News

“တရားမျှတမှုအတွက် ရပ်တည်ချက်ခိုင်မာပြီး စွန့်လွှတ် စွန့်စားရဲတဲ့ အဒေါ်ကြီး”

ကျွန်တော်တို့ ဆိုင်နားက အမှိုက်ကန်မှာ အမှိုက်ကန်ကို အပိုင်စားရသော သန့်ရှင်းရေးဝန်ထမ်း အဒေါ် ဒေါ်မာမာဦး မတွေ့တာ အတော်ကြာနေပြီ ဒီနေ့မှ တွေ့လို ယူနီဖေါင်း ဝတ်မထားလို့​အဒေါ် ယူနိဖေါင်း မဝတ်ဖူးလားဆိုတော့

အဒေါ်က CDM လုပ်နေတာတဲ့🥰

ကျွန်တော် သိသလာက် အဲဒီ အဒေါ်တစ်ရက်ဝင်ငွေ မနည်းလှပါမတရားသဖြင့်တော့ မဟုတ်

ရပ်ကွက်ထဲ အမှိုက်လိုက်သိမ်းတဲ့အတွက်ဝင်ငွေ ရတာပါ။ဒါပေမယ့် ဒီလိုနေရာ ရဖို့ မလွယ်

သူက ပြောသေးတယ်ဗျားအဒေါ်တို့က မင်းအောင်လှိုင်ကျွေးတဲ့ထမင်း စားနေတာ မဟုတ်ဘူး။ပြည်သူကျွေးတဲ့ ထမင်း စားနေတာပြည်သူ့မျက်နှာပဲ ကြည့်မယ်တဲ့

နောက် အသက် ၇၆ နှစ်ရှိတဲ့အမေစုကတစ်နိုင်ငံလုံးအတွက် ဒီလောက်အထိအပင်ပန်းခံ လုပ်ပေးခဲ့တာအမေစုနဲ့ တိုင်းပြည်အတွက် ဒီလောက်တော့ပြန်လုပ်ပေးရမယ်တဲ့

လေးစားဖို့ ကောင်းချက်ဗျာ👍

ဒါနဲ့ အဒေါ်နေရာ သူများရသွားရင်ဘယ်လို လုပ်မလဲ ဆိုတော့

အဒေါ်တ်ို့က သွေးမနည်းဘူးတဲ့ဒီပွဲမှာ စစ်တပ် နိုင်သွားလို့ ရှိရင်ဒီမှာလဲ မလုပ်တော့ဘူး။အပြင်မှာပဲ လုပ်စားမယ်တဲ့

ပြည်သူက နိုင်ကို နိုင်ရမှာပါ အဒေါ်ရယ်

ကဲ အ​ကြောင်း​ကြောင်း​ကြောင့်CDM တွင် မပါနိုင်​သေးသော ဝန်ထမ်းများဖတ်ပြီးစိတ်ခွန်အားရကြပါ​စေ အဒေါ် ဒေါ်မာမာဦး လေးစားဦးညွှတ်လျက်ပါဗျ

credit