News

“အချိန်အကြာကြီး ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူကို TikTok ဆယ်လီတစ်ဦးရဲ့ အသုံးချခံအဖြစ် တွေ့လိုက်ရတဲ့ သားဖြစ်သူ”

TikTok မှာမျှဝေထားတဲ့ဗီဒီယိုရှိ တရုတ်နိုင်ငံတောင်ပေါ်ဒေသရှိ ညစ်ပတ်စုတ်ပြတ်နေတဲ့အဝတ်အစားတွေဝတ်ကာ အစားအစာချို့တဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ သက်ကြီးရွယ်အို အဘိုးအိုတစ်ဦးကို သားဖြစ်သူက သူ့ရဲ့အချိန်ကာလအတော်ပျောက်ဆုံးနေခဲ့တဲ့ဖခင်လို့ ယုံကြည်နေပါတယ်။ဗီဒီယိုတွေထဲအရ အဘိုးအိုဟာ ဆင်းရဲချို့တဲ့စွာ နေထိုင်နေရပြီး အဆိုပါTikTok အကောင့်နောက်ကွယ်ကလူဟာ သူ့followerတွေတိုးပြီး ပိုက်ဆံရှာနိုင်ရန်အတွက် အိမ်ယာမဲ့အဘိုးအိုကို အသုံးချနေပုံရပါတယ်။

ဆွေမျိုးတစ်ဦးရဲ့ပြောပြမှုကြောင့် အမျိုးသားတစ်ဦးဟာ အဆိုပါအဘိုးအိုက Long Jiaming ဆိုတဲ့အသက်၇၁နှစ်အရွယ်သူ့အဖေဖြစ်ပြီး အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့ကြောင်း ဗီဒီယိုအောက်မှာ ဝင်ရေးခဲ့ပါတယ်။သားဖြစ်သူMr Longဟာ ဗီဒီယိုအားလုံးမှာ စုတ်ပြဲညစ်ပတ်နေတဲ့ အဝတ်အစားတွေဘဲ ဝတ်ပြီးအစာချို့တဲ့နေတာကို မြင်ရတော့ မငြိမ်မသက်ဖြစ်ခဲ့ရပါတယ်။

Mr Longဟာ ဖခင်ဖြစ်သူသေချာမှန်း ခိုင်လုံတဲ့သက်သေအထောက်အထားတွေတွေ့ရှိခဲ့ရပြီး အဲဒီလူဟာ ဖခင်အပေါ်ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြောင်းကို သံသယရှိနေခဲ့ပါတယ်။၁၉၄၈ခုနှစ် ဇူလိုင်လ ၁၀ရက်နေ့မှာ မွေးခဲ့တဲ့သူ့ဖခင်ဟာသားဖြစ်သူနဲ့အတူ ၂၀၁၁ခုနှစ် တရုတ်အရှေ့ပိုင်း Fujianပြည်နယ် Jinjiangမြို့မှာ အလုပ်လုပ်ရင်း ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီး အဲဒီကတည်းက ရှာနေခဲ့ပေမဲ့ မတွေ့ရှိခဲ့ရပါဘူး။သူဟာ TikTok အကောင့်နောက်ကွယ်ကလူကို ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ အဲဒီလူက မတုံ့ပြန်ခဲ့ပါဘူး။

”အဖေ့ကိုရှာဖို့ ကျွန်တော်အလုပ်ထွက်ပြီး ရဲတွေကိုလည်းတိုင်ကြားခဲ့တယ်၊အဖေက ရိုးသားတဲ့လူပါ၊သူMandarinစကားမပြောတတ်ဘူး၊အဲဒီလူတင်ထားတဲ့ဗီဒီယို၃၉ပုဒ်မှာ၃၇ပုဒ်က ကျွန်တော့်အဖေချည်းဘဲ၊ကျိန်းသေ အဖေဆိုတာသိတယ်၊ကျွန်တော်တို့ အဲဒီလူကို မက်ဆေချ့်တွေအများကြီးပို့ထားပေမဲ့ သူမတုံ့ပြန်ထားဘူး”ဟု Mr Longက ဒေသခံမီဒီယာတွေထံဆိုထားပါတယ်။

သူဟာ ဖခင်ဖြစ်သူကို ပြန်ခေါ်နိုင်ရန် စိတ်အားထက်သန်နေကာ ရဲများအား ထပ်မံစုံစမ်းရှာဖွေရန်တိုက်တွန်းထားပြီး တရုတ်နိုင်ငံရှိ Douyinဆိုတဲ့နာမည်ကြီးTikTokအကောင့်ရဲ့အကူအညီကိုလည်း ရယူရန် မျှော်လင့်နေပါတယ်။မကြာသေးမီကမျှဝေခဲ့တဲ့TikTokဗီဒီယိုတွေမှာ အကောင့်နောက်ကွယ်ရှိကြိုးကိုင်နေသူအား အဆိုပါမိသားစုကို ပြန်တုံ့ပြန်ပေးရန် တိုက်တွန်းချက်ပေါင်း ၁၄,၀၀၀ကျော်ရှိခဲ့ပါတယ်။ကိုယ်ကျိုးစီးပွါးအတွက် တစ်ပါးသူရဲ့ဘဝကို ခေါင်းပုံဖြတ်ပြီး အမြတ်မထုတ်သင့်ပါဘူး။အဆိုပါအဘိုးအိုလည်း သားဖြစ်သူနဲ့ အမြန်ဆုံး ပြန်ဆုံစည်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Jasmine (Mckzone Daily)

Zawgyi

TikTok မွာမၽွေဝထားတဲ့ဗီဒီယိုရွိ တ႐ုတ္နိုင္ငံေတာင္ေပၚေဒသရွိ ညစ္ပတ္စုတ္ျပတ္ေနတဲ့အဝတ္အစားေတြဝတ္ကာ အစားအစာခ်ိဳ့တဲ့ၿပီး အိုးမဲ့အိမ္မဲ့ျဖစ္ေနတဲ့ သက္ႀကီးရြယ္အို အဘိုးအိုတစ္ဦးကို သားျဖစ္သူက သူ႔ရဲ့အခ်ိန္ကာလအေတာ္ေပ်ာက္ဆုံးေနခဲ့တဲ့ဖခင္လို့ ယုံၾကည္ေနပါတယ္။ဗီဒီယိုေတြထဲအရ အဘိုးအိုဟာ ဆင္းရဲခ်ိဳ့တဲ့စြာ ေနထိုင္ေနရၿပီး အဆိုပါTikTok အေကာင့္ေနာက္ကြယ္ကလူဟာ သူ႔followerေတြတိုးၿပီး ပိုက္ဆံရွာနိုင္ရန္အတြက္ အိမ္ယာမဲ့အဘိုးအိုကို အသုံးခ်ေနပုံရပါတယ္

‌ေဆြမ်ိဳးတစ္ဦးရဲ့ေျပာျပမွုေၾကာင့္ အမ်ိဳးသားတစ္ဦးဟာ အဆိုပါအဘိုးအိုက Long Jiaming ဆိုတဲ့အသက္၇၁ႏွစ္အရြယ္သူ႔အေဖျဖစ္ၿပီး အခ်ိန္ၾကာျမင့္စြာ ေပ်ာက္ဆုံးေနခဲ့ေၾကာင္း ဗီဒီယိုေအာက္မွာ ဝင္ေရးခဲ့ပါတယ္။သားျဖစ္သူMr Longဟာ ဗီဒီယိုအားလုံးမွာ စုတ္ျပဲညစ္ပတ္ေနတဲ့ အဝတ္အစားေတြဘဲ ဝတ္ၿပီးအစာခ်ိဳ့တဲ့ေနတာကို ျမင္ရေတာ့ မၿငိမ္မသက္ျဖစ္ခဲ့ရပါတယ္။

Mr Longဟာ ဖခင္ျဖစ္သူေသခ်ာမွန္း ခိုင္လုံတဲ့သက္ေသအေထာက္အထားေတြေတြ႕ရွိခဲ့ရၿပီး အဲဒီလူဟာ ဖခင္အေပၚေခါင္းပုံျဖတ္အျမတ္ထုတ္ေနေၾကာင္းကို သံသယရွိေနခဲ့ပါတယ္။၁၉၄၈ခုႏွစ္ ဇူလိုင္လ ၁၀ရက္ေန႔မွာ ေမြးခဲ့တဲ့သူ႔ဖခင္ဟာသားျဖစ္သူနဲ႔အတူ ၂၀၁၁ခုႏွစ္ တ႐ုတ္အေရွ႕ပိုင္း Fujianျပည္နယ္ Jinjiangၿမိဳ့မွာ အလုပ္လုပ္ရင္း ႐ုတ္တရက္ေပ်ာက္ဆုံးသြားခဲ့ၿပီး အဲဒီကတည္းက ရွာေနခဲ့ေပမဲ့ မေတြ႕ရွိခဲ့ရပါဘူး။သူဟာ TikTok အေကာင့္ေနာက္ကြယ္ကလူကို ႀကိဳးစားဆက္သြယ္ခဲ့ေပမဲ့ အဲဒီလူက မတုံ႔ျပန္ခဲ့ပါဘူး။”အေဖ့ကိုရွာဖို့ ကၽြန္ေတာ္အလုပ္ထြက္ၿပီး ရဲေတြကိုလည္းတိုင္ၾကားခဲ့တယ္၊အေဖက ရိုးသားတဲ့လူပါ၊သူMandarinစကားမေျပာတတ္ဘူး၊အဲဒီလူတင္ထားတဲ့ဗီဒီယို၃၉ပုဒ္မွာ၃၇ပုဒ္က ကၽြန္ေတာ့္အေဖခ်ည္းဘဲ၊က်ိန္းေသ အေဖဆိုတာသိတယ္၊ကၽြန္ေတာ္တို့ အဲဒီလူကို မက္ေဆခ့်္ေတြအမ်ားႀကီးပို့ထားေပမဲ့ သူမတုံ႔ျပန္ထားဘူး”ဟု Mr Longက ေဒသခံမီဒီယာေတြထံဆိုထားပါတယ္။

သူဟာ ဖခင္ျဖစ္သူကို ျပန္ေခၚနိုင္ရန္ စိတ္အားထက္သန္ေနကာ ရဲမ်ားအား ထပ္မံစုံစမ္းရွာေဖြရန္တိုက္တြန္းထားၿပီး တ႐ုတ္နိုင္ငံရွိ Douyinဆိုတဲ့နာမည္ႀကီးTikTokအေကာင့္ရဲ့အကူအညီကိုလည္း ရယူရန္ ေမၽွာ္လင့္ေနပါတယ္။မၾကာေသးမီကမၽွေဝခဲ့တဲ့TikTokဗီဒီယိုေတြမွာ အေကာင့္ေနာက္ကြယ္ရွိႀကိဳးကိုင္ေနသူအား အဆိုပါမိသားစုကို ျပန္တုံ႔ျပန္ေပးရန္ တိုက္တြန္းခ်က္ေပါင္း ၁၄,၀၀၀ေက်ာ္ရွိခဲ့ပါတယ္။ကိုယ္က်ိဳးစီးပြါးအတြက္ တစ္ပါးသူရဲ့ဘဝကို ေခါင္းပုံျဖတ္ၿပီး အျမတ္မထုတ္သင့္ပါဘူး။အဆိုပါအဘိုးအိုလည္း သားျဖစ္သူနဲ႔ အျမန္ဆုံး ျပန္ဆုံစည္းနိုင္မယ္လို့ ေမၽွာ္လင့္မိပါတယ္။

Jasmine (Mckzone Daily)