News

“ပြည်သူတွေနဲ့ ပူးပေါင်းလိုက်တဲ့ တပ်ကြပ်ကြီးကို ထုတ်ပေးခိုင်းရင်း တတိယစည်းအထိရောက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့များ”

ဖေဖော်ဝါရီ ၁၈၊ မုံရွာ

ပင်မသပိတ်စစ်ကြောင်းမှာ ပူးပေါင်းပါဝင်လာတဲ့ တပ်ကြပ်ကြီး(စာရေး)ကို ထုတ်ပေးပါဆိုတဲ့အကြောင်းပြချက်နဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့လူအုပ်ကို လုံခြုံရေးအဖွဲ့တွေနဲ့ ဖြိုခွင်းဖို့ တာဝန်ရှိသူတွေက ကြေငြာခဲ့ပါတယ်။

အဲ့ဒီလိုကြေငြာချက်အပြီးမှာတော့ သပိတ်စစ်ကြောင်းရဲ့ လုံခြုံအဖွဲ့လူငယ်တွေဟာ ပြည်သူစည်းအနားမှာ စုပြီး နေရာယူခဲ့ကြပါတယ် ဒါပေမယ့် တပ်ကြီကြီးဟာ လူအုပ်ထဲမှာရှိမနေတဲ့အတွက် လုံခြုံရေးရဲဖွဲ့ဟာလည်း ပထမစည်းရဲ့အရှေ့ကိုတော့ ကျော်ဖြတ်မလာခဲ့ပါဘူး။

အခါတိုင်းနေ့တွေနဲ့မတူပဲ ဒီကနေ့မှာ တပ်မတော်သားတစ်ဦး သပိတ်မှာလာပူးပေါင်းတဲ့အတွက် လုံခြုံရေးရဲတပ်အဖွဲ့နဲ့ တာဝန်ရှိသူတွေက အဲ့ဒီတပ်မတော်သားကို ထုတ်ပေးဖို့ လာရောက်ညှိနှိုင်းအပြီးမှာ အခုလို ဆန္ဒပြလူထူကို ဖြိုခွင့်မယ်လို့ ကြေငြာခဲ့တာ ဖြစ်ပါတယ်။

လာရောက်ပူးပေါင်းတဲ့ တပ်မတော်သားဟာ ခ.မ.ရ(၁၆)က တပ်ကြပ်ကြီး(စာရေး)တစ်ယောက်ဖြစ်ပြီး မနေ့ညက ထွက်ပြေးလာသူလည်း ဖြစ်ပါတယ်

တပ်မတော်အက်ဥပဒေမှာတော့ ပုဒ်မ ၆၅ အရ စစ်စည်းကမ်းဖောက်ဖျက်မှု ပြစ်ဒဏ် ထောင်သုံးနှစ်ကနေ ၇ နှစ်အထိ ပြဌာန်းထားပြီး တပ်စခန်းစွန့်ခွာမှုမှာဆိုရင်တော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကနေ သေဒဏ်အထိချမှတ်နိုင်တယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ – ME