ဗဟုသုတ

“မြေနေရာမလိုဘဲ အိမ်မှာ အာလူးစိုက်ရင်း ဝင်ငွေရှာနည်း”

တော်ရုံလူက ပြောပြမှာ မဟုတ်တဲ့ အိမ်မှာနေရင်း ဝင်ငွေရှာလို့ရမယ့် နည်းလေးကို ပြောပြပါမယ်။

အာလူးကို ပုံးထဲ သို့မဟုတ် အိတ်ထဲထည့်စိုက်မည်ဆိုလျှင်

၁။ အဓိကအနေနဲ့ မြေဆွေးမြေမွဖို့ အရေးကြီးပါတယ်။

၂။ အာလူးကို အပင်ပေါက်အညှောက်လေးများ ထွက်လာသည်အထိ ထားထားပေးပါ။

ထွက်ရှိလာတဲ့ အပင်အညှောက်လေးတွေကို ဓားဖြင့်လှီးယူ၍စိုက်ပျိုးလို့ရသလိုအလုံးလိုက်ထည့်စိုက်လို့လည်း ရပါတယ်။ အိတ်ဖြင့်စိုက်မည်ဆိုပါက အိတ်အတွင်းထဲသို့မြေဆွေးမြေမွ သဲဆန်သောမြေကို တစ်ပေခန့်ထည့်၍ အာလူးကို အနည်းဆုံး (၂)ပင်(၄)အထိ့ ထည့်စိုက်ပါ။

၃။ ထည့်စိုက်ပြီးပါက အာလူးအပေါ်မှ နောက်ထပ်မြေဆွေး (၄)လက်မခန့် ဖုံးပေးထားပါ။

၄။အာလူးအပင်ထွက်ရှိလာပါကအပင်၏အမြင့်ကိုကြည့်၍အိတ်ပြည့်သည်အထိ့မြေဆွေးကိုတစ်နေ့နည်းနည်းစီဖြည့်ပေးရပါမည်။ရေကိုအနည်းငယ်စိုရုံလောက်သာလောင်းပေးပါ။ မြေသိပ်သွားမှာစိုးသည့်အတွက်အများကြီးလောင်းပေးစရာမလိုပါဘူး။

တစ်ခုသတိပြုရမှာကတော့တစ်အိတ်ထဲမှာအပင်ရေအများကြီးကိုထည့်မစိုက်ဖို့ပါ။အပင်ရေအများကြီးထည့်စိုက်မိလျှင် အပင်ကြပ်ပြီး ဥမဥနိုင်ဖြစ်တတ်ပါတယ်။ဥ ဥပါကလည်းမကြီးထွားပါ။အပင်ရေနည်းနိုင်သမျှနည်းလေကောင်းလေဖြစ်ပါတယ်။စတင်စိုက်ပျိုးသည်မှ ဥများဥသည့်အထိ အနည်းဆုံး အချိန် ၂လခန့်ကြာမြင့်တတ်ပါတယ်။

ဒီလိုပုံးထဲသို့မဟုတ် အိတ်ထဲအာလူးကိုထည့်စိုက်ခြင်းဟာအဟာရဓာတ်မြေသြဇာ အလေအလွင့်မရှိသလို ပေါင်းမြက်လည်း ကင်းစင်၍ ဥလည်းပိုမိုကြီးထွားစေပါတယ်။

ဓာတ်မြေသြဇာထည့်ပေးချင်ပါက တီစူပါ ပုလဲဓာတ်မြေသြဇာကို အနည်းငယ်ထည့်ပေးလို့ရပါတယ်။

Credit. Original writer

Zawgyi Version

ေတာ္ရံုလူက ေျပာျပမွာ မဟုတ္တဲ့ အိမ္မွာေနရင္း ဝင္ေငြရွာလို႔ရမယ့္ နည္းေလးကို ေျပာျပပါမယ္။

အာလူးကို ပုံးထဲ သို့မဟုတ္ အိတ္ထဲထည့္စိုက္မည္ဆိုလၽွင္

၁။ အဓိကအေနနဲ႔ ေျမေဆြးေျမမြဖို့ အေရးႀကီးပါတယ္။

၂။ အာလူးကို အပင္ေပါက္အေညႇာက္ေလးမ်ား ထြက္လာသည္အထိ ထားထားေပးပါ။

ထြက္ရွိလာတဲ့ အပင္အေညႇာက္ေလးေတြကို ဓားျဖင့္လွီးယူ၍စိုက္ပ်ိဳးလို့ရသလိုအလုံးလိုက္ထည့္စိုက္လို့လည္း ရပါတယ္။ အိတ္ျဖင့္စိုက္မည္ဆိုပါက အိတ္အတြင္းထဲသို့ေျမေဆြးေျမမြ သဲဆန္ေသာေျမကို တစ္ေပခန္႔ထည့္၍ အာလူးကို အနည္းဆုံး (၂)ပင္(၄)အထိ့ ထည့္စိုက္ပါ။

၃။ ထည့္စိုက္ၿပီးပါက အာလူးအေပၚမွ ေနာက္ထပ္ေျမေဆြး (၄)လက္မခန္႔ ဖုံးေပးထားပါ။

၄။အာလူးအပင္ထြက္ရွိလာပါကအပင္၏အျမင့္ကိုၾကည့္၍အိတ္ျပည့္သည္အထိ့ေျမေဆြးကိုတစ္ေန႔နည္းနည္းစီျဖည့္ေပးရပါမည္။ေရကိုအနည္းငယ္စို႐ုံေလာက္သာေလာင္းေပးပါ။ ေျမသိပ္သြားမွာစိုးသည့္အတြက္အမ်ားႀကီးေလာင္းေပးစရာမလိုပါဘူး။

တစ္ခုသတိျပဳရမွာကေတာ့တစ္အိတ္ထဲမွာအပင္ေရအမ်ားႀကီးကိုထည့္မစိုက္ဖို့ပါ။အပင္ေရအမ်ားႀကီးထည့္စိုက္မိလၽွင္ အပင္ၾကပ္ၿပီး ဥမဥနိုင္ျဖစ္တတ္ပါတယ္။ဥ ဥပါကလည္းမႀကီးထြားပါ။အပင္ေရနည္းနိုင္သ
မၽွနည္းေလေကာင္းေလျဖစ္ပါတယ္။စတင္စိုက္ပ်ိဳးသည္မွ ဥမ်ားဥသည့္အထိ အနည္းဆုံး အခ်ိန္ ၂လခန္႔ၾကာျမင့္တတ္ပါတယ္။

ဒီလိုပုံးထဲသို့မဟုတ္ အိတ္ထဲအာလူးကိုထည့္စိုက္ျခင္းဟာအဟာရဓာတ္ေျမၾသဇာ အေလအလြင့္မရွိသလို ေပါင္းျမက္လည္း ကင္းစင္၍ ဥလည္းပိုမိုႀကီးထြားေစပါတယ္။

ဓာတ္ေျမၾသဇာထည့္ေပးခ်င္ပါက တီစူပါ ပုလဲဓာတ္ေျမၾသဇာကို အနည္းငယ္ထည့္ေပးလို့ရပါတယ္။

Credit. Original writer