မင်္ဂလာ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းကေတော့ အသက် (၂၅၆) နှစ်ဆိုတာက ပြောလိုက်ရင် လာနောက်နေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ၎င်းက တကယ်ရှိခဲ့တဲ့ အဖြစ်အပျက်ပါ ကြားကြားခြင်းတော့ မယုံနိုင်ပါဘူး။စာတွေကိုသာ ဆုံးအောင်ဖတ်လိုက်ရင် သင်သိလာမှာပါ။
တရုတ်နိုင်ငံ ဆီချန်ခရိုင် ကျုဂျီယန်ဇီအန်ပြည်နယ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးဖွားတဲ့ အချိန်က (၁၆၇၇) ခုနှစ်ဖြစ်ပါတယ်။ သူက (၁၀) နှစ်သား အရွယ်မှာပဲ ဆေးဖက် ဝင်တဲ့ သစ်ဥသေစ်ဖုတွ စုဆောင်းတဲ့အလုပ်ကို လုပ်လာခဲ့ပါတယ်။
li chin yuen ဆေးဝါးရှာဖွေတဲ့ နေရာတွေကတော့ ဂန်ဇူးဒေသ တိဘက်နိုင်ငံ ဗီယက် နမ်၊ထိုင်း ရုရှားနယ်စပ်တို့မှာ သွားရောက်ရှာဖွေလာခဲ့ပါတယ်။
သူက သစ် ဥသစ်ဖုတွေရှာဖွေရတာကြောင့် ဆန်ဝိုင်အရက်နဲ့ သစ်ဥသစ်ဖုတွေကိုသာ မှီဝဲလာခဲ့ပါတယ်။ သူက ဒါတွေကိုဘဲ အမြဲမှီဝဲခဲ့တာကြောင့် များစွာပျိုမြစ် နုနယ်လာခဲ့ပါတယ်။
သူရဲ့အသက် (၇၂) နှစ်အရွယ်မှာသူ ပြည် သူ့စစ်တပ်မှာသူက (၁၇၄၉) ခုနှစ်မှတော့ ကိုယ် ခံပညာဆရာအဖြစ် သင်ကြားပေးလာခဲ့ပါတယ်။ ထိုတပ်မှာ (၆) နှစ်ကြာစစ်မှုထမ်းခဲ့ပြီး (၇၈) နှစ်မှာအငြိမ်းစာ ယူလာခဲ့ပါတယ်။
ထိုနောက် သူက နှစ်ပေါင်းတစ်ရာကျော် လောက်အထိကို ဆေးဝါးရှာခြင်းနဲ့ပဲ ကုန်ဆုံးစေခဲ့ပါတယ်။ သူက မျက်စိလျှင်တယ်။ခြေလှမ်းကျှဲကျဲ လှမ်းတတ်တယ်။ အရပ်အမြင့်က (၇) ပေလောက်ရှိပါတယ်။ ခုလက်သည်းတွေ တော်တော်ရှည်တယ်။
အသားအရောင်က အနီရောင်သမ်းပါတယ်။ သူကို တရုတ်စစ် သေနာပတိကြီး Wu Peifu ဟာ Li Chinf-yuen ကိုခေါ်ယူပြီး အသက်ရှည်အောင် ဘယ်လိုလုပ်ရမလဲဟု မေးမြန်းသောအခါ တိတ်ဆိတ်ငြိမ်သက်တဲ့ နှလုံး သားနဲ့အသက်ရှင်ပါ။ လိပ်တစ်ကောင်လို နေထိုင်ပါ။ ပင်ဂွင်းဌက်လို လမ်းလျှောက်ပါ လို့ပြောခဲ့ပါတယ်။
(၁၉၈၂) နှစ်မှာ ယူကူတက္ကသိုလ် ပါမောက္ခ ကြီးက သူရဲ့အသက်ရှည်မှုကို သံသယဖြစ်လာခဲ့ပါတယ်။ တရုတ်အစိုးရရဲ့အသက် (၁၅၀) ပြည့်နဲ့အသက် (၂၀၀) ပြည့် ဂုဏ်ပြုသဝဏ်လွှာကိုတွေ့မှသာ အံသြ ယုံကြည် လာခဲ့ပါတယ်။ ထိုအချိန်မှာ North China Daily news နှင့် Shanghai Declaration News တွေကအပြိုင်အဆိုင် ရေးသာဖော်ပြခဲ့ကြပါတယ်။ The New Yourk Timesက (၁၉၂၉) ခုနှစ်မှာ သူရဲ့သတင်းတွေကို ဖော်ပြလာခဲ့ပါသေးတယ်။
အိမ်နီးချင်းအဖိုးအို တစ်ယောက်ကိုမေးကြည့်ရမှာတော့ ရုပ်ရည်အတိုင်းအကဲခတ်မယ်ဆိုရင် ကျွန်တော်နဲ့ သူက ရွယ်တူလို့ ထင်ရတာပေါ့ဗျာ။ မဟုတ်ဖူးဗျ။ ကျွန်တော့် အဖိုးအဖွားတွေ အိုးပုတ်လေးတွေနဲ့ ကစားနေတဲ့အချိန်မှာတောင် သူကလူကြီးတစ်ယောက်ဖြစ်နေပြီ။ သူအသက်က (၂၀၀) ကျော်နေပြီ မယုံမရှိနဲ့ လို့လဲပြောပါသေးတယ်။
Li Ching Yuen ကအသက် (၂၅၆) နှစ် (၁၉၃၃) ခုနှစ်မှာ လူကြီးရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ သူက မသေခင်မှာ ဇနီးပေါင်း (၂၄) ယောက်ကိုလက်ထက်ခဲ့ပြီး သားသမီး (၂၀၀) ကျော်နဲ့မျိုးဆက် (၁၁) ဆက်ရှိခဲ့ပါတယ်။
သူကွယ်လွန်ချိန်မှာ နောက်ဆုံး ဇနီးက အသက် (၆၀) ရှိနေခဲ့ပါပြီ။ တချိ့ကတော့ လီဟာ (၁၇၆၃) ခုနှစ်မှာမွေးခဲ့တယ်လို့လဲ ပြောပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပါ အဲဒီအချိန်မွေးခဲ့တယ်ဆိုရင်တောင် သူအသက်က (၁၉၇) ခုနှစ်နဲ့ကမ္ဘာ့ အသက်အရှည်ဆုံးဖြစ်နေတာပါ။
သို့သော် လီကတော့ ဂရင်းနှစ်စံချိန်ထဲ မဝင်ခဲ့ပါ။ မီဒီယာအားမကောင်းတာ ကြောင့်လဲပါပါမယ်။ ပရိတ်သတ်ကြီးအားလုံးလည်း li ching yuenအပေါ် မှတ်ချက်လေးတွေ ရေး သားခဲ့ပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူးတင်လျက်ပါ။
Credit :Original Uploader