လမ်းပေါ်မှာဖုန်းစစ်ရင် ဘယ်လိုလုပ်ရမလဲ…? ( လမ်းပေါ်မှာဖုန်းစစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ရှေ့နေသူငယ်ချင်းရဲ့ အကြံပေးချက်ပါ။ သေချာဖတ်ထားကြပါ။ )
လမ်းမှာ တွေ့တဲ့သူ ရပ်ခိုင်းပြီးဖုန်းတွေ စစ်တယ်လို့သတင်းတွေကြားတယ်ဗျ၊
အဲ့ဒါ စောက်ပြသနာအကြီးကြီးရှိတယ်၊ (ဖုန်းထဲက အချက်အလက်ပေါ်မူတည်ပြီး တပ်ချင်တဲ့ ပုဒ်မတပ်လို့ရသွားပြီ)
ဥပဒေနှင့်အညီတွေဘာတွေ အယုံအကြည်မရှိတော့ပေမယ့်
လိုအပ်လို လိုအပ်ငြား လုပ်ထုံးလုပ်နည်းအတိုင်း အကြံပေးပါ့မယ်
လုပ်ရမှာကတော့
၁။ ဖုန်းကို pattern lock ချထားပါ , face id တွေ လက်ဗွေတွေ မလုပ်ထားပါနဲ့ ၊
၂။ ဖြစ်နိုင်ရင် data တွေကို cloud မှာပဲ ထားပါ ၊ (လိုအပ်ရင် အမြန်ဖျက်နိုင်အောင်လို့)
၃၊ facebook account ကို app ဖျက်ပြီး browser နဲ့ သုံးပါ၊
၄၊ ဖုန်းလာသိမ်းရင် လုံးဝမပေးပါနဲ့၊
(လုံခြုံရေးအရ စစ်ဆေးတာဘာညာဆိုလည်း ကိုယ့်privacyအရ ဖွင့်မပေးနိုင်ကြောင်းရယ်၊
သိမ်းချင်ရင် ဥပဒေနဲ့အညီ ရှာဖွေပုံစံနဲ့ သိမ်းရင် ဖုန်းအပ်ပေးမယ်လို့သာ ပြောလိုက်ပါ)
အဲ့လိုအချိန်မှာ ဖုန်းထဲက အချက်အလက်တွေ ရအောင်ဖျက်ပါ။
Pattern လည်း လုံးဝဖွင့်မပေးပါနဲ့၊ တကယ်လို့ ဖွင့်ခိုင်းမယ်ဆို ဘာကြောင့်ဖွင့်ခိုင်းတာလဲမေးပါ၊ ဥပဒေအရ ငြင်းပိုင်ခွင့်ရှိတယ်၊ လုံးဝဖွင့်မပေးပါနဲ့၊
၅၊ ဖုန်းဖွင့်ပေးလိုက်လို့ facebook account စစ်ရင် ခင်ဗျားနဲ့ ပတ်သက်ဆက်စပ်သမျှသူတွေလည်း မီးခိုးကြွက်လျှောက် ပြသနာရှိနိုင်သလို၊ လိုက်ရလည်း လွယ်သွားနိုင်ပါတယ်၊
၆၊ ဖုန်းကို factory reset အလွယ်ဆုံး အမြန်ဆုံး ရိုက်နည်းကို နီးစပ်ရာ နားလည်တဲ့သူတွေဆီမေးထားပါ၊
၇၊ factory resetရိုက်ထားလည်း ဖုန်းကို စစ်လို့ရပါတယ်၊ ဒါပေမယ့် ကိုယ့်တယောက်အတွက်ပဲ ပြသနာရှိတော့မှာပါ၊(အခြေအနေပေါ်ကြည့်ပြီး လုပ်ပါ)
၈၊ အဓိကက facebook accountကို လုံးဝ အစစ်မခံပါနဲ့ ၊
ကိုယ်ဘယ်လောက်လက်လွန်ထားလည်း ကိုယ့်ဖာသာကို သိပါတယ်နော်။
သိပ်လက်လွန်ထားတဲ့သူဆိုရင်တော့ စိတ်ဆိုးဒေါသထွက်တဲ့ပုံစံနဲ့ အဲ့နားတင် လမ်းပေါ်ရိုက်ခွဲပစ်လိုက်ပါ၊
ရေနဲ့နီးရင် ရေထဲသာလွှင့်ပစ်လိုက်ပါ၊ (အဲ့လောက်လုပ်ရုံနဲ့ သူတို့ အရေးယူလို့မရပါဘူး၊ ယူဦးတော့ ဖုန်းဖွင့်ပေးလိုက်တာထက် အများကြီးသက်သာပါတယ် )
၉၊ facebook account password ကို strong ဖြစ်အောင်ပြောင်းပါ ၊
two factor authentication လုပ်ထားရင် ဖုန်းနံပတ်နဲ့ မလုပ်ပါနဲ့ ၊
၁၀၊ တကယ်တော့ ဖုန်းတွေကို သိမ်းပြီးရင် သူတို့က တန်းမစစ်ပါဘူး၊ သက်ဆိုင်ရာဌာနကို ပို့စစ်တာပါ၊ အဲ့မှာက ဒီစစ်တဲ့အချက်အလက်ပေါ်မူတည်ပြီးမှ အမှုတည်ဆောက်ရတာပါ၊
အဲ့တော့ လွယ်လွယ်လေး ဖုန်းကိုဖွင့်မပြလိုက်ပါနဲ့၊ (ဒါက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာပါ) အရေးပေါ်ရေးလိုက်တာမို့ ကျန်တာစဉ်းစားပြီး ထပ်ဖြည့်ပေးပါ့မယ်၊
Crd – Kyaw Kyaw Sai