News

“Pfizer ထံမှ COVID-19ကာကွယ်ဆေးနည်းပညာကို မြောက်ကိုရီးယားက ခိုးယူရန်ကြိုးပမ်းနေ”

မြောက်ကိုရီးယားနိုင်ငံက Pfizer ဆီကနေ COVID-19ကာကွယ်ဆေးနည်းပညာကို ခိုးယူဖို့ကြိုးပမ်းနေတဲ့အကြောင်း တောင်ကိုရီးယားအမျိုသားထောက်လှမ်းရေးအဖွဲ့ NISက ပြောကြားလိုက်တယ်လို့ တောင်ကိုရီးယားအခြေစိုက် ယွန်ဟပ်သတင်းဌာနကဆိုပါတယ်။

ဖောက်ထွင်းခိုးယူမှုကို ဘယ်အချိန်တုန်းကပြုလုပ်ခဲ့တာဆိုတာနဲ့ ဖောက်ထွင်းခိုးယူမှုအောင်မြင်သွားခဲ့လားဆိုတာကိုတော့ ယွန်ဟပ်သတင်းကထုတ်ပြန်ထားခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း မြောက်ကိုရီးယားနိုင်ငံက Johnson & Johnson၊ Novavax Inc,၊ နဲ့ AstraZenecaတို့အပါအဝင် ကျန်းမာရေးအဖွဲ့အစည်း ကိုးခုထက်မနည်းကို ဖောက်ထွင်းတိုက်ခိုက်ဖို့ ကြိုးစားထားခဲ့တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ထုတ်လုပ်နေတဲ့ တောင်ကိုရီးယားကုမ္ပဏီတွေကိုလည်း မြောက်ကိုရီးယားရဲ့ဖောက်ထွင်းခိုးယူဖို့ကြိုးစားမှုတွေကိုလည်းတားဆီးထားနိုင်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ပြောကြားထားခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ဖောက်ထွင်းရရှိတဲ့ကာကွယ်ဆေးအချက်အလက်တွေကိုအသုံးချပြီး ပြည်တွင်းမှာကာကွယ်ဆေးထုတ်လုပ်ဖို့ဆိုတာထက် အချက်အလက်တွေကိုရောင်းစားအမြတ်ထုတ်ဖို့ ပိုပြီးစိတ်ဝင်စားတာဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အခုနှစ်အစောပိုင်းမှာ COVAXကာကွယ်ဆေးအစီအစဉ်နဲ့ AstraZeneca-Oxford Covid-19 နှစ်သန်းစာနီးပါးရရှိသွားနိုင်မှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူတစ်ဦးမှမရှိသေးဘူးလို့ မြောက်ကိုရီးယားကဆိုထားခဲ့ပေမယ့် တရုတ်နိုင်ငံမှာ ကူးစက်ပြန့်နှံ့မှုတွေများပြားခဲ့တဲ့ ၂၀၂၀ပြည့်နှစ်အစောပိုင်းကတည်းက မြောက်ကိုရီးယားနိုင်ငံကို အဝင်အထွက်ပိတ်ဆို့တားမြစ်ထားခဲ့တာဖြစ်ပါတယ်။

(Asia One, 16.2.2021) သံသာ