News

လယ်ကွင်းမြေအောက်တွင်စကျင် ကျောက်ဆစ် ဘုရားဆင်းတုတော် (၁၄)ဆူတွေ့ရှိ

ဒီပဲယင်းမြို့နယ် အေးသာယာကျေးရွာမြောက်ဘက်(၁)မိုင်ခန့်ရှိလယ်ကွင်းမြေအောက်တွင်စကျင် ကျောက်ဆစ် ဘုရားဆင်းတုတော် (၁၄)ဆူတွေ့ရှိ

ဇန်နဝါရီ ၃၀ ဒီပဲယင်းမြို့နယ်သတင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ နယ်၊ အေးသာယာကျေးရွာအုပ်စု၊ အေးသာယာကျေးရွာ၏ မြောက်ဘက်

(၁)မိုင်ခန့်အကွာ GA 332032နေရာ၌ ယမန်နေ့ညနေ (၁၇း၃၀)အချိန်ခန့်တွင် ယင်းကျေးရွာနေ ကိုဖိုးနိုင်(၃၇)နှစ်နှင့် ၄င်း၏

ဇနီးဖြစ်သူ မခင်နှင်းအေး(၃၇)နှစ်တို့သည် လယ်ကဇင်းရိုးအား ပြုပြင်ရန်အတွက် သွားရောက်ကြစဥ်

၄င်းတို့ ပြုပြင်ရန်အတွက် သွားရောက်သည့် လယ်ကဇင်းပေါ်တွင် ပေါက်ရောက်နေသော ညောင်ပင်အခြောက်အား

လယ်ကဇင်းရိုးဖြင့် မလွတ်သောကြောင့် တူးဖော်ကြရာ၌ မြေအောက်(၁)ပေခန့်

အရောက်၌ စကျင်ကျောက်ဖြင့် ထုဆစ်ထားသော ဉာဏ်တော်အမြင့်(၆)လက်မခန့်ရှိ ဘုရားဆင်းတု တော်(၇)ဆူအား

လည်းကောင်း၊ ဉာဏ်တော်အမြင့်(၅)လက်မခွဲခန့်ရှိ ဘုရားဆင်းတုတော်(၅)ဆူအား လည်းကောင်း၊အသီးသီးရှာဖွေ တွေ့ရှိခဲ့သဖြင့်

ယမန်နေ့ညနေ(၁၈း၀၀)အချိန်ခန့်၌ အေးသာယာ ကျေးရွာ သာသနာ့လက်ာကျောင်းတိုက်၏ ကျောင်းတိုင်ဆရာတော် ဦးရာစီန္ဒ၊

သက်တော်(၄၇)နှစ်၊ ဝါတော်(၁၇)ဝါထံ ဘုရားဆင်းတု တော်များအား သွားရောက်အံနှံခဲ့သည်ဟု သတင်းရရှိပါသည်။

လေးစားစွာဖြင့်

ကိုတုတ်ကြီးပင်လည်ဘူး