တီဗီဇာတ်လမ်းတွဲ ‘Kadenang Ginto’ (‘The Heiress’) မှလူသိများကျော်ကြားတဲ့ဖိလစ်ပိုင်မင်းသမီး Dimples Romana ဟာ မကြာသေးမီက သူမအပေါ်သစ္စာစောင့်သိသူတစ်ဦးရဲ့ဘဝကိုပြောင်းလဲစေတဲ့ အားတက်ဖွယ် vlog ဗွီဒီယိုတစ်ခုကိုထုတ်ပြခဲ့ပါတယ်။
သူတို့ချစ်သူစုံတွဲဟာ သူတို့နှင့်၁၇ နှစ်လုံးလုံးအတူနေထိုင်ခဲ့တဲ့ အိမ်ဖော်ကို ၂ထပ်တိုက်အိမ်ဖြင့် အံ့အားသင့်စေခဲ့ပါတယ်။အောက်တိုဘာ ၁၆ ရက်နေ့က YouTubeမှာ Romana တင်လိုက်တဲ့ vlogရဲ့အစမှာတော့ Romana နှင့်ခင်ပွန်း Boyet Ahmee တို့ဟာ အိမ်ဖော်ဖြစ်သူVilma ကသူတို့ဘဝထဲမည်သို့ရောက်ရှိခဲ့သည်ကို ပြောဆိုနေခဲ့ကြပြီး သူတို့ရဲ့ ဗွီဒီယိုမှာတစိတ်တပိုင်းအနေဖြင့် ပါဝင်ရန် Vilma အားဖိတ်ခေါ်ခဲ့ကြပါတယ်။Romana က Vilmaရဲ့ထင်မြင်ချက်ဟာ သူတို့အတွက်အရေးကြီးကြောင်းပြောကာ အိမ်နဲ့ပတ်သက်တဲ့သူ့မရဲ့အမြင်ကိုမျှဝေဖို့ Vilmaကိုတောင်းဆိုခဲ့ကြပါတယ်။
Vilma ဟာ သူမကိုယ်သူမကင်မရာဖြင့်မိတ်ဆက်ပြီး Romana တို့စုံတွဲဟာသူမအပေါ်ကြင်နာကြောင်းကို ပြောဆိုကာ သူမရဲ့အိပ်မက်က တစ်နေ့အိမ်တစ်လုံးပိုင်ဆိုင်နိုင်ရန် ဖြစ်ကြောင်းဗွီဒီယိုမှာ မျှဝေခဲ့ပြီး တစ်ချိန်တည်းမှာဘဲ Vilmaဟာ အဆိုပါအိမ်ကို Romanaတို့စုံတွဲနောင်တစ်ချိန်မှာ ငှါးရမ်းမယ်လို့လဲထင်နေခဲ့ပါတယ်။
သူတို့ဟာ ဧည့်ခန်း၊မီးဖိုချောင်နှင့်ရေချိုးခန်းများရှိနေရာတစ်ခုစီကိုဝင်ကြည့်ကာ လှောင်ပြောင်ပြောဆိုနေခဲ့ကြပြီး ဒုတိယထပ်ရှိအခန်းများကိုလည်းဝင်စစ်ဆေးခဲ့ကြပါတယ်။သူတို့အဓိကဖြစ်တဲ့အိပ်ခန်းကိုရောက်တော့ Vilma ဟာသူမမြင်တွေ့ခဲ့ရတာကို လုံးဝထိတ်လန့်သွားခဲ့ရပါတယ်။Vilma ဟာနံရံပေါ်ရှိ ‘ဟုတ်ကဲ့၊ ဒါကမင်းအတွက်ပါ’ဆိုတဲ့ စာသားကိုမြင်တော့ မျက်ရည်တွေဝဲကာ”Why me”ဟုမေးခဲ့ပါတယ်။
မကြာခင်မှာပဲ သူတို့အားလုံးဟာ မျက်ရည်တွေကျလာပြီး Vilma ကသူတို့ကိုနက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ကြောင်းဆိုခဲ့ပါတယ်။Romanaနှင့်Ahmee တို့ကလည်း အခက်အခဲများကြားမှ Vilma အား လစာမပေးနိုင်တဲ့နှစ်တွေရှိခဲ့ပေမဲ့ သူတို့နား မခွါဘဲအတူရှိနေပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းကို ထုတ်ဖော်ပြောဆိုကာ Vilmaအား အိမ်သူအိမ်သားတစ်ယောက်အလား ပျော်ရွှင်စွာအိမ်ကိုလွှဲပြောင်းပေးခဲ့ပြီး မိသားစုဝင်တစ်ယောက်အဖြစ် သဘောထားစေခဲ့ကြပါတယ်။Vilmaဟာ မပြောင်းလဲတဲ့သူမရဲ့စေတနာမေတ္တာတွေကြောင့် သူမနဲ့ထိုက်တန်တဲ့ဆုတောင်းကိုပြန်လည်ရရှိခဲ့ရပါတယ်။
ရုပ်သံ
Jasmine (Mckzone Daily)
Zawgyi
တီဗီဇာတ္လမ္းတြဲ ‘Kadenang Ginto’ (‘The Heiress’) မွလူသိမ်ားေက်ာ္ၾကားတဲ့ဖိလစ္ပိုင္မင္းသမီး Dimples Romana ဟာ မၾကာေသးမီက သူမအေပၚသစၥာေစာင့္သိသူတစ္ဦးရဲ႕ဘဝကိုေျပာင္းလဲေစတဲ့ အားတက္ဖြယ္ vlog ဗြီဒီယိုတစ္ခုကိုထုတ္ျပခဲ့ပါတယ္။သူတို႔ခ်စ္သူစုံတြဲဟာ သူတို႔ႏွင့္၁၇ ႏွစ္လုံးလုံးအတူေနထိုင္ခဲ့တဲ့ အိမ္ေဖာ္ကို ၂ထပ္တိုက္အိမ္ျဖင့္ အံ့အားသင့္ေစခဲ့ပါတယ္။ေအာက္တိုဘာ ၁၆ ရက္ေန႔က YouTubeမွာ Romana တင္လိုက္တဲ့ vlogရဲ႕အစမွာေတာ့ Romana ႏွင့္ခင္ပြန္း Boyet Ahmee တို႔ဟာ အိမ္ေဖာ္ျဖစ္သူVilma ကသူတို႔ဘဝထဲမည္သို႔ေရာက္ရွိခဲ့သည္ကို ေျပာဆိုေနခဲ့ၾကၿပီး သူတို႔ရဲ႕ ဗြီဒီယိုမွာတစိတ္တပိုင္းအေနျဖင့္ ပါဝင္ရန္ Vilma အားဖိတ္ေခၚခဲ့ၾကပါတယ္။Romana က Vilmaရဲ႕ထင္ျမင္ခ်က္ဟာ သူတို႔အတြက္အေရးႀကီးေၾကာင္းေျပာကာ အိမ္နဲ႔ပတ္သက္တဲ့သူ႔မရဲ႕အျမင္ကိုမွ်ေဝဖို႔ Vilmaကိုေတာင္းဆိုခဲ့ၾကပါတယ္။
Vilma ဟာ သူမကိုယ္သူမကင္မရာျဖင့္မိတ္ဆက္ၿပီး Romana တို႔စုံတြဲဟာသူမအေပၚၾကင္နာေၾကာင္းကို ေျပာဆိုကာ သူမရဲ႕အိပ္မက္က တစ္ေန႔အိမ္တစ္လုံးပိုင္ဆိုင္ႏိုင္ရန္ ျဖစ္ေၾကာင္းဗြီဒီယိုမွာ မွ်ေဝခဲ့ၿပီး တစ္ခ်ိန္တည္းမွာဘဲ Vilmaဟာ အဆိုပါအိမ္ကို Romanaတို႔စုံတြဲေနာင္တစ္ခ်ိန္မွာ ငွါးရမ္းမယ္လို႔လဲထင္ေနခဲ့ပါတယ္။သူတို႔ဟာ ဧည့္ခန္း၊မီးဖိုေခ်ာင္ႏွင့္ေရခ်ိဳးခန္းမ်ားရွိေနရာတစ္ခုစီကိုဝင္ၾကည့္ကာ ေလွာင္ေျပာင္ေျပာဆိုေနခဲ့ၾကၿပီး ဒုတိယထပ္ရွိအခန္းမ်ားကိုလည္းဝင္စစ္ေဆးခဲ့ၾကပါတယ္။သူတို႔အဓိကျဖစ္တဲ့အိပ္ခန္းကိုေရာက္ေတာ့ Vilma ဟာသူမျမင္ေတြ႕ခဲ့ရတာကို လုံးဝထိတ္လန႔္သြားခဲ့ရပါတယ္။Vilma ဟာနံရံေပၚရွိ ‘ဟုတ္ကဲ့၊ ဒါကမင္းအတြက္ပါ’ဆိုတဲ့ စာသားကိုျမင္ေတာ့ မ်က္ရည္ေတြဝဲကာ”Why me”ဟုေမးခဲ့ပါတယ္။
မၾကာခင္မွာပဲ သူတို႔အားလုံးဟာ မ်က္ရည္ေတြက်လာၿပီး Vilma ကသူတို႔ကိုနက္နက္ရႈိင္းရႈိင္းေက်းဇူးတင္ေၾကာင္းဆိုခဲ့ပါတယ္။Romanaႏွင့္Ahmee တို႔ကလည္း အခက္အခဲမ်ားၾကားမွ Vilma အား လစာမေပးႏိုင္တဲ့ႏွစ္ေတြရွိခဲ့ေပမဲ့ သူတို႔နား မခြါဘဲအတူရွိေနေပးခဲ့တဲ့အတြက္ေက်းဇူးတင္ေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုကာ Vilmaအား အိမ္သူအိမ္သားတစ္ေယာက္အလား ေပ်ာ္႐ႊင္စြာအိမ္ကိုလႊဲေျပာင္းေပးခဲ့ၿပီး မိသားစုဝင္တစ္ေယာက္အျဖစ္ သေဘာထားေစခဲ့ၾကပါတယ္။Vilmaဟာ မေျပာင္းလဲတဲ့သူမရဲ႕ေစတနာေမတၱာေတြေၾကာင့္ သူမနဲ႔ထိုက္တန္တဲ့ဆုေတာင္းကိုျပန္လည္ရရွိခဲ့ရပါတယ္။
Jasmine (Mckzone Daily)