News

နာမည္ေက်ာ္ ႐ုပ္ရွင္မင္းသမီး အိန္ဂ်လီနာ ဂ်ိဳလီသည္ စီအိုင္ေအ သူလွ်ိဳ တဦး ျဖစ္ႏိုင္ဟုသတင္းမ်ားထြက္ေပါ္

Zawgyi/Unicode

နာမည္ေက်ာ္ ႐ုပ္ရွင္မင္းသမီး အိန္ဂ်လီနာ ဂ်ိဳလီသည္ စီအိုင္ေအ သူလွ်ိဳ တဦး ျဖစ္ႏိုင္ဟုဆို နာမည္ေက်ာ္ေဟာလိဝုဒ္မင္းသမီးေခ်ာ

အိန္ဂ်လီနာဂ်ိဳလီဟာ စီအိုင္ေအသူလွ်ိဳတစ္ဦးျဖစ္ႏိုင္တယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။

သူ႔ရဲ႕ နာမည္ေက်ာ္႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ေအးဂ်င့္တစ္ဦးအျဖစ္ မၾကာခဏသ႐ုပ္ေဆာင္ေလ့ရွိတဲ့ ဂ်ိဳလီအတြက္ေတာ့ ျဖစ္ႏိုင္ဖြယ္ရာရွိတဲ့အခ်က္အလက္ေတြေၾကာင့္ သူလွ်ိဳျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းခံေနရတာလည္းျဖစ္ပါတယ္။

ၿဗိတိန္သတင္းစာ The Sun ရဲ႕ ေဖာ္ျပခ်က္အရ အသက္ ၄၅ ႏွစ္အ႐ြယ္ မိန္းမေခ်ာဟာ အေမရိကန္အစိုးနဲ႔ ဆက္ဆံေရးေတာ္ေတာ္ေလးေကာင္းမြန္သူျဖစ္သလို

ၿဗိတိန္အမ်ိဳးသားေအဂ်င္စီတစ္ခုျဖစ္တဲ့ အမ္အိုင္ ၆ အႀကီးအကဲနဲ႔လည္း ေတြ႕ဆုံခဲ့ဖူးတယ္ဆိုတဲ့ အခ်က္အလက္ေတြက သူမကို

သူလွ်ိဳအျဖစ္ ယူဆႏိုင္ဖြယ္ရာ ခိုင္မာတဲ့အခ်က္တစ္ခ်က္အျဖစ္ ရွိေနလာခဲ့ပါတယ္။

၂၀၀၀ ျပည့္ႏွစ္ေက်ာ္ကာလေတြမွာ ေအာ္စကာဆုကို ႏွစ္ႀကိမ္တိုင္တိုင္ရရွိခဲ့တဲ့ ဂ်ိဳလီကိုအဆိုပါကာလေတြမွာကတည္းကသူလွ်ိဳျဖစ္တယ္လို႔ စြပ္စြဲခဲ့ၾကဖူးပါတယ္။

ဂ်ိဳလီဟာ CIA ၫႊန္ၾကားေရးမႉးတစ္ဦးက်ဆုံးခဲ့တဲ့ ဇာတ္ဝင္ခန္းတစ္ခုကို ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး စီအိုင္ေအရဲ႕ ေထာက္ပံ့မႈနဲ႔ ႐ိုက္ကူးခဲ့တဲ့႐ုပ္ရွင္ကားႏွစ္ကားမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ကာ ျပည္ပအရာရွိေတြက သူမကို ေအးဂ်င့္တစ္ဦးျဖစ္တယ္လို႔ စြပ္စြဲခဲ့ၾကပါတယ္။

၀ါရွင္တန္မွာ လႊမ္းမိုးမႈ ႀကီးမားတဲ့ ႏိုင္ငံျခားေရးမူဝါဒအဖြဲ႕တစ္ခုနဲ႔လည္း ဂ်ိဳလီက ပူးေပါင္းခဲ့ဖူးၿပီး အမ္အိုင္ ၆ အႀကီးအကဲေဟာင္းနဲ႔

အင္တာဗ်ဴးျပဳလုပ္ခဲ့မႈေတြက ဒီစြပ္စြဲခ်က္ေတြကို ခိုင္မာလာေစခဲ့ပါတယ္။

ကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ တြမ္ဆက္ကာက ႐ုပ္ရွင္လုပ္ငန္းနဲ႔ ေထာက္လွမ္းေရးအသိုင္းအဝိုင္းၾကား ဆက္ႏြယ္မႈေတြကို ႏွစ္ေပါင္းမ်ားစြာအခ်ိန္ယူေလ့လာခဲ့ၿပီး

သူရရွိခဲ့တဲ့ အခ်က္အလက္ေတြဟာ ဂ်ိဳလီနဲ႔ စီအိုင္ေအၾကား ေသခ်ာေပါက္ပတ္သက္မႈရွိေနမယ္လို႔ အခိုင္အမာဆိုခဲ့ပါတယ္။

National Security Cinema အမည္ရွိတဲ့ စာအုပ္ကိုေရးသားခဲ့တဲ့ စာေရးဆရာကလည္း ဂ်ိဳလီဟာ စီအိုင္ေအအတြက္ ေရွ႕တန္းကေန ေဆာင္႐ြက္ေနသူျဖစ္

တယ္လို႔ ယုံၾကည္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဆယ္စုႏွစ္ေတြအတြင္းမွာ ဂ်ိဳလီဟာ အေမရိကန္ရဲ႕ မူဝါဒေတြထဲက အေရးႀကီးတစ္ခုျဖစ္တဲ့ လူသားခ်င္းစာနာေထာက္ထားမႈကိစၥေတြကို

ထဲထဲဝင္ဝင္ပါဝင္လုပ္ေဆာင္ေနခဲ့တာကလည္း စီအိုင္ေအအတြက္ ေရွ႕ထြက္လုပ္ေဆာင္ေပးေနတာလို႔ ယူဆရေၾကာင္း ခန႔္မွန္းသုံးသပ္ခဲ့ၾကပါတယ္။

Crd..T V M S-3

UNICODEနာမည်ကျော် ရုပ်ရှင်မင်းသမီး အိန်ဂျလီနာ ဂျိုလီသည် စီအိုင်အေ သူလျှို တဦး ဖြစ်နိုင်ဟုသတင်းများထွက်ပေါ်

နာမည်ကျော် ရုပ်ရှင်မင်းသမီး အိန်ဂျလီနာ ဂျိုလီသည် စီအိုင်အေ သူလျှို တဦး ဖြစ်နိုင်ဟုဆို နာမည်ကျော်ဟောလိဝုဒ်မင်းသမီးချော

အိန်ဂျလီနာဂျိုလီဟာ စီအိုင်အေသူလျှိုတစ်ဦးဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အေးဂျင့်တစ်ဦးအဖြစ် မကြာခဏသရုပ်ဆောင်လေ့ရှိတဲ့ ဂျိုလီအတွက်တော့ ဖြစ်နိုင်ဖွယ်ရာရှိတဲ့အချက်အလက်တွေကြောင့် သူလျှိုဖြစ်နိုင်တယ်လို့ ခန့်မှန်းခံနေရတာလည်းဖြစ်ပါတယ်။

ဗြိတိန်သတင်းစာ The Sun ရဲ့ ဖော်ပြချက်အရ အသက် ၄၅ နှစ်အရွယ် မိန်းမချောဟာ အမေရိကန်အစိုးနဲ့ ဆက်ဆံရေးတော်တော်လေးကောင်းမွန်သူဖြစ်သလိုဗြိတိန်အမျိုးသားအေဂျင်စီတစ်ခုဖြစ်တဲ့ အမ်အိုင် ၆ အကြီးအကဲနဲ့လည်း တွေ့ဆုံခဲ့ဖူးတယ်ဆိုတဲ့ အချက်အလက်တွေက သူမကိုသူလျှိုအဖြစ် ယူဆနိုင်ဖွယ်ရာ ခိုင်မာတဲ့အချက်တစ်ချက်အဖြစ် ရှိနေလာခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်ကျော်ကာလတွေမှာ အော်စကာဆုကို နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ ဂျိုလီကိုအဆိုပါကာလတွေမှာကတည်းကသူလျှိုဖြစ်တယ်လို့ စွပ်စွဲခဲ့ကြဖူးပါတယ်။

ဂျိုလီဟာ CIA ညွှန်ကြားရေးမှူးတစ်ဦးကျဆုံးခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ပါဝင်သရုပ်ဆောင်ခဲ့ပြီး စီအိုင်အေရဲ့ ထောက်ပံ့မှုနဲ့ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားနှစ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ကာ ပြည်ပအရာရှိတွေက သူမကို အေးဂျင့်တစ်ဦးဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

ဝါရှင်တန်မှာ လွှမ်းမိုးမှု ကြီးမားတဲ့ နိုင်ငံခြားရေးမူဝါဒအဖွဲ့တစ်ခုနဲ့လည်း ဂျိုလီက ပူးပေါင်းခဲ့ဖူးပြီး အမ်အိုင် ၆ အကြီးအကဲဟောင်းနဲ့အင်တာဗျူးပြုလုပ်ခဲ့မှုတွေက ဒီစွပ်စွဲချက်တွေကို ခိုင်မာလာစေခဲ့ပါတယ်။

ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ တွမ်ဆက်ကာက ရုပ်ရှင်လုပ်ငန်းနဲ့ ထောက်လှမ်းရေးအသိုင်းအဝိုင်းကြား ဆက်နွယ်မှုတွေကို နှစ်ပေါင်းများစွာအချိန်ယူလေ့လာခဲ့ပြီးသူရရှိခဲ့တဲ့ အချက်အလက်တွေဟာ ဂျိုလီနဲ့ စီအိုင်အေကြား သေချာပေါက်ပတ်သက်မှုရှိနေမယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

National Security Cinema အမည်ရှိတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ စာရေးဆရာကလည်း ဂျိုလီဟာ စီအိုင်အေအတွက် ရှေ့တန်းကနေ ဆောင်ရွက်နေသူဖြစ်တယ်လို့ ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ ဂျိုလီဟာ အမေရိကန်ရဲ့ မူဝါဒတွေထဲက အရေးကြီးတစ်ခုဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှုကိစ္စတွေကိုထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်နေခဲ့တာကလည်း စီအိုင်အေအတွက် ရှေ့ထွက်လုပ်ဆောင်ပေးနေတာလို့ ယူဆရကြောင်း ခန့်မှန်းသုံးသပ်ခဲ့ကြပါတယ်။

Crd..T V M S-3