ဗဟုသုတ

“သရက်သီးတွေ လှိုင်လှိုင်ပေါချိန်မှာ တာရှည် အထားခံတဲ့ သရက်ယို ပြုလုပ်နည်းလေး တင်ပေးလိုက်ပါတယ်…”

သရက်ယိုပြုလုပ်နည်းအဆင့်ဆင့်

သရက်သီးမှည့်တွေပေါ်များချိန်မှာအမှည့်လွန်ပြီး
စားမကုန်လို့အလေအလွင့်မဖြစ်ရအောင်ယိုလေးထိုးထားလို့ရပါတယ်။သရက်ပြင်ပြုလုပ်နိုင်ပါကပြုလုပ်နိုင်ပြီးယိုလေးထိုးသိမ်းထားရင်လည်းမနက်ခင်းပေါင်မုန့်လေးနဲ့တွဲဖက်စားနိုင်သလိုအခြားအချိုပွဲများဖြင့်လည်းတွဲဖက်တည်ခင်းနိုင်ပါတယ်။

လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း

သရက်သီး (စိန်တလုံး)- ၅လုံး

လီမွန် – တစ်လုံး

ဆား – အနည်းငယ်

သကြား – ၅၀ ဂရမ် (optional)

ပြင်ဆင်ပြုလုပ်ပုံ

1.သရက်သီးကိုရေဆေးအခွံသင်ပြီးအသားများလှီးထုတ်ကာအိုးတခုတွင်ထည့်ပါ။

2.ရေအနည်းငယ်ထည့်ပြီးမီးဖိုပေါ်တွင်အနေတော်မီးဖြင့်ကြေသွားသည်ထိအဆက်မပျက်မွေပေးပါ။

3.အားလုံးကြေသွားပါကဇကာဖြက့်တိုက်ချပြီးအမျှင်များကိုဖယ်ထုတ်ပေးပါ။

4.ပြီးလျှင်မီးဖိုပေါ်ပြန်တင်ပြီးသကြားဆားထည့်ပါ။လီမွန်မှအခွံတခြမ်းစာခန့်ကိုခြစ်ပြီးထည့်ပါ။ကျန်လီမွန်ကိုအရေညစ်ထည့်ပြီးသရက်သီးမှရေခမ်းပြီးစေးထွေးလာသည်ထိမီးအေးအေးဖြင့်မွေပေးပါ။

5.သရက်သီးအချိုပေါ်မူတည်ပြီးသကြားကိုလိုတိုးပိုလျော့ထည့်ပေးပါ။

6.ရေခမ်းပြီးစေးထွေးလာသောသရက်ယိုကိုသန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးသိမ်းဆည်းကာလိုသလိုအသုံးပြုနိုင်ပါပြီ။

7.သရက်ပြင်ပြုလုပ်လိုပါကလည်းဆီစိမ်စက္ကူပေါ်တွင်ညီညာစွာဖြန့်ခင်းပြီးအခြောက်ခံကာသရက်ပြင်အဖြစ်သိမ်းဆည်းသုံးဆောင်နိုင်ပါတယ်။

zawgyi

သရက်ယိုပြုလုပ်နည်းအဆင့်ဆင့်

သရက်သီးမှည့်တွေပေါ်များချိန်မှာအမှည့်လွန်ပြီးစားမကုန်လို့အလေအလွင့်မဖြစ်ရအောင်ယိုလေးထိုးထားလို့ရပါတယ်။သရက်ပြင်ပြုလုပ်နိုင်ပါကပြုလုပ်နိုင်ပြီးယိုလေးထိုးသိမ်းထားရင်လည်းမနက်ခင်းပေါင်မုန့်လေးနဲ့တွဲဖက်စားနိုင်သလိုအခြားအချိုပွဲများဖြင့်လည်းတွဲဖက်တည်ခင်းနိုင်ပါတယ်။

လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း

သရက္သီး (စိန္တလုံး)- ၅လုံး

Crd