News

သာသနာတော်ကြီး တည်တံ့ဖို့ ရည်စူးပြီး ကျပ်သိန်းပေါင်း ၂၀၀၀၀ ( နှစ်သောင်း) ကျော် လှူဒါန်းခဲ့တဲ့ အလှူရှင်

သာသနာတော်ကြီး တည်တံ့ဖို့ ရည်စူးပြီး ကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော် လှူဒါန်းခဲ့တဲ့ အလှူရှင်

နတ်ပြည်မှာ ဘုံဗိမ္မာန် ပေါက်နေလောက်ပြီ။သာဓု သာဓု သာဓု။ မန္တလေးမြို့ဝါးတန်းရပ် ၂၉ လမ်းတွင် နေထိုင်သော ဒေါ်ညွန့်ညွန့်အေးသည် မန္တလေး သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကို တစ်ဦးတည်း ဒါယိကာမ အဖြစ် ခံယူ၍ လှူဒါန်းခဲ့သည်။

ကုန်ကျငွေပေါင်းမှာ ကျပ်သိန်းပေါင်း၂၀၀၀၀ ( နှစ်သောင်း) ကျော် ဖြစ်သည်။၎င်းက ဤသို့ တိုက်တွန်းပြောကြားပါသည် ကျွန်မ အခုလို လှူဒါန်းနိုင်ခဲ့တာတွေဟာ ကျွန်မရဲ့ကုသိုလ်ကံစွမ်းအားနဲ့ မိဘနှစ်ပါးပေးခဲ့တဲ့ ကုသိုလ်အမွေတွေပဲ ဖြစ်ပါတယ်။

ဒီမန္တလေး သီတဂူ ဗုဒ္ဓတက္ကသိုလ်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ကျွန်မအခုလို လှူဒါန်းတာကလည်း သာသနာတော်ကြီး အရှည်ခံ့၍ တည့်တံ့ပြီး ကမ္ဘာအရပ်ရပ်ကို ဗုဒ္ဓသာသနာ တည်တံ့ပြန့်ပွားစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းတာ ဖြစ်ပါတယ်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်သော နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ crd