News

“ကျောင်းတွေဖွင့်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်”

အခြေခံပညာကျောင်း များကို မကြာမီကာလအတွင်း ပြန်ဖွင့်ရေး စီစဉ်နေသဖြင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန် စေရေးအတွက် ပြင်ဆင်ရန် တိုင်း ဒေသကြီးနှင့် ပြည်နယ်ပညာရေး မှူးများအား အခြေခံပညာဦးစီး ဌာနက ဖေဖော်ဝါရီ ၁၆ ရက်က ညွှန်ကြားသည်။

COVID-19 ကပ်ရောဂါကူး စက်ပျံ့နှံ့မှု လျော့နည်းလာသည့် အတွက် အခြေခံပညာကျောင်း များကို မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျက် ရှိသဖြင့် အခြေခံပညာကျောင်း များ ဥပဓိရုပ်ကောင်းမွန်စေရေး ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီတို့က တိုင်းစစ် ဌာနချုပ်များနှင့် ပူးပေါင်းဆောင် ရွက်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီက ညွှန် ကြားခြင်းဖြစ်ကြောင်း အခြေခံ ပညာဦးစီးဌာန၏ ညွှန်ကြားချက် တွင် ဖော်ပြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေ နှင့် အစီအမံကို ဖေဖော်ဝါရီ ၁၇ ရက်မတိုင်မီ ပြန်လည်တင်ပြရန် အခြေခံပညာဦးစီးဌာနက ညွှန် ကြားထားသည်။

ထိုညွှန်ကြားချက်ကို အခြေ ခံပညာဦးစီးဌာနက ဖေဖော်ဝါရီ ၁၆ ရက်က တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ ပေးပို့ထားကြောင်း တိုင်းဒေသ ကြီးနှင့်ပြည်နယ်ပညာရေးမှူးရုံးများမှ တာဝန်ရှိသူအချို့က အ တည်ပြုသည်။

‘‘ဘယ်တော့ ပြန်ဖွင့်မလဲဆို တာတော့ ညွှန်ကြားချက်မှာ မပါ ဘူး။ သက်ဆိုင်ရာတိုင်းက ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ပဲပါတယ်’’ ဟု တိုင်းဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခြေခံပညာကျောင်းများ ပြန်ဖွင့်ရေးအတွက် စီမံချက်များ ကို ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ ကတည်းက ကြိုတင်ရေးဆွဲထား ပြီးဖြစ်၍ ထိုစီမံချက်များကို တင် ပြထားကြောင်း ပြည်နယ်ပညာ ရေးမှူးတစ်ဦးက 7Day News သို့ ပြောသည်။

ကျောင်းပြန်ဖွင့်ရေးအတွက် ပြင်ဆင်ထားရန် တိုင်းဒေသကြီး နှင့်ပြည်နယ်ပညာရေးမှူးရုံးများ အား ညွှန်ကြားကြောင်း ကြားသိရ သော်လည်း အခြေခံပညာကျောင်း အုပ်ကြီးများထံ တိုက်ရိုက်ညွှန် ကြားခြင်းမျိုး မရှိသေးကြောင်း အခြေခံပညာ ဆရာ၊ဆရာမ သတင်းရင်းမြစ်များကဆိုသည်။

‘‘ဆရာ၊ ဆရာမအတော်များ များ CDM (Civil Disobedience Movement) လှုပ်ရှားမှုပါဝင်နေ ကြတာ။ ကျောင်းဖွင့်တော့မယ်လို့ ပြောနေတာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ အောက်ခြေဆရာ၊ဆရာမ တွေကတော့ အာဏာသိမ်းယူ ထားတဲ့အစိုးရကို လက်မခံဘူး၊ CDM လုပ်တယ်ပြောထားတာ။ ဖမ်းမယ်ဆီးမယ်ဆိုလို့တောင် တိမ်းရှောင်နေရတာ။ ကျောင်းဖွင့် ဖို့ပြင်ဆင်တာတွေ အခုအောက် ခြေမှာမရှိဘူး’’ ဟု မန္တလေးတိုင်း ဒေသကြီးမှ မူလတန်းကျောင်း အုပ်တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ အောက်၌ အလုပ်မလုပ်ဘဲ ဆန္ဒ သဘောထား ထုတ်ဖော်သည့် Civil Disobedience လှုပ်ရှားမှု (CDM) တွင် နိုင်ငံအနှံ့မှ အခြေခံ ပညာ ဆရာ၊ ဆရာမများ၊ တက္က သိုလ်၊ ကောလိပ် ဆရာ၊ ဆရာမ များ အပါအဝင် ပညာရေးဝန် ကြီးဌာနအောက်ရှိ ဝန်ထမ်းအ များစု ပါဝင်နေသည်။

CDM လှုပ်ရှားမှုတွင် ပါဝင် သည့် ဆရာ၊ ဆရာမများကို ဖိအားပေးမှုများရှိနေသည့်တိုင် CDM တွင် ထောက်ခံကြောင်း သ ပိတ်စစ်ကြောင်းများတွင် ဆရာ၊ ဆရာမများက နေ့စဉ် ပူးပေါင်း ဆန္ဒထုတ်ဖော်နေသည်။

လတ်တလောတွင် ကျောင်း ပိတ်ထား၍ CDM လှုပ်ရှားမှု၌ ဆရာ၊ ဆရာမများ၊ ပညာရေးဝန် ထမ်းများ ပူးပေါင်းခြင်းသည် သိသာသည့် အကျိုးသက်ရောက် မှု မထွက်သေးသော်လည်း အာဏာသိမ်း စစ်ကောင်စီက ကျောင်းများပြန်ဖွင့်ရန် ဆောင် ရွက်ချက်အပေါ် များစွာအကျိုး သက်ရောက်စေနိုင်ပြီး CDM တွင် ဆက်လက်ပူူးပေါင်းပေးရန် မြန် မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမ များအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးမြတ်သီဟထွန်းက ဆိုသည်။