News

“အာဏာသိမ်း စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုးပြီး တရားစွဲဆို”

စစ်ကောင်စီက ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီနေ့မှာပဲ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗီဒီယိုအွန်းလိုင်းစနစ် video conferencing နဲ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ် ။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅၊

သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ တို့နဲ့ ဒီနေ့ တရားစွဲတင်ခဲ့ပါတယ်။

မူလက အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့သာ တရားစွဲဆိုထားရာကနေ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မ ၂၅ ကို ထပ်မံတိုးပြီး တရားစွဲခဲ့တာပါ။

ဒုတိယအကြိမ်ရုံးထုတ်ကိုတော့ မတ်လ ၁ ရက်နေ့မှာ ဆောင်ရွက်သွားမှာပါ။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို စွဲထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

– Unicode