Cele News

“CDM လုပ်ပြီး အပြင်မှာ အခမဲ့ဆေးခန်းဖွင့်ထားတဲ့ သူငယ်ချင်းဆရာဝန်ကို ဝိုင်းဝန်းကူညီပေးနေတဲ့ နီနီခင်ဇော်”

အဆိုတော်နီနီခင်ဇော်ကတော့ CDM ကြောင့်ဆေးရုံမသွားဘဲ ကိုယ်ထူကိုယ်ထ ဆေးခန်းဖွင့်ပြီး လူနာတွေကို အခမဲ့ကူညီပေးနေတဲ့ ဆေးခန်းမှာ ဆေးအကူအဖြစ် ပါဝင်ကူညီပေးနေပါတယ်။ ဒါ့အပြင်သူက ဆေးအကူအနေနဲ့ လုပ်အားပေးရင်း လူနာတွေကို ဆေးဝါးဒါန အခမဲ့ပြုလုပ်ခဲ့ တယ်ဆိုတဲ့ အကြောင်းကိုလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ရေး သားထားပါတယ်။

“ ယနေ့ မြောက်ဥက္ကလာ (ဆ) ရပ်ကွက် ကုသိုလ်ဖြစ် အခမဲ့ သားဖွားဆေးခန်းလေးမှာ CDM ဆရာဝန်တွေ ဖွားပေးလိုက်တဲ့ကလေးပါ။ နီနီ့ သူငယ်ချင်း ဆရာဝန် CDM လုပ်ပြီး နောက်ပိုင်း ကိုယ်ထူကိုယ်ထ ဖွင့်ပေးထားတာပါ။ အခက်အခဲတွေကြားထဲ နေ့တိုင်းဖွားပေးခဲ့တဲ့ CDM Doctors များ Respect ပါ။

အခုမှ သားဖွားဆေးခန်းလေး စလုပ်တာမို့ အလှူတွေ လှူဒါန်းချင်လည်း လှူနိုင်ပါတယ်ရှင်။ ညနေဘက်မှာလည်း ရွှေဆေးခန်းမှာ ဆေးအကူအနေနဲ့ လုပ်အားပေးရင်း လူနာများအားလုံးကို ဆေးဝါး ဒါန အခမဲ့ ပြုခဲ့ပါတယ်” လို့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ထားတာပါ။

နီနီခင်ဇော်ဟာ Medical Practice မလုပ်တာ (၈) နှစ်ရှိသွားပြီလို့လည်း သိရပါတယ်။ ဒါကြောင့်လည်း CDM ကြောင့် ဆေးရုံမသွားဘဲ လူနာတွေကို အခမဲ့ကူညီပေးနေတဲ့ ဆေးခန်းမှာပဲ ဆေးအကူ အဖြစ် သာ ပါဝင်ကူညီပေးနေခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း CDM တွေ တစ်နိုင်ငံလုံး အမြန်ဆုံးအောင်မြင်ရပါမယ်။ မဟုတ်ရင် နန်နာရတဲ့သူတွေဟာ ပြည်သူတွေသာ ဖြစ်လိမ့်မယ်လို့ ပြောထားသလို CDM လုပ်ပေးကြတဲ့ သူ့သူငယ်ချင်းဆရာဝန် အပါအဝင် CDM ကို Support ပေးကြတဲ့ ဝန်ထမ်းများ အားလုံးကို လေးစားဦးညွှတ်ပါတယ်လို့လည်း ရေးသားထားပါသေးတယ်။

သိမ့်