News

ဆန်ထဲမှာ အာဆင်းနစ်အဆိပ်တွေ ပါလာခြင်း အကြောင်းအရင်းနှင့် ဘာဗီတာမင်မှ မပါတဲ့ မြန်မာဆန်

ဆန်ကို ဖြူအောင်ကြိတ်စက်နဲ့ချွတ်လိုက်တဲ့အခါ အပေါ်လွှာ အာဟာရတွေ ဖိုင်ဘာဓါတ်တွေ ပါတဲ့ အပြင်လွှာဟာ ဖွဲအဖြစ်ရောက်သွားပါတယ်၊ ဗိုက်တာမင်တွေ၊ သတ္တုဓါတ်တွေပါကုန်တယ်၊ ဆန်မှာ ကာဗွန်ဟိုက်ဒရိတ်ကလွဲရင်ဘာမှမကျန်တော့ဘူးတဲ့၊ ဒါကြောင့် အခွံပဲချွတ်ထားတဲ့ ဆန်ညိုဟာ ပိုပြီးကျမ်းမာရေးနဲ့ညီတယ်။

နိုင်ငံခြားမှာတော့ ဆန်ကို ဗိုက်တာမင်တွေသတ္တုဓါတ်တွေ အပေါ်က ဖျန်းပြီး ရောင်းတယ်။ထမင်းဖြူ အများအပြားစားတဲ့ လူ သုံးသိန်းငါးသောင်းကျော်ကို ဆန်းစစ်ကြည့်တဲ့အခါ ကာဗွန်ဟိုက်ဒရိတ်ကလွဲရင် ဘာဗိုက်တာမင်မှမကျန်တော့တဲ့ ဆန်ဖွေးဖွေးလှလှတွေဟာ သွေးထဲသကြားဓါတ်များစေလို့ type2 diabetes ဆီးချိုရောဂါဖြစ်စေတယ်၊ ဆီးချိုဖြစ်ဖို့ အားပေးတယ်၊ ဒါကြောင့်ဆီးချိုဖြစ်သူတွေဟာထမင်း လျော့စားရပါတယ်။

ထမင်းဖြူဟာ လျောလျောရှုရှု ဝင်လို့ များများစားနိုင်တယ်၊ အစာအိမ်က အမြန် အစာချေဖျက် ပစ်တယ်၊ ဗိုက်ပြန်ဆာလာတယ်။ထမင်းစားပြီး နေ့လည် ၂ နာရီ ၃ နာရီဆို မြန်မာတွေဟာ သားရေစာ စားချင်လာတယ်၊ ဗိုက်ထွက်လာတယ်။ဆန်ကြမ်းစားသူဟာ ဖိုင်ဘာတွေ သတ္တုဓါတ်တွေပါလို့ မပျော့ပြောင်းတဲ့အတွက် နည်းနည်းပဲ စားနိုင်တယ်။

နှလုံးကိုကာကွယ်ပေးနိုင်တယ်၊ သွေးကြောမာတာမျိုး မဖြစ်စေဘူး။ ဝတာ လျော့ချပေးနိုင်တယ်။နောက်တခုက ဆန်ဟာ မြစ်ဝကျွန်းပေါ်ဒေသတွေမှာစိုက်ကြတော့ မြစ်အပေါ်ပိုင်းက သတ္တုတူးဖေါ်ရာကနေ အာဆင်းနစ်တွေ မြစ်ဝကျွန်းပေါ်ရောက်လာလို့ ဆန်ထဲမှာ အာဆင်းနစ်အဆိပ်တွေ ပါလာတယ်၊ ကင်ဆာဖြစ်နှုံးတက်လာပါတယ်။

ဆန်ကြမ်းဟာ အာဆင်းနစ်တွေကိုပြည့်ဝစွာမချွတ်ထားနိုင်တာကြောင့် အာဆင်းနစ်ပါဝင်မှုပိုများတယ်။ကင်ဆာနဲ့ နှလုံးရောဂါရစေတယ်။ဆန်ထဲမှာအာဆင်းနစ်ပါဝင်မှုနည်းတဲ့ဆန်က jasmine rice စပယ်ဆန် နဲ့ Basmati ဘာစမတီဆန် ဖြစ်ပါတယ်။မြစ်အထက်ပိုင်း၊မြစ်ချောင်းနဲ့ဝေးရာ၊ဧရာဝတီ နဲ့ဝေးရာက ဆန်တွေဟာ အာဆင်းနစ်နည်းကောင်းနည်းမယ်။

ဟိမဝန္တာဒေသ နဲ့ တောင်ယာဆန်ဟာ ကျမ်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဆန်ကိုချက်တဲ့အခါ ပိုးသတ်ဆေးအကြွင်းအကျန်နဲ့ မကောင်းတဲ့အဆိပ်တွေ ရေထဲပျော်ကျသွားဖို့ တညတာ ရေစိမ်ထားသင့်ပါတယ်။

ဆန်ကိုစားတဲ့အခါ လျော့စားပါ၊ အသီးအရွက်နဲ့ဆတူစားပါ၊ မိမိ လေ့ကျင့်ခန်းမလုပ်နိုင်ပဲ ရုံးထိုင်ရတဲ့နေ့တွေမှာ ဆန်ကို လျော့စားပါ။ ရေတခွက်အယင်သောက်ပြီးမှ ထမင်းစားပါ။ ဖြစ်နိုင်ရင် ဆန်ကြမ်းကိုသာတညရေစိမ် နောက်နေ့ဆေးပြီးမှ စားပါ။

Credit Kyaw Swa Min

UNICODE