ဗဟုသုတ

“အိမ်ခြံမြေဝယ်ယူရာတွင် ဆုံး ရှုံး မှု မဖြစ်ပေါ်စေရန် မဖြစ်မနေ သတိထားသင့်သည့် အချက်များ”

အိမ်ခြံမြေအရောင်းအဝယ်ကိစ္စများတွင် အရောင်းအဝယ်ပြုလုပ်မည့်မြေကွက်သည် ရောင်းသူအမည်ပေါက်ဖြစ်စေ

အမည်မပေါက်သည်ဖြစ်စေ၊ ဂရန်ရှိသည်ဖြစ်စေ၊ဂရန်မရှိသည်ဖြစ်စေ၊မြေအမျိုးအစားသည် လယ်မြေ၊ယာမြေ၊ရွာမြေ၊ဥယျာဉ်ခြံမြေ၊စသည့်

မည်သည့်မြေအမျိုးအစားပင်ဖြစ်စေ အရောင်းအဝယ် ပြုလုပ်သော မြေ သည်ရောင်းသူ၏ လက်ဝယ်တွင် ရှိမရှိဆိုသည့် ကိစ္စသည် အလွန်အရေးကြီးပါသည်။

အရောင်းအဝယ်ပြုလုပ်မည့်မြေ သည် ရောင်းသူလက်ဝယ်တွင်မရှိလျှင်-

(၁) အခြားသူတစ်ဦးအား ရောင်းချထားပြီးဖြစ်နိုင်သည်။

(၂)ပေါင်နှံထားခြင်းဖြစ်နိုင်ပါသည်။

(၃)အခြားသူတစ်ဦးက ကျူး၍ဝင်ရောက်နေထိုင်ခြင်း ဖြစ်နိုင်ပါသည်။

(၄)အမွေဆိုင်ကွက်ဖြစ်၍အခြားအမွေဆိုင်တစ်ဦးဦးက နေထိုင်ခြင်း ဖြစ်နိုင်သည်။

(၅)လင်မယားပိုင်ဖြစ်ပြီး လင်(သို့)မယားက နေထိုင်ခြင်း ဖြစ်နိုင်သည်။

(၆)အခြားသူနှင့် အတူပူးတွဲပိုင်ဆိုင်သောမြေ ဖြစ်နိုင်သည်။ စသည့် အခြားဖြစ်နိုင်သည့် အကြောင်းကိစ္စများစွာရှိသည်။

ထို့ကြောင့် အရောင်းအဝယ် ပြုလုပ်မည့်မြေသည် ရောင်းသူ၏လက်ဝယ်တွင် ရှိမရှိသေချာအောင် အရင်စုံစမ်းရမည်ဖြစ်ပါသည်။

Credit (ဆက်လက်ဖော်ပြပါမည်)

Unicode

အိမ်ခြံမြေဝယ်ယူရာတွင် သတိထားသင့်သည့် အချက်များ