ရထားဈေးသည် အမျိုးသမီးတစ်ဦးထံ၌ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းနှင့် ထိတွေ့ဆက်စပ်သည့် နေအိမ် လေးဆယ်ကျော်ကို LOCK DOWN ချထား လိုက်ရပါတယ်
မိုးကောင်း၊ ဇန်နဝါရီ ၂၉
မိုးကောင်းမြို့၊ နောင်ကိုင်တော်ရပ်မီးရထား၀င်းနေ မီးရထားပေါ်ဈေးရောင်းသူအမျိုးသမီးထံ၌ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းနှင့် ထိတွေ့ဆက်စပ်သည့် နေအိမ် (၄၂)အိမ်ကို LOCK DOWN ချထားကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့၊နောင်ကိုင်တော်ရပ်၊ မီးရထား၀င်းနေ အသက် (၃၃)နှစ်အရွယ် ရထားပေါ်ဈေးရောင်းသူ အမျိုးသမီးသည် ဇန်နဝါရီ (၂၉)ရက် နံနက်ပိုင်းက (42) အစုန် ရထားဖြင့် ပင်းဘောဘူတာထိ ရထားပေါ်တွင် ဈေးရောင်းပြီး
ညနေပိုင်းတွင် (41) အဆန်ရထားဖြင့် မိုးကောင်းဘူတာသို့ပြန်ရောက်စဉ် အနံ့ပျောက် လက္ခဏာဖြစ်ပေါ်သဖြင့် သက်ဆိုင်ရာ တာ၀န်ရှိသူများမှ မိုးကောင်း ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပြီး ဓါတ်ခွဲနမူနာ ရယူစစ်ဆေးရာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍သူမနှင့် အမြဲထိတွေ့ဆက်စပ်ခဲ့သည့် မီးရ ထား၀င်းအတွင်းရှိ မီးရထားဈေးသည်များ၏ နေအိမ်များ၊သူ၏ မိသားစုနှင့် နေ့စဉ်ထိတွေ့ခဲ့သည့်နောင်ကိုင်တော်အုပ်စု၊ မဟောင်ရပ်ကွက်များရှိ နေအိမ်များစုစုပေါင်း (၄၂)အိမ်ကို Lockdown ချပြီး အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
ချိုမောင်