ရှမ်းပြည်နယ် ဖာလမ်ရွာမှာ မိုးသည်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၆၀) ပျက်စီးဆုံးရှုံး
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဖာလမ်ကျေးရွာအုပ်စု ဖာလမ်ရွာမှာ ပြီးခဲ့တဲ့ မေလ ၅ ရက်က မိုးသည်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ( ၄၂၃ ) ဦး နေထိုင်တဲ့ အိမ်ခြေ ( ၆၀) ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ(TNP) ဥက္ကဌ မိုင်းနုမ်ဟန်က “ရပ်ရွာလူကြီးတွေက ကျွန်တော့်ဆီကိုလာပြောတာ မကြာသေးဘူး။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေရော ပျက်စီးကုန်ပြီ” လို့ ပြောပါတယ်။
ဆုံးရှုံးမှု တန်ဖိုးကတော့ ကျပ်သိန်း ( ၅၀၀ ) ကျော် (၅၅,၇၆၈,၀၀၀ ကျပ်) ရှိတယ်လို့ သိရပါတယ်။
နေအိမ် ပျက်စီးဆုံးရှုံးသွားသူတွေဟာ ပြန်လည်ပြုပြင်ဖို့အတွက် အကူအညီလိုအပ်နေကြပါတယ်။
#ဓာတ်ပုံ- Local
Credit #ရွှေဖီမြေ