စစ်ကိုင်းမြို့မအတွင်းမှာ မသိသူ မရှိလောက်တဲ့ သူ၊နွေ မိုး ဆောင်း ရာသီစက်ဝန်းတိုင်းမှာအဝတ်မကပ်ဘဲ ပုဆိုးတစ်ထည်
နှင့်သာ အနေများသူငါးထပ်ကြီးဘုရားတို့, မဟာသိမ်တော်ကြီးတို့ရဲ့ အနီးဝန်းကျင်မှာလမ်းမီး ဘုရားမီးများကို အမြဲလိုလို လဲ
လှူပေးလေ့ရှိသူ၊ခိုနန်းကျောင်းနဲ့ မဟာသိမ်တော်ကျောင်းတို့ကို ဘာသာရေးစာအုပ်များ ဝယ်ဝယ်လှူလေ့ရှိသူစာမဖတ်တတ်သူ၊စိတ်မနှံ့ဟု သတ်မှတ်ခံရသူ၊သူ့နာမည်က ကိုပြည်သိမ်းတဲ့။
ကျုပ်ဆီကို စာအုပ်လာလာလှူတာ (၅) ခါ မကတော့ဘူး။အခုလည်း ရွက်နုစာပေက ဝယ်လာတဲ့ စွယ်စုံကျော်ထင်ပေါင်းချုပ်
ကျမ်းကြီး ကိုင်ပြီး ရောက်လာတယ်ပါးစပ်ကလည်း ပြောသေးတယ်၊ဒီစာအုပ်က ထောင်တန်တွေ အများကြီး ပေးခဲ့ရတာ ဦးဇင်းရတဲ့။
စာအုပ်လှူရင်း ကိုရင်တွေ ထင်းဖြတ်နေကြတာမြင်လို့ အခု ထင်းဝင်ခုတ်နေတယ်။
ကိုပြည်သိမ်းကြီးဖြစ်လေရာ ဘဝတိုင်း အသိဉာဏ်ဝိဇ္ဇာဓာတ်ကို ထူးထူးမြတ်မြတ်ရကာလောကအကျိုး သာသနာအကျိုးကို
သယ် ပိုးနိုင်သူ ဖြစ်ပါစေလို့ စိတ်ထဲကနေ ဆုပေးနေမိပါတယ်။
Zawgyi
စိတ္မႏွံ႕ေပမယ့္ ပိုက္ဆံေလးေတြစုၿပီး ရပ္႐ြာအက်ိဳးအတြက္ အလႉဒါနေတြ အၿမဲလုပ္ေပးတဲ့ စစ္ကိုင္းၿမိဳ႕မွ ဦးေလးႀကီး
စစ္ကိုင္းၿမိဳ႕မအတြင္းမွာ မသိသူ မရွိေလာက္တဲ့ သူ၊ႏြေ မိုး ေဆာင္း ရာသီစက္ဝန္းတိုင္းမွာအဝတ္မကပ္ဘဲ ပုဆိုးတစ္ထည္
ႏွင့္သာ အေနမ်ားသူငါးထပ္ႀကီးဘုရားတို႔, မဟာသိမ္ေတာ္ႀကီးတို႔ရဲ႕ အနီးဝန္းက်င္မွာလမ္းမီး ဘုရားမီးမ်ားကို အၿမဲလိုလို လဲ
လႉေပးေလ့ရွိသူ၊ခိုနန္းေက်ာင္းနဲ႕ မဟာသိမ္ေတာ္ေက်ာင္းတို႔ကို ဘာသာေရးစာအုပ္မ်ား ဝယ္ဝယ္လႉေလ့ရွိသူစာမဖတ္တတ္သူ၊စိတ္မႏွံ႕ဟု သတ္မွတ္ခံရသူ၊သူ႕နာမည္က ကိုျပည္သိမ္းတဲ့။
က်ဳပ္ဆီကို စာအုပ္လာလာလႉတာ (၅) ခါ မကေတာ့ဘူး။အခုလည္း ႐ြက္ႏုစာေပက ဝယ္လာတဲ့ စြယ္စုံေက်ာ္ထင္ေပါင္းခ်ဳပ္
က်မ္းႀကီး ကိုင္ၿပီး ေရာက္လာတယ္ပါးစပ္ကလည္း ေျပာေသးတယ္၊ဒီစာအုပ္က ေထာင္တန္ေတြ အမ်ားႀကီး ေပးခဲ့ရတာ ဦးဇင္းရတဲ့။
စာအုပ္လႉရင္း ကိုရင္ေတြ ထင္းျဖတ္ေနၾကတာျမင္လို႔ အခု ထင္းဝင္ခုတ္ေနတယ္။
ကိုျပည္သိမ္းႀကီးျဖစ္ေလရာ ဘဝတိုင္း အသိဉာဏ္ဝိဇၨာဓာတ္ကို ထူးထူးျမတ္ျမတ္ရကာေလာကအက်ိဳး သာသနာအက်ိဳးကိုသယ္ ပိုးနိုင္သူ ျဖစ္ပါေစလို႔ စိတ္ထဲကေန ဆုေပးေနမိပါတယ္။