Local News

“ကျောင်းတော်ကြီးလည်း ငိုနေပြီ😰😰😰”

ငါ့အရိပ်မှာ နားခို ငါ့အရိပ်မှာ စာဆို ငါ့အရိပ်မှာ ပညာရည်သောက်စို့ ခဲ့ကြတယ်

ငါ့အရိပ်မှာ နားခိုးရင်း အထက်တန်းတွေမှာ အဆင့်မြင့်မြင့် နေနိုင်သွားကြရတယ်

ငါ့အရိပ်မှာစာဆိုရင်း စာတွေတတ်သွားကြရတယ်

ငါ့အရိပ်မှာပညာရည်သောက်စို့ရင်း ပညာတတ်ကြီးတွေဖြစ်သွားကြရတယ်

ငါ့အရိပ်မှာနားခိုးရင်း ဆရာကြီးတွေ ဖြစ်သွားကြရတယ်

(ဖမ်းဆီးခံလိုက်ရတဲ့ CDM ဆရာမ တစ်ဦး)

ငါ့အရိပ်မှာနားခိုးရင်း ဆရာဝန်ကြီးတွေ ဖြစ်သွားကြရတယ်

ငါ့အရိပ်မှာ နားခိုးရင်း စစ်ဗိုလ်ကြီးတွေဖြစ်သွားကြရတယ်

ငါ့အရိပ်မှာ နားခိုးရင်း

ဘဝကို အဆင်ပြေပြေလျှောက်လှမ်းကြရတယ်

ငါ့အရိပ်မှာနားခိုးရင်း ဘဝမှာ

အထက်တန်းကျကျ မျက်နှာပန်းလှလှ နေသွားကြရတယ်

ငါ့အရိပ်မှာ နားခိုးရင်း ကကြီး ခကွေး တစ် နှစ်သုံးလေးကစလို့ လောကဓာတ်ပညာရပ်ကြီးတွေထိ သိရှိသွားကြရတယ်

ဒါပေမယ့်လည်း

ငါ့အရိပ်မှာလည်း နားခို

ငါ့အခက်ကိုလည်းချိုးဆိုသလို

ဖျက်ဆီးခံရလို့ ကျောင်းတော်ကြီးလည်း ငိုနေရပြီပေါ့

(နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ဆရာမကြီး)

ခုတော့ ငါ့အရိပ်ကို နားခိုပြီး ငါ့ကျေးဇူးတရားတွေကို အသိအမှတ်မပြုတဲ့အပြင် ငါ့ကိုပါဖျက်ဆီးလိုက်တဲ့ သင်တို့ရဲ့ ကျေးဇူး ဆပ်ပုံတွေက အံ့အားသင့်သွားလေပြီ……ငါ့အရိပ်ဟာ သင်တို့တင်မကပါဘူး သင်တို့ရဲ့ သားတွေသမီးတွေ ညီကိုမောင်နှမတွေပါ နားခိုခွင့်ပေးထားဖို့အသင့်ပါ

ဒါပေမယ့်လည်း

သင်တို့အနာဂတ်နဲ့ သင်တို့ သားသမီးတွေရဲ့အနာဂတ်ကို သင်တို့ ကိုယ်တိုက် ရိုက်ချိုးဖြစ်စီးလိုက်တာဟာ သင့်တို့ကံကြမာသင်တို့ ဖန်တီးလိုက်တာပါပဲ

မတတ်နိုင်ပါဘူးလေ

(နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ဟောပြောနေတဲ့ ဆရာမလေး)

ငါကတော့ သင်တို့ကို နားခိုခွင့်ပေးခဲ့ပေမယ် သင်တို့က ငါ့အရိပ်မှာ မနေချင်ဘူး ဆိုတော့လည်း သင်တို့သဘောပါ

သင်တို့ကိုတစ်ခုတော့ မှာလိုက်ပါမယ်

ငါ့အရိပ်ကို မနားခိုပဲ ဖျက်စီးခဲ့ကြတဲ့ သင်တို့ဘဝဟာ ဘယ်တော့မှ လူမွေးလူတောင် ပြောင်မှာ မဟုတ်ဘူး ဆိုတာ မြဲမြဲ မှတ်ထားစေချင်ပါတယ်

ငါ့ကိုဖျက်စီးလို့ ငါကျလာတဲ့ မျက်ရည်စက်တွေဟာနောင်တစ်ချိန်မှာ သင့်တို့ရဲ့ မျက်ရည်စက်တွေဖြစ်လာလိမ့်မယ်

ငါ့ကိုဖျက်စီးလို့ကျလာတဲ့ ငါ့မျက်ရည်တွေဟာ နောင်တစ်ချိန်မှာသင့်တို့ရဲ့ နောင်တတွေ ဖြစ်လာလိမ့်မယ်

ငါ့ကိုဖျက်စီးလို့ကျလာတဲ့ငါ့မျက်ရည်တွေဟာ နောင်တစ်ချိန်မှာသင့်တို့ရဲ့ဆင်းရဲခြင်းတွေ ဖြစ်လာလိမ့်မယ်

(ကျောင်းမီးရှို့တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတဲ့ ဆရာမလေး)

ငါ့ကိုဖျက်စီးလို့ကျလာတဲ့ငါ့မျက်ရည်တွေဟာ နောင်တစ်ချိန်မှာသင့်တို့ရဲ့ ဘဝအောက်တန်းကျမှုတွေ ဖြစ်လာလိမ့်မယ်

ငါ့ကိုဖျက်စီးလို့ကျလာတဲ့ငါ့မျက်ရည်တွေဟာနောင်တစ်ချိန်မှာ သင်တို့ရဲ့ မသိမိုက်မဲမှုတွေ ဖြစ်လာလိမ့်မယ်

ငါ့ကိုဖျက်စီးလို့ကျလာတဲ့ငါ့မျက်ရည်တွေဟာနောင်တစ်ချိန်မှာသင့်တို့ရဲ့ ဆင်းရဲတဲ့ နိုင်ငံကြီးအဖြစ် ရောက်သွားလိမ့်မယ်

ငါကတော့ သင်တို့ဘဝကိုတိုးတက်အောင် သင်တို့အနာဂတ်တွေ သင်တို့သားသမီးတွေ အတွက် နားခိုခွင့်ပေးခဲ့ပေမယ့် သင်တို့ကတော့ ငါ့ဆိုတဲ့ကျောင်းတော်ကြီးကို ဖျက်စီးခြင်းနဲ့ပဲ ကျေးဇူးတွေ ဆပ်လိုက်ကြတယ်

(CDM လုပ်တဲ့ အစ်ကိုဖြစ်သူကို ကူညီတယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ ဆရာမလေး)

ငါ့အရိပ်မှာ နားခို ငါ့အရိပ်ကို ဖျက်ဆီတဲ့ သင်တို့ကို ငါကခွင့်လွှတ်ပေမယ့်

သင့်တို့ကံကြမာကတော့ သင်တို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး

သင်တို့ကို ဆင်းရဲခြင်းသို့သာ ရောက်စေလိမ့်မယ်

နောက်ဆုံးတော့ သင့်တို့ဖျက်စီလိုက်တာဟာ ငါမဟုတ်ပဲ သင်တို့ကံကြမာကို သင်တို့ ဖျက်စီးလိုက်တာပါပဲ

နောင်တစ်ချိန် သင်တို့ဆင်းရဲတဲ့အခါ ဒုက္ခတွေအကြီးကျယ်ရောက်တဲ့အခါ သင်တို့ဖျက်စီးခဲ့တဲ့ ငါတို့ကျောင်းတော်ကြီးကို သတိရလွမ်းဆွတ်နေစေလိမ့်မယ်

ငါဖျက်စီးခံရသလို သင်တို့ဘဝ သင်တို့ အနာဂတ်တွေ အဖျက်စီးမခံရပါစေနဲ့

ငါအဖျက်စီခံရသလို သင့်တို့ သားသမီးတွေ သင်တို့ဘဝတွေ မပျက်စီးပါစေနဲ့လို့ ငါဆုတောင်းပေးလိုက်ပါတယ်

ငါဆိုတာ တခြားမဟုတ်ပါဘူး

သင့်တို့နားခိုရင်း သင်တို့ဘဝတွေတိုးတက်ဖို့အတွက် ပညာရည်တွေ သောက်စို့ခဲ့တဲ့ ကျောင်းတော်ကြီးပါပဲ😰😰😰😰😰

###သျှင်ဘုန်းနွယ်