Uncategorized

ငွေထုတ်ပေးဖို့ ရက်ချိန်းပေးပြီးမှ ငွေထုတ်မပေးဘဲ မိုက်ရိုင်းတဲ့ မန်နေဂျာကြောင့် CB Bank မှာ ပွဲကြမ်းကုန်ပြီ

CB Bank နဲ့ ဖြစ်တဲ့ကိစ္စ ပြောပြမယ်နော်

ငါးလပိုင်း အလယ်ထဲက CB Bank မှာငွေထုတ်ဖို့ အတွက် ငါးလပိုင်းအကုန်အထိပြည့်နေပြီမို့ ၆ လပိုင်းအတွက် တုံကင်ကို ၅ လပိုင်း ၂၈ ရက်နေ့ ၉နာရီခွဲပေးမယ် လာယူပါဆိုပြီး ပြောပါတယ်။ အခု ဒီနေ့ ၈နာရီခွဲ သွားယူတော့ ည ၂ နာရီ ၃ နာရီထဲက တန်းစီပြီး သူတို့ဖာသာ တုံကင် နံပါတ်တွေစီထားကြတာပါတဲ့။ (ရဲက မဖမ်းဘူးလား မာရှယ်လော ဘာလဲ? ဘယ်လဲ?)။

မနက် သူတို့ ပြောထားတဲ့အချိန်သွားတဲ့လူတွေကိုကျ အကုန် ခွေးမောင်းသလို ပြန်လွှတ်ပါတယ်။

Customer Service ပေးတဲ့ နေရာတစ်ခုက အဲလို ရိုင်းစိုင်းဖို့လိုလား။

ကိုယ့်စကားကိုယ်တန်ဖိုးထားရင် ကိုးနာရီခွဲမှ တိုကင်ပေးမယ် ဆိုပြီး အတိအကျလုပ်မယ်ဆို ည ၂ နာရီထဲက ဘယ်သူ လာတန်းစီနေမှာလဲ။

သူတို့အဲလိုလုပ်နေတာက % နဲ့ ထုတ်စားနေတဲ့သူတွေကို တဖက်လှည့်နဲ့ Support ပေးနေတာပါပဲ။

လူတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူတို့ရုပ်တွေကြည့်ပြီး အလုပ်လုပ်နေရတယ်။

CB bank က ရွံစရာတော်တော်ကောင်းတာမို့ လူတွေလဲ အဲလောက်ထိ ဆိုးဝါးနေတဲ့ Bank ကနေ ကိုယ့်ပိုက်ဆံတွေကိုယ် ရသလောက်မြန်မြန်ထုတ်ကြပါဦး။

အခုလိုကာလမှာ ပြည်သူတွေကို ရသလောက် နှိပ်ကွပ်နေတဲ့ ဒလန်တွေ နောက်ဘယ်တော့မှ စီးပွားမဖြစ်အောင် လူတွေညီညွတ်မှရမှာလေ။ ဪ CB က ဟာတွေလဲ နင်တို့အခက်အခဲဘာညာလာမပြောနဲ့နော် လေသံနဲ့ လူလိုပြောတာလောက်ကတော့ နင်တို့ Training ကာလမှာထဲက သင်ထားတယ်မလား။

အောက်က video ကတော့ CB (ဆူးလေ) ရဲ့ ချိုသာယဥ်ကျေး မန်နေဂျာလေးပါ

video ကြည့်ရန် (၁)

video ကြည့်ရန် (၂)