တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ Wang Tianfang အမည္႐ွိတဲ့အမ်ိဳးသားဟာ 1987 ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး အသက္ 30 ေက်ာ္အရြယ္႐ွိေနၿပီဆိုေပမဲ့လည္း ႐ွားပါးေရာဂါေဝဒနာခံစားေနရလို႔ အသက္ 2 ႏွစ္အရြယ္ကတည္းကစၿပီး ႀကီးထြားမႈႏႈန္းရပ္တန္႔သြားခဲ့သူပါ ။
2 ႏွစ္အရြယ္မွစၿပီး ႀကီးထြားမႈႏႈန္းရပ္တန္႔သြားခဲ့တဲ့အျပင္ ၊ စကားလည္း မေျပာဆိုႏိုင္ကာ အဆိုပါအခ်ိန္ကတည္းက ဥာဏ္ရည္တိုးတက္မႈလည္း ရပ္တန္႔သြားခဲ့သူပါ ။ Wang ဟာ မိခင္ျဖစ္သူရဲ႕ အနီးကပ္ျပဳစုေစာင့္ေ႐ွာက္မႈနဲ႔ အတူ ေနထိုင္ေနရၿပီး ၊ မိခင္ျဖစ္သူရဲ႕ ေနာက္ဆံုးစိတ္ဆႏၵကေတာ့ သားျဖစ္သူ ‘ အေမ ‘ လို႔ ေခၚတဲ့ စကားသံကို ၾကားလိုေၾကာင္း သိ႐ွိရပါတယ္ ။
Wang ရဲ႕ မိခင္ဟာ လက္ဖက္စိုက္ပ်ိဳးတဲ့အလုပ္မ်ိဳးလုပ္ကိုင္ၿပီး ၊ အခ်ိန္ပိုအလုပ္အေနနဲ႔ သန္႔႐ွင္းေရးဝန္ထမ္းအျဖစ္လုပ္ကိုင္လ်က္႐ွိပါတယ္ ။ Wang ရဲ႕အျဖစ္ကိုၾကည့္ၿပီး နီးစပ္ရာလူအမ်ားက Wang ကို လက္ေလ်ွာ့ၿပီး စြန္႔လႊတ္လိုက္ဖို႔ အၾကံေပးၾကေပမဲ့လည္း မိခင္ျဖစ္သူနဲ႔မိသားစုဝင္ေတြကေတာ့ Wang ကို ဆက္လက္ျပဳစုေစာင့္ေ႐ွာက္ဖို႔ အျမဲ႐ွိေနၾကသူပါ ။
မိခင္ျဖစ္သူကေတာ့ Wang ကို ယခုအခ်ိန္ထိ အဝတ္အစားလဲေပးၿပီး ေရခ်ိဳးေပးေနရဆဲျဖစ္ကာ ၊ အခ်ိန္မွန္အစားအစာကိုလည္း ကေလးငယ္တစ္ေယာက္လို ေကြၽးေမြးေနရဆဲျဖစ္ပါတယ္ ။
Wang ဟာ ေဆာင္ရာသီေရာက္လ်ွင္ ယခုခ်ိန္ထိ ကေလးငယ္တစ္ေယာက္ အသားကြဲအက္ၿပီး ၊ အသားပက္ေလ့႐ွိပါတယ္ ။ ဘာလို႔ Wang က ႀကီးထြားမႈႏႈန္းရပ္တန္႔သြားလဲဆိုတာကို ယခုအခ်ိန္ထိ အေျဖ႐ွာမေတြ႔ေသးေၾကာင္းလည္း သိ႐ွိရပါတယ္ ။
Jasmine (Mckzone Daily)
Source : expressdigest
Unicode
တရုတ်နိုင်ငံမှာနေထိုင်တဲ့ Wang Tianfang အမည်ရှိတဲ့အမျိုးသားဟာ 1987 ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် 30 ကျော်အရွယ်ရှိနေပြီဆိုပေမဲ့လည်း ရှားပါးရောဂါဝေဒနာခံစားနေရလို့ အသက် 2 နှစ်အရွယ်ကတည်းကစပြီး ကြီးထွားမှုနှုန်းရပ်တန့်သွားခဲ့သူပါ ။ 2 နှစ်အရွယ်မှစပြီး ကြီးထွားမှုနှုန်းရပ်တန့်သွားခဲ့တဲ့အပြင် ၊ စကားလည်း မပြောဆိုနိုင်ကာ အဆိုပါအချိန်ကတည်းက ဉာဏ်ရည်တိုးတက်မှုလည်း ရပ်တန့်သွားခဲ့သူပါ ။ Wang ဟာ မိခင်ဖြစ်သူရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ အတူ နေထိုင်နေရပြီး ၊ မိခင်ဖြစ်သူရဲ့ နောက်ဆုံးစိတ်ဆန္ဒကတော့ သားဖြစ်သူ ‘ အမေ ‘ လို့ ခေါ်တဲ့ စကားသံကို ကြားလိုကြောင်း သိရှိရပါတယ် ။
Wang ရဲ့ မိခင်ဟာ လက်ဖက်စိုက်ပျိုးတဲ့အလုပ်မျိုးလုပ်ကိုင်ပြီး ၊ အချိန်ပိုအလုပ်အနေနဲ့ သန့်ရှင်းရေးဝန်ထမ်းအဖြစ်လုပ်ကိုင်လျက်ရှိပါတယ် ။ Wang ရဲ့အဖြစ်ကိုကြည့်ပြီး နီးစပ်ရာလူအများက Wang ကို လက်လျှော့ပြီး စွန့်လွှတ်လိုက်ဖို့ အကြံပေးကြပေမဲ့လည်း မိခင်ဖြစ်သူနဲ့မိသားစုဝင်တွေကတော့ Wang ကို ဆက်လက်ပြုစုစောင့်ရှောက်ဖို့ အမြဲရှိနေကြသူပါ ။
မိခင်ဖြစ်သူကတော့ Wang ကို ယခုအချိန်ထိ အဝတ်အစားလဲပေးပြီး ရေချိုးပေးနေရဆဲဖြစ်ကာ ၊ အချိန်မှန်အစားအစာကိုလည်း ကလေးငယ်တစ်ယောက်လို ကျွေးမွေးနေရဆဲဖြစ်ပါတယ် ။ Wang ဟာ ဆောင်ရာသီရောက်လျှင် ယခုချိန်ထိ ကလေးငယ်တစ်ယောက် အသားကွဲအက်ပြီး ၊ အသားပက်လေ့ရှိပါတယ် ။ ဘာလို့ Wang က ကြီးထွားမှုနှုန်းရပ်တန့်သွားလဲဆိုတာကို ယခုအချိန်ထိ အဖြေရှာမတွေ့သေးကြောင်းလည်း သိရှိရပါတယ် ။
Jasmine (Mckzone Daily)