PDF လူငယ္တစ္ဦးရဲ႕ ရင္ဖြင့္သံ …
(ဇော်ဂျီဖောင့်ဖြင့်ဖတ်မရသူများ အောက်တွင် ယူနီကုဒ်ဖောင့်ဖြင့်ဖတ်ရန်)
က်ေနာ့္ကို သိတဲ့သူတခ်ိဳ႕က ေျပာတယ္ …Bro ကို အားက်တယ္ ေတာ္ေတာ္ သတၱိရွိတာဘဲတဲ့ … ။ေဘာ္ဒါတခ်ိဳ႕ကေျပာတယ္ …မင္း ေ သ မွာ မေၾကာက္ဖူးလား ငါ့ေကာင္ ? တဲ့ …. ။အပြင့္လင္းဆုံးေျပာျပပါရေစ …က်ေနာ့္ Type အရ ဘာကိုမွသိပ္မဖုံးကြယ္တတ္ဖူး..
က်ေနာ္ ငယ္ငယ္တုန္းကေပါ့ ဝ က္ သ က္ ေပါ က္ၿပီး အဖ်ား ႀကီး တယ္ အေၾကာ ေဆး ထို းရမယ္ဆိုေတာ့ ေဆးခန္းထဲ ပတ္ေျပးဖူးတယ္ အ ပ္ကိုေၾကာ က္လို႔ အခု အသက္ 27 ႏွစ္ေရာက္သည့္တိုင္ေအာင္ ဖ်ား ဖ်ား နာ နာ ေတာ္ယုံနဲ႕ ေဆးခန္းမသြားဘူး..
ေဆး ထို း မွာစိုးလို႔ ေဆးဘဲမရမကေသာက္တယ္ ေဆး ထို း အ ပ္နဲ႕ အသားကို ထို း မွာကို ေၾကာ က္လို႔ ရန္ဘာညာလဲျဖစ္ေလ့မရွိဘူး တတ္နိုင္သမွ်ေရွာင္တယ္ လုံးဝမလြဲမေရွာင္သာမွသာ ရ န္ျဖ စ္တယ္ ထို းၾက ႀကိ တ္ၾကတယ္ ဒါကလဲ ခုအ႐ြယ္ထိ..
မွတ္မွတ္ရရ သုံးခါဘဲ ရွိခဲ့ဖူးတယ္ ကိုယ္လဲအသားမနာျခင္သလို သူမ်ားတကာနာသြားရင္လဲ ျပန္ေတြးမိၿပီး စိတ္မေကာင္းဘူး ဒါဆို ဘာလို႔ ခုလိုေတြလုပ္ေနတာလဲ ?က်ေနာ့္ အေဖက ေျပာဖူးတယ္ မတရားတာကိုေတြ႕ရင္ ထိုင္ၾကည့္ေနတဲ့သူနဲ႕ ေရွာင္ထြက္သြားတဲ့သူမွာပါ..
အျပ စ္ရွိတယ္တဲ့ က်ေနာ့္ပင္ကိုယ္ဗီဇအရလဲ အနို င္က်င့္တာေတြ လ က္ ပါ ေျခ ပါေတြကို လုံးဝမႀကိဳက္ဘူး ကိုယ့္ေရွ႕မွာေတြ႕ေနရရင္လဲ ဝင္ၿပီးျဖန္ေျဖတတ္တယ္ အားနည္းတဲ့ဖက္| မွန္တယ္ထင္တဲ့ဖက္က ဝင္ၿပီးကူမိတာေတြလဲ ရွိတယ္ ..သိတဲ့သူေတြသိၾကမယ္..
က်ေနာ့္အလုပ္က စာေရးတာနဲ႕ Game ေဆာ့တာဘဲရွိတယ္ က်န္တာေတြ ဘဝမွာ တခါဆိုတခါမွမလုပ္ဖူးဘူး ဓာ း ေတာင္မွ ေျဖာင့္ေအာင္ မလွီ းတတ္ဘူး 5 တန္းႏွစ္ကတည္းကစၿပီး ေတာက္ေလွ်ာက္ကိုင္ရတာက Computer Desktops ေတြနဲ႕ Laptop ေတြခ်ည္း..
ဘာလို႔ဆို ပညာေရးက အဲ့လမ္းေၾကာင္း ျဖစ္ေနလို႔ရယ္ အလုပ္ကလဲ Digital Marketing မို႔ပါဘဲ ဒီလိုနဲ႕ Military Coup ျဖစ္လာေတာ့ စစျခင္း ဆႏၵျပၾကသည္ေပါ့ လွည္းတန္းသြားတယ္ ေျမနီကုန္းသြားတယ္ Versity က သပိတ္ေတြလဲလိုက္တယ္..
ေႂကြးေၾကာ္သံေတြ အသားကုန္ေအာ္တယ္ ဘာလို႔လဲဆိုေတာ့ မတရားလို႔ … ဘာပါတီဝင္မွလဲမဟုတ္သလို ဘာအသင္းမွလဲ မဝင္ထားဘူး တစ္ဦးထဲခံစားခ်က္အရေတာ့ အေမစုကို ေလးစားျမတ္နိုးတယ္ ဒီေလာက္ဘဲ အဲ့ကေန က်ေနာ္ အားမရေတာ့ဘူး …
သပိတ္မွာလိုက္ေအာ္ေနတာထက္ ဒီသပိတ္ကလူေတြကို ကာကြယ္ေပးတဲ့သူ ေရွ႕ဆုံးကအမာခံေနမယ့္သူ ျဖစ္ျခင္လာတယ္ ၿဖိဳ ခြ င္း မႈေတြကလဲစေနၿပီဆိုေတာ့ သ ပိတ္ထဲက သက္ႀကီးပိုင္း အန္တီႀကီး| ဦးေလးႀကီးေတြနဲ႕ အထူးသျဖင့္ မိန္းခေလးေတြ အားနည္းတဲ့သူေတြကို..
Defend လုပ္ေပးခ်င္လာတယ္ ဒီလိုနဲ႕ Defender တစ္ေယာက္ျဖစ္သြားတယ္ Youtube ကေန Defending Base ေတြၾကည့္တယ္ Tactics ေတြၾကည့္တယ္ ကြၽမ္းက်င္လာေတာ့ ကိုယ္ေတြအဖြဲ႕ေလး ရွိေနတဲ့ သပိတ္ေတြမွာ Defender Trainer ျပန္လုပ္တယ္..
လူငယ္ခ်င္း နည္းစနစ္ေလးေတြ ျပန္ Share တယ္ ကြန္ရက္ေလးေတြခ်ိတ္ဆက္ၿပီး ဖိတ္ေခၚတဲ့ ၿမိဳ႕နယ္သပိတ္ေတြမွာလိုက္သင္ေပးၾကတယ္ ၾကားထဲမွာလဲ အေျခအေနအရ Molotov သြား ပ စ္ တာေတြ ဖိခံရတဲ့သပိတ္ကို အာ႐ုံလႊဲေစဖို႔ ကိုယ္ရွိတဲ့သပိတ္ကေန..
ထႂကြတာေတြလုပ္ၾကတယ္ ဒီလိုနဲ႕ Defender ဆိုေတာ့လဲ သိတဲ့အတိုင္း အ သ က္ ေပ်ာ က္တာေတြရွိလာတယ္ ကိုယ့္လက္ေပၚမွာ လူႏွစ္ေယာက္ ေ သသြားတယ္ တစ္ေယာက္က ကိုယ့္ညီအရင္းရဲ႕ သူငယ္ခ်င္း ေနာက္တစ္ေယာက္က ဘုရားလမ္းသပိတ္က..
Defender တစ္ေယာက္ အဲ့ေန႕ေတြ က်ေနာ္ႀကဳံလာရတဲ့အခါ ညဖက္ေတြမွာျပန္ျမင္ေယာင္ေနတယ္ အိမ္မက္မက္တိုင္းလဲ ေျပးေနလႊားေနရၿပီး ဆႏၵျပတဲ့ ပုံရိပ္ေတြဘဲ ျပန္မက္တယ္ ေ သ ၾက ေ ၾက ၾကတယ္ ေအာ္ဟစ္ေနတဲ့အသံေတြခ်ည္းၾကားေနရတယ္ …
က်ေနာ္ ေတြးမိလာတယ္ …ငါတို႔ ဒီလိုဘဲ ဆႏၵေလးျပလိုက္ လာ ၿဖိဳ ခြ ဲ ရင္ ျပန္ေျပးလိုက္ က်န္ရစ္ခဲ့တဲ့သူက ေ သ လိုက္နဲ႕ ဆက္သြားလို႔ရပါအုံးမလားေပါ့ ဒီလိုနဲ႕ က်ေနာ္ ခုလိုအေျခအေနထိ ျဖစ္သြားခဲ့တယ္ မိသားစုနဲ႕ ခြ ဲ ရတယ္ ေဘာ္ဒါေတြနဲ႕ ခြ ဲ ရတယ္ …
က်ေနာ့္ အလုပ္ေတြ အကုန္ ရပ္ထားခဲ့လိုက္ရတယ္ က်ေနာ္ခ်စ္တဲ့သူေတြကို ဘယ္ေတာ့မွျပန္ေတြ႕ခြင့္မရေတာ့တာလဲျဖစ္သြားနိုင္တယ္ …ဒ ဏ္ရာေတြရတယ္ ထြက္ေနတဲ့ ေသြ း ေတြကိုသုတ္ၿပီး အ႐ြက္ေတြ အုံလိုက္တယ္ ….က်ေနာ္ ဆက္ေလွ်ာက္တယ္..
အားေတြတင္းထားတယ္ တခါတေလ တစ္ကိုယ္လုံး ကို င္ ရို က္ထားသလို နာ ေနတယ္ တခါတေလ က်ေနာ္ ေၾကာ က္စိ တ္ဝင္လာလို႔ ကိုယ့္ကိုကိုယ္ Pressure ျပန္ေပးရတယ္ ျဖစ္ခဲ့တာေတြကို ျပန္ျမင္ေယာင္ၿပီး Mood ျပန္သြင္းရတယ္ …မိုးလင္းလာရင္ စားဖို႔မရွိဘူး..
ထမင္း င တ္ တဲ့ေန႕ေတြလဲမေရမိေတာ့ဘူး ညဖက္ဘယ္မွာအိပ္ရမလဲ မသိဘူး စစ္ဆင္ေရးရွိတဲ့ရက္ေတြဆို မိုးေတြ႐ြာရင္ သိပ္ဒုကၡေရာက္တယ္ မိုး႐ြာထဲ ဒီတိုင္းဘဲက်ဳံ႕က်ဳံ႕ေလးထိုင္ေနရတယ္ မိုးတိတ္ရင္ စိုေနတဲ့အဝတ္ေတြက ကိုယ္ေပၚမွာဘဲ ျပန္ေျခာက္သြားတယ္..
ေရမရွိလို႔ ေတြ႕တဲ့ေရခပ္ေသာက္ရတယ္ အမႈန္ေတြလဲပါတယ္ အေကာင္ဘေလာင္ေတြလဲပါတယ္ မတတ္နိုင္ဖူးဘဲ ေရတအားဆာေနေတာ့ ရွိတဲ့ေရ ေသာက္ရမွာဘဲေလ က်ေနာ္လဲ လူဘဲ လူေတြထဲကမွ လူငယ္တစ္ေယာက္ က်ေနာ့္မွာ မျပည့္ေသးတဲ့ ဘဝအိမ္မက္ေတြ ရွိတယ္ …
က်ေနာ္ ျဖစ္ျခင္တာေလးေတြ ရွိေသးတယ္ ေ သ ရမွာလဲ သိပ္ေၾကာ က္တတ္တာေပါ့ဗ်ာ ဒါေပမယ့္လဲ မတ တ္နိုင္ဘူးဘဲ က်ေနာ့္ ဘဝေလး က်ေနာ္ျပန္ရဖို႔ က်ေနာ့္မိသားစု ေအးေအးခ်မ္းခ်မ္းေနရဖို႔ ေဘာ္ဒါေတြနဲ႕ လဘက္ရည္ဆိုင္ျပန္ထိုင္နိုင္ဖို႔..
က်ေနာ္ သိပ္ဝါသနာပါတဲ့ Game ေတြျပန္ေဆာ့ရဖို႔ က်ေနာ္တို႔ နိုင္ငံမွာ ခေလးရီသံေလးေတြ ျပန္ၾကားရဖို႔ …ဒီတို က္ပြဲကို အဆုံး သ တ္ ရမယ္ တို က္ ရ င္း ခို က္ရင္း က်ေနာ္ ေ သ ျခင္လဲ ေ သ သြားမယ္ ကံ ေကာင္းၿပီး ဒါႀကီးၿပီးသြားတဲ့အခ်ိန္ထိ..
မိေမြးတိုင္း ဖေမြးတိုင္း ရွိျခင္လဲရွိေနအုံးမယ္ ဘယ္လိုဘဲ ျဖစ္သြားပါေစ က်ေနာ့္ တစ္ကိုယ္စာသမိုင္း မရိုင္းေတာ့ဖူးက်ေနာ့္မိသားစုလဲ သူတို႔သားအတြက္ ဂုဏ္ယူေနမယ္ ထင္ပါရဲ႕ …. ။ ။..
24 May, 2021.MasK. (PDF)
ယူနီကုဒ်ဖြင့် ဖတ်ရန်
PDF လူငယ်တစ်ဦးရဲ့ ရင်ဖွင့်သံ …
ကျနော့်ကို သိတဲ့သူတချို့က ပြောတယ် …Bro ကို အားကျတယ် တော်တော် သတ္တိရှိတာဘဲတဲ့ … ။ဘော်ဒါတချို့ကပြောတယ် …မင်း ေ သ မှာ မကြောက်ဖူးလား ငါ့ကောင် ? တဲ့ …. ။အပွင့်လင်းဆုံးပြောပြပါရစေ …ကျနော့် Type အရ ဘာကိုမှသိပ်မဖုံးကွယ်တတ်ဖူး..
ကျနော် ငယ်ငယ်တုန်းကပေါ့ ဝ က် သ က် ပေါ က်ပြီး အဖျား ကြီး တယ် အကြော ဆေး ထို းရမယ်ဆိုတော့ ဆေးခန်းထဲ ပတ်ပြေးဖူးတယ် အ ပ်ကိုကြော က်လို့ အခု အသက် 27 နှစ်ရောက်သည့်တိုင်အောင် ဖျား ဖျား နာ နာ တော်ယုံနဲ့ ဆေးခန်းမသွားဘူး..
ဆေး ထို း မှာစိုးလို့ ဆေးဘဲမရမကသောက်တယ် ဆေး ထို း အ ပ်နဲ့ အသားကို ထို း မှာကို ကြော က်လို့ ရန်ဘာညာလဲဖြစ်လေ့မရှိဘူး တတ်နိုင်သမျှရှောင်တယ် လုံးဝမလွဲမရှောင်သာမှသာ ရ န်ဖြ စ်တယ် ထို းကြ ကြိ တ်ကြတယ် ဒါကလဲ ခုအရွယ်ထိ..
မှတ်မှတ်ရရ သုံးခါဘဲ ရှိခဲ့ဖူးတယ် ကိုယ်လဲအသားမနာခြင်သလို သူများတကာနာသွားရင်လဲ ပြန်တွေးမိပြီး စိတ်မကောင်းဘူး ဒါဆို ဘာလို့ ခုလိုတွေလုပ်နေတာလဲ ?ကျနော့် အဖေက ပြောဖူးတယ် မတရားတာကိုတွေ့ရင် ထိုင်ကြည့်နေတဲ့သူနဲ့ ရှောင်ထွက်သွားတဲ့သူမှာပါ..
အပြ စ်ရှိတယ်တဲ့ ကျနော့်ပင်ကိုယ်ဗီဇအရလဲ အနို င်ကျင့်တာတွေ လ က် ပါ ခြေ ပါတွေကို လုံးဝမကြိုက်ဘူး ကိုယ့်ရှေ့မှာတွေ့နေရရင်လဲ ဝင်ပြီးဖြန်ဖြေတတ်တယ် အားနည်းတဲ့ဖက်| မှန်တယ်ထင်တဲ့ဖက်က ဝင်ပြီးကူမိတာတွေလဲ ရှိတယ် ..သိတဲ့သူတွေသိကြမယ်..
ကျနော့်အလုပ်က စာရေးတာနဲ့ Game ဆော့တာဘဲရှိတယ် ကျန်တာတွေ ဘဝမှာ တခါဆိုတခါမှမလုပ်ဖူးဘူး ဓာ း တောင်မှ ဖြောင့်အောင် မလှီ းတတ်ဘူး 5 တန်းနှစ်ကတည်းကစပြီး တောက်လျှောက်ကိုင်ရတာက Computer Desktops တွေနဲ့ Laptop တွေချည်း..
ဘာလို့ဆို ပညာရေးက အဲ့လမ်းကြောင်း ဖြစ်နေလို့ရယ် အလုပ်ကလဲ Digital Marketing မို့ပါဘဲ ဒီလိုနဲ့ Military Coup ဖြစ်လာတော့ စစခြင်း ဆန္ဒပြကြသည်ပေါ့ လှည်းတန်းသွားတယ် မြေနီကုန်းသွားတယ် Versity က သပိတ်တွေလဲလိုက်တယ်..
ကြွေးကြော်သံတွေ အသားကုန်အော်တယ် ဘာလို့လဲဆိုတော့ မတရားလို့ … ဘာပါတီဝင်မှလဲမဟုတ်သလို ဘာအသင်းမှလဲ မဝင်ထားဘူး တစ်ဦးထဲခံစားချက်အရတော့ အမေစုကို လေးစားမြတ်နိုးတယ် ဒီလောက်ဘဲ အဲ့ကနေ ကျနော် အားမရတော့ဘူး …
သပိတ်မှာလိုက်အော်နေတာထက် ဒီသပိတ်ကလူတွေကို ကာကွယ်ပေးတဲ့သူ ရှေ့ဆုံးကအမာခံနေမယ့်သူ ဖြစ်ခြင်လာတယ် ဖြို ခွ င်း မှုတွေကလဲစနေပြီဆိုတော့ သ ပိတ်ထဲက သက်ကြီးပိုင်း အန်တီကြီး| ဦးလေးကြီးတွေနဲ့ အထူးသဖြင့် မိန်းခလေးတွေ အားနည်းတဲ့သူတွေကို..
Defend လုပ်ပေးချင်လာတယ် ဒီလိုနဲ့ Defender တစ်ယောက်ဖြစ်သွားတယ် Youtube ကနေ Defending Base တွေကြည့်တယ် Tactics တွေကြည့်တယ် ကျွမ်းကျင်လာတော့ ကိုယ်တွေအဖွဲ့လေး ရှိနေတဲ့ သပိတ်တွေမှာ Defender Trainer ပြန်လုပ်တယ်..
လူငယ်ချင်း နည်းစနစ်လေးတွေ ပြန် Share တယ် ကွန်ရက်လေးတွေချိတ်ဆက်ပြီး ဖိတ်ခေါ်တဲ့ မြို့နယ်သပိတ်တွေမှာလိုက်သင်ပေးကြတယ် ကြားထဲမှာလဲ အခြေအနေအရ Molotov သွား ပ စ် တာတွေ ဖိခံရတဲ့သပိတ်ကို အာရုံလွှဲစေဖို့ ကိုယ်ရှိတဲ့သပိတ်ကနေ..
ထကြွတာတွေလုပ်ကြတယ် ဒီလိုနဲ့ Defender ဆိုတော့လဲ သိတဲ့အတိုင်း အ သ က် ပျော က်တာတွေရှိလာတယ် ကိုယ့်လက်ပေါ်မှာ လူနှစ်ယောက် ေ သသွားတယ် တစ်ယောက်က ကိုယ့်ညီအရင်းရဲ့ သူငယ်ချင်း နောက်တစ်ယောက်က ဘုရားလမ်းသပိတ်က..
Defender တစ်ယောက် အဲ့နေ့တွေ ကျနော်ကြုံလာရတဲ့အခါ ညဖက်တွေမှာပြန်မြင်ယောင်နေတယ် အိမ်မက်မက်တိုင်းလဲ ပြေးနေလွှားနေရပြီး ဆန္ဒပြတဲ့ ပုံရိပ်တွေဘဲ ပြန်မက်တယ် ေ သ ကြ ေ ကြ ကြတယ် အော်ဟစ်နေတဲ့အသံတွေချည်းကြားနေရတယ် …
ကျနော် တွေးမိလာတယ် …ငါတို့ ဒီလိုဘဲ ဆန္ဒလေးပြလိုက် လာ ဖြို ခွ ဲ ရင် ပြန်ပြေးလိုက် ကျန်ရစ်ခဲ့တဲ့သူက ေ သ လိုက်နဲ့ ဆက်သွားလို့ရပါအုံးမလားပေါ့ ဒီလိုနဲ့ ကျနော် ခုလိုအခြေအနေထိ ဖြစ်သွားခဲ့တယ် မိသားစုနဲ့ ခွ ဲ ရတယ် ဘော်ဒါတွေနဲ့ ခွ ဲ ရတယ် …
ကျနော့် အလုပ်တွေ အကုန် ရပ်ထားခဲ့လိုက်ရတယ် ကျနော်ချစ်တဲ့သူတွေကို ဘယ်တော့မှပြန်တွေ့ခွင့်မရတော့တာလဲဖြစ်သွားနိုင်တယ် …ဒ ဏ်ရာတွေရတယ် ထွက်နေတဲ့ သွေ း တွေကိုသုတ်ပြီး အရွက်တွေ အုံလိုက်တယ် ….ကျနော် ဆက်လျှောက်တယ်..
အားတွေတင်းထားတယ် တခါတလေ တစ်ကိုယ်လုံး ကို င် ရို က်ထားသလို နာ နေတယ် တခါတလေ ကျနော် ကြော က်စိ တ်ဝင်လာလို့ ကိုယ့်ကိုကိုယ် Pressure ပြန်ပေးရတယ် ဖြစ်ခဲ့တာတွေကို ပြန်မြင်ယောင်ပြီး Mood ပြန်သွင်းရတယ် …မိုးလင်းလာရင် စားဖို့မရှိဘူး..
ထမင်း င တ် တဲ့နေ့တွေလဲမရေမိတော့ဘူး ညဖက်ဘယ်မှာအိပ်ရမလဲ မသိဘူး စစ်ဆင်ရေးရှိတဲ့ရက်တွေဆို မိုးတွေရွာရင် သိပ်ဒုက္ခရောက်တယ် မိုးရွာထဲ ဒီတိုင်းဘဲကျုံ့ကျုံ့လေးထိုင်နေရတယ် မိုးတိတ်ရင် စိုနေတဲ့အဝတ်တွေက ကိုယ်ပေါ်မှာဘဲ ပြန်ခြောက်သွားတယ်..
ရေမရှိလို့ တွေ့တဲ့ရေခပ်သောက်ရတယ် အမှုန်တွေလဲပါတယ် အကောင်ဘလောင်တွေလဲပါတယ် မတတ်နိုင်ဖူးဘဲ ရေတအားဆာနေတော့ ရှိတဲ့ရေ သောက်ရမှာဘဲလေ ကျနော်လဲ လူဘဲ လူတွေထဲကမှ လူငယ်တစ်ယောက် ကျနော့်မှာ မပြည့်သေးတဲ့ ဘဝအိမ်မက်တွေ ရှိတယ် …
ကျနော် ဖြစ်ခြင်တာလေးတွေ ရှိသေးတယ် ေ သ ရမှာလဲ သိပ်ကြော က်တတ်တာပေါ့ဗျာ ဒါပေမယ့်လဲ မတ တ်နိုင်ဘူးဘဲ ကျနော့် ဘဝလေး ကျနော်ပြန်ရဖို့ ကျနော့်မိသားစု အေးအေးချမ်းချမ်းနေရဖို့ ဘော်ဒါတွေနဲ့ လဘက်ရည်ဆိုင်ပြန်ထိုင်နိုင်ဖို့..
ကျနော် သိပ်ဝါသနာပါတဲ့ Game တွေပြန်ဆော့ရဖို့ ကျနော်တို့ နိုင်ငံမှာ ခလေးရီသံလေးတွေ ပြန်ကြားရဖို့ …ဒီတို က်ပွဲကို အဆုံး သ တ် ရမယ် တို က် ရ င်း ခို က်ရင်း ကျနော် ေ သ ခြင်လဲ ေ သ သွားမယ် ကံ ကောင်းပြီး ဒါကြီးပြီးသွားတဲ့အချိန်ထိ..
မိမွေးတိုင်း ဖမွေးတိုင်း ရှိခြင်လဲရှိနေအုံးမယ် ဘယ်လိုဘဲ ဖြစ်သွားပါစေ ကျနော့် တစ်ကိုယ်စာသမိုင်း မရိုင်းတော့ဖူးကျနော့်မိသားစုလဲ သူတို့သားအတွက် ဂုဏ်ယူနေမယ် ထင်ပါရဲ့ …. ။ ။..
24 May, 2021.MasK. (PDF)