News

“ အားလုံး ငြိမ်ငြိမ်နေကြ ပိုက်ဆံ ဆိုတာ အစိုးရပိုင်တာ အသက်ဆိုတာ မင်းတို့ပိုင်တာ လို့ ဆိုတဲ့ဘဏ်ဓားပြမ်ား

ဘဏ်ဓားပြတိုက်တဲ့ ဖြစ်စဉ်တစ်ခုမှာ… ဓားပြကနေအော်ပြောလိုက်တယ်… “ အားလုံး ငြိမ်ငြိမ်နေကြ…. ပိုက်ဆံ ဆိုတာ အစိုးရပိုင်တာ… အသက်ဆိုတာ မင်းတို့ပိုင်တာ…. “ဘဏ်ထဲမှာရှိတဲ့ လူတွေ အားလုံးဟာ မြန်မြန်ဆန်ဆန်ပဲ ကြမ်းပြင်ပေါ်ကို ဝပ်လိုက်ကြပါတယ်။

သမားရိုးကျ ပြောမယ်ဆိုရင်တော့… ခုခံချင်တဲ့ စိတ်တွေ ဘဏ်ဝန်ထမ်းတွေမှာ ရှိပါလိမ့်မယ်… ဒါပေမယ့် ဓားပြတိုက်တဲ့လူ ပြောလိုက်တဲ့ စကားကြောင့် လူတွေ မြန်မြန်ဆန်ဆန် ကြမ်းပြင်ပေါ် ဝပ်ကျသွားတယ်….

#ဒါကိုအတွေးအခေါ်တွေပြောင်းလဲပြစ်လိုက်တဲ့နည်းလို့ခေါ်ပါတယ်….

###############

အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ကတော့ မပေါ်တပေါ် မြူဆွယ်သလို ပုံမျိုးနဲ့ စားပွဲပေါ်မှာ လှဲနေပါတယ်တဲ့။

အဲဒီအချိန်မှာ ဓားပြက အဲဒီအမျိုးသမီးကို အော်ပြောလိုက်တယ်…

“ သိက္ခာရှိရှိနေစမ်းပါ…. ဒါဓားပြတိုက်နေတာ မုဒိန်းကျင့်နေတာ မဟုတ်ဘူး… “

အဲဒါကို Professional ဆန်တယ်…. လို့ခေါ်ပါတယ် #ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုပဲအောင်မြင်အောင်အာရုံစိုက်တာမျိုးပေ့ါ

#################

နောက်တော့ ဓားပြတွေ အိမ်ပြန်ရောက်သွားကြတယ်။

အဲဒီမှာ MBA ဘွဲ့ရ ဓားပြ လူငယ်တစ်ယောက်က ခြောက်တန်းပဲ အောင်တဲ့ အသက်ကြီးဆုံး ဓားပြကြီးကို ပြောတယ်…

“ အစ်ကိုကြီး ငါတို့ ပိုက်ဆံတွေ ဘယ်လောက် ရခဲ့သလဲဆိုတာ ရေတွက်ကြည့်ရအောင် “

အဲဒီမှာ အသက်ကြီးတဲ့ ဓားပြက ပြန်ပြောတယ်…

“ မင်းတော်တော် သောက်သုံးမကျတာပဲ… ဒီလောက် ပိုက်ဆံတွေ အများကြီးကို ရေဖို့ ဘာလို့ အချိန်တွေ အများကြီး အကုန်ခံနေမှာလဲ…

ဒီည TV သတင်းကို စောင့်ကြည့်လိုက် ငါတို့ ဘဏ်ကနေ ပိုက်ဆံ ဘယ်လောက် ယူလာတယ်ဆိုတာ သတင်းမှာ ကြေငြာလိမ့်မယ် “
#အဲဒါကိုအတွေ့အကြုံလို့ခေါ်ပါတယ်

#ယနေ့မျက်မှောက်ခေတ်မှာအတွေ့အကြုံဟာဘွဲ့လက်မှတ်တွေထက်ပိုပြီးအရေးကြီးပါတယ်…

#################

ဓားပြတွေဘဏ်ကနေ ဓားပြတိုက်ပြီး ပြန်သွားတဲ့ အချိန်မှာ… ဘဏ်မန်နေဂျာနေ ကြီးကြပ်သူကို လှမ်းပြီး ပြောတယ်…. ရဲတွေ မြန်မြန်ခေါ်ဖို့ပါ…

ဒါပေမယ့် ကြီးကြပ်သူက မန်နေဂျာကို ပြန်ပြောပါတယ်..

“ နေဦး ဘဏ်ထဲက ဒေါ်လာ ဆယ်သန်းကို ငါတို့ဘာသာ ငါတို့ ခိုးထားရအောင်… နောက်ပြီးတော့… ငါတို့ အရင်က အလွဲသုံးစား လုပ်ထားလို့ ကုန်သွားတဲ့ ဒေါ်လာ သန်း ခုဆယ်ကိုလည်း… တစ်ခါတည်း ပေါင်းထည့်လိုက်တာပေ့ါ”

အဲဒါကိုတော့ ချော်လှဲရောထိုင်လို့ ခေါ်ပါတယ်… #အကျပ်တည်းတစ်ခုကိုကိုယ့်ရဲ့အခွင့်အရေးအဖြစ်ပြောင်းလည်းအသုံးချလိုက်တာပါ….

#################

ကြီးကြပ်သူက ဘာပြောလဲဆိုတော့…

“ ဒီလို သာ လတိုင်း ဘဏ်ဓားပြ လာတိုက်နေရင်တော့ သိပ်ကောင်းမှာပဲ”

ဒါကတော့ ပျင်းရိငြီးငွေ့စရာ ဒါမှမဟုတ် ဘေးကြပ် နံကြပ် ဖြစ်နေချိန်မှာ.. အပြောင်အပျက် ပြောလိုက်တာပါ…

#ဘဝမှာတကိုယ်ရေပျော်ရွင်မှုဆိုတာအလုပ်ထက်ပိုပြီးအရေးကြီးပါတယ်….

#################

နောက်နေ့ရောက်တော့…

TV သတင်းမှာပါလာတယ်…. ဘဏ်ဓားပြတွေဘဏ်ကနေ ဒေါ်လာ သန်းတစ်ရာ ယူသွားကြတယ်တဲ့လေ…

ဓားပြတွေက သူတို့ ယူလာတဲ့ ပိုက်ဆံတွေကို အကြိမ်ကြိမ် အပြန်ပြန်လှန်လှန် ရေတွက်ကြည့်တော့ သူတို့ ယူလာတဲ့ ပိုက်ဆံက ဒေါ်လာ သန်းနှစ်ဆယ်ပဲရှိပါတယ်… အဲဒီမှာ ဓားပြတွေက တော်တော်လေး ဒေါသထွက်သွားတယ်…

“ ငါတို့က အသက်နဲ့ ရင်းပြီး ဓားပြတိုက်တာ ဒေါ်လာ သန်းနှစ်ဆယ်ပဲရတယ်… ဘဏ်မန်ဂျာကတော့ လက်ဖျောက်လေး တစ်ချက်တီးလိုက်တာနဲ့ သန်းရှစ်ဆယ်ရသွားတယ်… ပညာတတ်တဲ့လူက သူခိုးထက်သာလွန်ပြီး ပိုကောင်းတယ် “

ဘဏ်မန်နေဂျာကတော့ ဘဏ်ဓားပြတိုက်မှုကို စဉ်းစားရင်း ပြုံးနေပါတယ်…. ဘာဖြစ်လို့လဲဆိုတော့ အစုရှယ်ရာတွေထဲမှာ သူရှူံးခဲ့တဲ့ ပိုက်ဆံတွေဟာ ဘဏ်ဓားပြတိုက်ခံရတဲ့ စားရင်းထဲကို ထည့်လိုက်ရလို့ပါ…

ကဲ… ဒီပုံပြင်မှာ တကယ့် ဓားပြက ဘယ်သူပါလဲ…..?ဒို့တိုင်းပြည်မှာရော ဒီလိုပညာတတ်သူခိုးတွေမရှိနိုင်ဘူးလား?

Crd