Zawgyi
တစ်ချို့သောဈေးရောင်းသူတွေဟာ သူတို့ရဲ့ကုန်ပစ္စည်းတွေကို လူတွေဝယ်အောင် ကုန်ပစ္စည်းအကြောင်း မျိုးစုံချီးမွှမ်းခန်းဖွင့်ကျတဲ့အပြင် ၊ အချို့ဈေးရောင်းသူတွေကတော့ ပိုက်ဆံရရင်ကျေနပ်ပြီးဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ လိမ်လည်လှည့်စားပြီး ပစ္စည်းတွေကိုရောင်းချတတ်ကြပါတယ် ။
ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ မြို့ကြီးရဲ့ရှုပ်ထွေးဆူညံတဲ့နေရာမှာမနေထိုင်ချင်တော့လို့ ၊ မြို့ပြင်ဖက်မှာ တည်ရှိတဲ့တိုက်ခန်းကို ဝယ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ အဆိုပါတိုက်ခန်းဟာ ကြော်ငြာထဲမှာကတော့ အဆင့်တန်းမြင့်စွာတည်ဆောက်ထားတဲ့ပုံစံမျိုး နှင့် ပန်ခြံကလေးတွေပါ ပါသေးကြောင်း တိုက်ခန်းကို ကြော်ငြာခဲ့ပါတယ် ။
ထို့ကြောင့် အဆိုပါအမျိုးသားဟာလည်းတိုက်ခန်းကိုဝယ်ယူလိုက်ပြီးနောက် ၊ အိမ်သော့မိမိနားရောက်သည်နှင့် တစ်ပြိုင်နက် သွားရောက်ကြည့်ရှုခဲ့ချိန်မှာတော့ ကြော်ငြာတွင်ပြသထားပြီ ၊ ရောင်းချရာတွင် ပြောဆိုထားတဲ့ ရေးကူးကန်မျိုးဟာ အမှန်တကယ် မရှိဘဲဂျင်းထည့်ခံလိုက်ရမှန်းကို သိရှိသွားခဲ့ရပါတယ် ။
ပုံထဲတွင်ဖော်ပြထားတဲ့ ရေကန်မျိုးရအောင် တိုက်ခန်းရောင်းချတဲ့ကုမ္ပဏီက အပြာရောင်ပိတ်စကိုမြေပြင်ပေါ်တွင် ဖြန့်ကျက်ခင်းပြီး အခြားသောတံတားအသေးလေး ၊ ကျောက်တုံး ၊ မြက်ခင်းပုံမှာဖြင့် ရေကန်အတုပြုလုပ်ထားသောကြောင့် ဖြစ်ပါတယ် ။
သို့ပေမဲ့လည်း အဆိုပါကုမ္ပဏီကတော့ ဝယ်ယူသူနှင့် ရေကန်ကိစ္စနှင့်ပက်သက်ပြီး ကတိပေးထားခြင်းမျိုးမရှိကြောင်း ပြောဆိုပြီးပေါ်တင်ငြင်းဆိုခဲ့ပါတယ် ။ သို့ပေမဲ့ နေအိမ်ဝယ်လိုက်တဲ့အမျိုးသားမှာတော့ ဂျင်းထည့်ခံလိုက်ရတဲ့အဖြစ်ကြောင့် အဆိုပါနေအိမ်မှာနေထိုင်ဖို့ အတော်လေးကို စိတ်မကျေမနပ်ဖြစ်နေမှာ အသေအချာပါပဲလေ ။Jasmine (Mckzone Daily)
Unicode