News

“လေဆိပ်က လဝက ဝန်ထမ်းတချို့ ယုတ်မာမှုကို ရပ်တန်းက ရပ်ပါ”

လေဆိပ်က လဝက ဝန်ထမ်းတချို့ ယုတ်မာမှုကို ရပ်တန်းက ရပ်ပါ

သတင်းတစ်ခု ကြားနေရတယ်။

အခု စင်္ကာပူကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာပြည် ပြန်သူတွေကို လေဆိပ်မှာ လဝက ဝန်ထမ်းတစ်ချို့က…

၁။ ဖုန်းတွေစစ်တယ်။

(( ဘာအကြောင်းနဲ့မှ စစ်ပိုင်ခွင့် မရှိပါ။))

၂။ ပိုက်ဆံဘယ်လောက်ပါသလဲ? မေးပြီး ပိုက်ဆံတွေ ယူတယ်။ တစ်ယောက်ဆို SGD2000 ကျော် ပါတာကို SGD500 တောင်းတယ်။ ((ကိုယ့်နိုင်ငံပြန်တာ တရားဝင်ဒေါ်လာ ၂-သောင်းထိ ယူသွားခွင့် ရှိပါတယ်။))

၃။ ရွှေတွေ ဝတ်သွားရင်လည်း ဘောက်ချာ ပါလား? ဘာညာနဲ့ ပိုက်ဆံလိုချင်လို့ ဟိုရစ် ဒီရစ် ခြိမ်းခြောက်တာမျိုး ရှိတယ် ကြားရတယ်။

((လက်ဝတ်ရတနာ တစ်ဆင်စာ ဘယ်သူမဆို ဝတ်ခွင့်ရှိပါတယ်။ ရွှေအတုံးတွေ သယ်သွားတာ မဟုတ်လို့ မေးပိုင်ခွင့် မရှိပါ။))

အထူးသဖြင့် နားမလည်တဲ့ အိမ်အကူလေးတွေနဲ့ ကြောက်တတ်သူတွေကို အဓိက ပစ်မှတ်ထားတယ်လို့ ကြားနေရတယ်။ သဘောကောင်းတဲ့ ရဲမေတွေကတော့ ခရီးသည်တွေကို အတတ်နိုင်ဆုံး သတိပေးပြီး ပါလာရင် ဖွက်ဖို့၊ မပေးဖို့ ပြောပေးပါတယ်။

ဘယ်သူမဆို လေဆိပ်မှာ အဲ့လို လူမဆန်တဲ့ အနိုင်ကျင့်မှုကြုံရင် …

၁။ အဲ့ဒီ၀◌န်ထမ်း အမည်ကို သေချာမှတ်ပါ။

၂။ နေ့ရက်နဲ့တကွ ဖြစ်ပျက်သမျှကို သေချာရေးပြီး ဖေ့စ်ဘွတ်ခ်မှာ တင်ပါ။ ပေ့ခ်ျတွေမှာ တင်ပါ။

၃။ မိမိဒေသက အဖွဲ့အစည်းတွေကို တိုင်ကြားပါ။

လတ်တလော အဲ့လို ခံခဲ့ရသူတွေ လေဆိပ် လဝက ၀◌န်ထမ်းရဲ့ အမည်ကို မသိရင်တောင် … သူ့ရဲ့ အကြမ်းဖျဉ်း ပုံပန်းသဏ္ဍန်နဲ့ ဘယ်နေ့က ပြန်လာတာမှာ ဘယ်လို ခြိမ်းခြောက် အနိုင်ကျင့်ကြောင်း၊ ပိုက်ဆံ ဘယ်လောက် ပေးခဲ့ရကြောင်း ဖေ့စ်ဘွတ်ခ်မှာ ရေးတင်ပါ။ ပေ့ခ်ျတွေမှာ တင်ပါ။

ဒီလို ယုတ်မာမှုကို သဘောမတူနဲ့ လေဆိပ် လဝက ဝန်ထမ်းများ အနေနဲ့ ယခုလို လုပ်ဆောင်သူရဲ့ အမည်နဲ့ ရာထူးကို သတင်းပေးပို့ တိုင်ကြားပေးစေချင်ပါတယ်။

အကြမ်းဖက် စစ်အာဏာရူးအုပ်စုတောင် မကြီးစိုးသေးဘူး … ဟိုးယခင်က ဂုတ်သွေးစုပ်တဲ့ လူမဆန်တဲ့ ယုတ်မာမှုကို ပြန်အသက်သွင်းနေတာ လုံးဝ လက်ခံနိုင်စရာ မရှိပါ။

ပြည်သူ့လစာ ယူပြီး ပြည်သူကို အနိုင်ကျင့် ခြိမ်းခြောက် ဓါးပြတိုက်တဲ့ လေဆိပ်က လဝက ဝန်ထမ်းအနေနဲ့ ဒီလို ယုတ်မာတဲ့ လုပ်ရပ်ကို ချက်ချင်းရပ်ပါ။ မဟုတ်ရင် ပြည်သူက ပေးတဲ့ လူမှုရေး ဒဏ်ခတ်မှုရော၊ အမည်နဲ့ရာထူးမှတ်ပြီး ဥပဒေအရ အရေးယူခြင်း ခံရမယ်ဆိုတာ မမေ့ပါနဲ့။

ဒီကိစ္စကို တတ်နိုင်သမျှ လူသိအောင် ကူး ရှယ်ကြပါ။

#CDM

#PeacefulDemondstration

#StateRebelDictatorMustFall

Soe Tun

#ST08MAR2021