News

“ရဲတပ်ဖွဲ့ဝင်များ လောက်လေးခွကိုင်ခွင့်မရှိ” ဟု ဥပဒေပြဋ္ဌာန်းချက်တွင် မမြင်မိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြော”

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေပြဋ္ဌာန်းချက်တွင် လောက်လေးခွကိုင်ခွင့်ဘူးလို့တော့ မိမိလည်းမမြင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း (နိုင်ငံတော်အုပ်ချုပ်စီမံကောင်စီ၏ ပြန်ကြားရေး ဒုဝန်ကြီး) က ပြောသည်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မန္တလေး ဆန္ဒထုတ်ဖော်ပွဲတွင် ရဲတပ်ဖွဲ့မှ လောက်လေးခွဖြင့် ပြည်သူများကို ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ ဥပဒေနှင့် ညီ၊ မညီ RFA သတင်းထောက်က မေးမြန်းစဉ်တွင် ၎င်းက ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လေးခွကိုင်ခွင့်ရှိသလားဆိုတော့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သေနတ်နဲ့ မပစ်ချင်လို့ သူကိုယ့်သူ ကာကွယ်တဲ့အနေနဲ့ အယူအဆအရတော့ ကိုင်ခွင့်ရှိတယ်။ ဥပဒေပြဋ္ဌာန်းချက်မှာတော့ ရဲတပ်ဖွဲ့ဝင်များသည် လေးခွကိုင်ခွင့်မရှိဘူးလို့တော့ ကျွန်တော်လည်း မမြင်ပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဆက်လက်ပြီး မိမိအနေဖြင့် ရဲတပ်ဖွဲ့ဝင်များသည် စည်းမျဉ်းစည်းကမ်းအတိုင်း စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စတင်ပစ်ခတ်တာခြင်းမရှိဘူးလို့ အာမခံကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူကို လောက်လေးခွဖြင့်ပစ်ခြင်းသည် ဥပဒေနှင့် ညီ၊ မညီ မဆုံးဖြတ်ပေးနိုင်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အနေဖြင့် ရဲကားပေါ်သွားနေချိန်တွင် မန္တလေးဖြစ်စဉ်ကဲ့သို့ ခဲနဲ့ထုသည့်အခါ နံပါတ်တုတ်နှင့်ဆင်းရိုက်၍ မဖြစ်နိုင်ဟု မြင်ကြောင်း၊ လောက်လေးခွနှင့် ပြန်ပစ်ခြင်းသည့် ဒေသန္တရသုံးစွဲနိုင်ရန် ယခင်ကပင် လုပ်ထားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

TCM