ့ချုပ်ဆေးအဖြစ်သုံးကြပါတယ်။
Richard Myo Thant