ဗဟုသုတ

“မျက်ခုံးမွှေး ထူထူလှလှလေး ဖြစ်ဖို့ (၁၀) ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်း”

ခပ်ထူထူလေးရှိတဲ့ မျက်ခုံးမွှေးမျိုးကို လူတိုင်း လိုချင်ကြတယ်မဟုတ်လား…၊

မျက်ခုံးမွှေး ထူ ထူလှလှလေးဖြစ်ဖို့ (၁၀)ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ် …။

အခုခေတ်ဆိုရင် မျက်ခုံးမွှေးကို Tattoo ထိုးတာတွေတောင် လုပ်လာကြတာကိုတွေ့ရပါတယ်။

ဒါပေမယ့် သဘာဝမျက်ခုံးမွှေးအလှနဲ့ မယှဉ်နိုင်တာကိုတော့ ငြင်းပယ်လို့ မရပါဘူးနော် …။

အရည်အသွေးညံ့တဲ့ မိတ်ကပ်တွေ လိမ်းတာကြောင့်လည်း မျက်ခုံးမွှေးတွေ ပါးလာစေပါတယ်။

မျက် ခုံးမွှေးထူထူလေးရဖို့ သဘာဝအ တိုင်း မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ် …။

ပါဝင်ပစ္စည်း – ၁။သံလွင်ဆီ ၂။သံပုရာသီးတစ်စိပ်

ပြုလုပ်နည်း

၁။ သံပုရာသီးတစ်စိပ်ကို ခွက်တစ်လုံးထဲထည့်ပြီး သံလွှင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းအထိ ထည့်ပါ …။

၂။ အဲဒီနောက်ပန်းကန်ပြားတစ်ချပ်နဲ့ အုပ်ပေးထားပြီး ၅ရက်လောက် ထားထားပါ …။

၃။ အဲဒီအရည်ကို မျက်ခုံးမွှေးပေါ် ညတိုင်းလိမ်းပေးပါ …။

၄။ တစ်ညလုံးထားရင် ပိုကောင်းပါတယ်။

အဲဒီလိုမျိုး ၃ပတ် ၊ ၄ ပတ် လောက် ပြုလုပ်ပေးပါ။

ပထမ ၁ဝ ရက်အတွင်း သိသာတဲ့ ရလဒ်ကောင်းကို ရရှိလာစေမှာပဲ ဖြစ်ပါတယ်နော် …။ ။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။