News

“ဒိုင်းကာများပြုလုပ်ပေးသည်ဟုဆိုကာအသက်(၇၀)အဖွားအို တစ်ဦးအား ဖမ်းဆီး”

မတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ညောင်တုန်းမြို့မှ အသက်၇၀အရွယ်အမျိုးသမီးတစ်ဦးအား ဒိုင်းကာများ ပြုလုပ်ပေးသည်ဟုဆိုကာစစ်တပ်မှကား၂စီးနှင့် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟုသိရသည်။

ထို့နည်းတူဧရာ၀တီတိုင်းဖျာပုံမြို့ ရပ်ကွက်(၁)တွင်ရှိသော အောင်သန်းကျော်ဝပ်ရှော့မှလုပ်သားတစ်ဦးဖြစ်သည့်အသက်၃၀အရွယ်ဦးကျော်ဇင်ဆိုသူကိုလည်း စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြသူများအသုံးပြုရန်လက်နက်နှင့်ဒိုင်ကာများပြုလုပ်ပေးသည်ဟုဆိုပြီး မတ်လ ၁၄ရက်နေ့တွင်ရဲတပ်ဖွဲ့နှင့်စစ်တပ်မှအကြမ်းဖက်ဝင်ရောက်ဖမ်းဆီးသွားသည်ဟုသိရသည်။

လက်ရှိအချိန်တွင် ဒိုင်းကာများပြုလုပ်ပေးသည်ဟု အကြောင်းပြဖမ်းဆီးခံရသည့် ညောင်တုန်းမြို့မှ အမျိုးသမီးနှင့် ဖျာပုံမှ အမျိုးသားတစ်ဦးတို့အား မည်သည့်ဥပဒေပုဒ်မဖြင့်အရေးယူထားသည်ကို သိရှိရခြင်းမရှိသေးပဲ မိသားစုများမှလည်းစိုးရိမ်နေကြကြောင်းသိရသည်။

မဇ္ဈိမ ၊ မတ် ၁၄