ကျန်းမာရေး

“လောဘသားတွေရဲ့ ဆေးဘဲဥ အမြန်လုပ်နည်းကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ် အန္တရာယ်”

အိမ်တွေမှာ ၊ ဆိုင်တွေ ၊ အရက် ဘီယာဆိုင်တွေမှာ နာမည်ကြီးတဲ့ ဟင်းပွဲ အမြည်းပွဲ အဖြစ် စားသုံးကြပါတယ်။

မြန်မာနိုင်ငံရဲ့ ရိုးရာဟင်းအမယ်မဟုတ်ပေမယ့် ဆိုင်တွေမှာဟင်း အမယ် တစ်ခုအဖြစ် ပါဝင်နေတဲ့ ဖီတန်သုပ် ( ခေါ်) ဆေးဘဲဥသုပ်ကို လူတိုင်းစားဖူးကြမှာပါ။

အထူးသဖြင့် ဘီယာသောက်တတ်တဲ့ လူငယ်တွေအကြားမှာ ဖီတန်ဟာ အမြည်းတစ်ခုအဖြစ် အမြဲဖြည့်ဆည်းပေးခဲ့တဲ့ ဟင်းအမယ်လည်း ဖြစ်ပါတယ်။

ဖီတန်လို့ခေါ်တဲ့ ဆေးဘဲဥ ရဲ့ အစက တရုတ်နိုင်ငံက ဖြစ်ပြီးတော့ သူတို့ဟာ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကိုလိုအပ်သလိုထည့်ပြီး ဆေးဘဲဥ ရဖို့အတွက် လပေါင်းများစွာ ကြာအောင် လုပ်ကြရပါတယ်။

အဲ့ဒီနောက်မှာ တော့ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင် ၊မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ပြောင်းလဲသွားပြီး ပြစ်ခဲမှု မှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ပြောင်းလဲသွားပါတယ်။

အနံ့ မှာလည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင် ငယ်ရေနံ့ ) ဘက်သို့ ပြောင်းလဲသွားပါတယ်။

PH level သည်လည်း ၉ -၁၀ ကြားပြောင်းလဲပြီး ပြင်းအားများသော အယ်လ်ကာလိုင်း ဖြစ်သွားပါတယ်။ ဒါက ရိုးရာနည်းပါ။

ဒါပေမယ့် ဈေးကွက်မှာ ဝယ်လိုအား များလာတဲ့အခါ စီးပွားရေး သမားတွေဟာ ရိုးရာနည်းအတိုင်း လုပ်ဖို့ အလျင်မမီတာကြောင့် ပိုမိုမြန်မြန်ဆန်ဆန်နဲ့ဆေးဘဲဥဖြစ်တဲ့နည်းကို ဓာတုဗေ ဆေးတွ သုံးပြီး လုပ်လာကြပါတယ်။

အဲ့တာကတော့ alcium hydroxide နှင့် sodium carbonate ပျော်ရည်တွင် ဘဲဥကိုစိမ်ခြင်းက ဆယ် ရက်အတွင်:ပုံမှန်ရိုးရာနည်း ဖြင့်ပြုလုပ်သော လအနည်းငယ်ကြာ ဆေးဘဲဥကို ပုံမှန်အရသာမပျက် ရရှိစေ တာမို့အချိန်ကုန်ခံထုတ်လုပ် လာတာပါပဲ။

ဆိုးကျိုးအနေနဲ့တော့ ခဲဓာတ် များစွာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဒီလို ခဲဓာတ် များပြားတဲ့ အစားအစာကို စားမိရင် လူတွေဟာ ခဲဆိပ်သင့်မှုတွေဖြစ်ပြီး အသက်တိုပါတယ်။

ခဲဆိပ်သင့်ခြင်းရဲ့ ကြောက်စရာဆိုးကျိုးတွေကတော့ဦးနှောက်မြေး ရောင်ရမ်းခြင်း ၊ခန္တာကိုယ်က ကြွက်သားများနာကျင်ခြင်း ၊ မောပန်း နွမ်းနယ်ခြင်း ၊အော့အန်ခြင်း ၊ ဗိုက်နာ ဗိုက်အောင့်ခြင်း ၊ ဝမ်းချူပ် ဝမ်းလျောခြင်း ၊ သွားပိုးစားခြင်း ၊ သုတ်ကောင်များနည်းသွားခြင်း အာရုံစူးစိုက်မှုအား နည်းခြင်း အပြင်သွေးပေါင်တက်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ် လို့သိရပါတယ်။

ဒါကြောင့် ဆေးဘဲဥ ကြိုက်သူများ ၊ ဖီတန်သုပ်ကြိုက်သူများတို့ရေ.. ကျန်းမာရေးအသိ ကျန်းမာရေး သတိလေးနဲ့ စားသုံးနိုင်အောင် သတိပေးတင်ဆက်ပေးလိုက်ပါတယ်နော်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။