ဗဟုသုတ

မိုက္ခ႐ိုေဆာ့ဖ္ပိုင္ရွင္ သူေဌးႀကီး ဘီဂိတ္စ္ရဲ႕ စံအိမ္ကို ဘယ္လိုတည္ေဆာက္ထားသလဲ

မိုက္ခ႐ိုေဆာ့ဖ္ပိုင္ရွင္ သူေဌးႀကီး ဘီဂိတ္စ္ရဲ႕ စံအိမ္ကို ဘယ္လိုတည္ေဆာက္ထားသလဲ

မိုက္ခ႐ိုေဆာ့ဖ္ပိုင္ရွင္ သူေဌးႀကီးဘီဂိတ္စ္ဟာ လက္ရွိအခ်ိန္မွာေတာ့ ႂကြယ္ဝမႈ အေမရိကန္ေဒၚလာ ၁၁၉ဘီလ်ံ နဲ႔ ကမာၻ႔အဆင့္ ၄ ေနရာကို ေရာက္ရွိသြားခဲ့ပါၿပီ။ ျပင္သစ္သူေဌးႀကီး Bernard Arnault နဲ႔ Tesla လွ်ပ္စစ္ကားကုမၸဏီ ၊ Space X တို႔ရဲ႕ စီအီးအိုျဖစ္သူ Elon Musk တို႔က သူ႔ကို ေက်ာ္တက္သြားလို႔ ျဖစ္ပါတယ္။

ဒါေပမယ့္ လူသိအမ်ားဆုံး အထင္ရွားဆုံး ပရဟိတအလုပ္ဆုံး စာရင္းမွာေတာ့ သူ႔ကို ဘယ္သူမွ မမွီေသးပါဘူး။ ဒီတခါေတာ့ ဘီဂိတ္ရဲ႕ပိုင္ဆိုင္မႈမ်ားစြာအနက္ Xanadu 2.0 လို႔ ထင္ရွားတဲ့ သူ႔ရဲ႕အိမ္ကို ဘယ္လိုတည္ေဆာက္ထားသလဲ ဆိုတဲ့အေၾကာင္းကို ေဝမွ်သြားပါမယ္။ဘီဂိတ္စ္ရဲ႕ ဒီစံအိမ္ကေတာ့ အေမရိကန္ႏိုင္ငံ ဝါရွင္တန္ ၊ မက္ဒီနာၿမိဳ႕ ဝါရွင္တန္ေရကန္ႀကီး အနီးမွာ တည္ေဆာက္ထားတာျဖစ္ပါတယ္။

စတုရန္းေပ ၆၆,၀၀၀ က်ယ္ဝန္းတဲ့ ဒီေနရာကို ၁၉၉၈ ခုႏွစ္က ဝယ္ခဲ့တာျဖစ္ၿပီး ဝယ္စဥ္တုန္းက ေဒၚလာ ၂သန္း နဲ႔ ျဖစ္ပါတယ္။ ဘီဂိတ္စ္ဟာ ဒီေနရာကို Bohlin Cywinski Jackson နဲ႔ Cutler-Anderson တို႔လို ဗိသုကာ ကုမၸဏီႀကီးေတြထံအပ္ကာ သူစိတ္တိုင္းက် အခ်က္ေတြနဲ႔ ဒီဇိုင္းဆြဲေစခဲ့တာျဖစ္ပါတယ္။ဒီအိမ္ႀကီးကို ၇ ႏွစ္နီးပါး အခ်ိန္ယူ တည္ေဆာက္ျပင္ဆင္ခဲ့ရၿပီး စုစုေပါင္း ကုန္က်စရိတ္ အေနနဲ႔ ေဒၚလာ သန္း ၇၀ နီးပါး ကုန္က်ခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဒီအိမ္ႀကီးရဲ႕ တန္ဖိုးဟာ အေမရိကန္ေဒၚလာ သန္း ၁၃၀ နီးပါး တန္ေၾကး ရွိသြားၿပီလို႔ သိရပါတယ္။ ဘီဂိတ္စ္ အေနနဲ႔လည္း အိမ္ႀကီးရဲ႕ အခြန္အတြက္တင္ ေဒၚလာ ၁သန္းေက်ာ္ ေပးေဆာင္ခဲ့ရပါတယ္။ သဘာဝကိုခ်စ္တဲ့ နည္းပညာ သူေဌးျဖစ္တာနဲ႔ အညီ သူ႔ရဲ႕စံအိမ္ကိုလည္း သဘာ၀ နဲ႔ အဆင့္ျမင့္ နည္းပညာေတြကို ေပါင္းစပ္ တည္ေဆာင္ထားခဲ့ပါတယ္။

ဘီဂိတ္စ္ရဲ႕ အိမ္ဟာ အျခားသူေဌးႀကီးအမ်ားစုရဲ႕ စံအိမ္ေတြလို နန္းေတာ္ႀကီးတမွ် ဟိတ္ႀကီးဟန္ႀကီး မရွိပဲ သစ္ေတာေတြထဲမွာ တည္ေဆာက္ထားတဲ့ ပုံမွန္အိမ္တလုံး လိုပဲ ျမင္ရမွာျဖစ္ပါတယ္။ ပစိဖိတ္ lodge စတိုင္ သစ္သားအိမ္ေတြနဲ႔ ဆက္ကာ တည္ေဆာက္ထားတာေၾကာင့္ ႐ိုးရွင္းတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ တည္ေဆာက္ခဲ့တဲ့ အေျခအေနေတြကေတာ့ ဒီေလာက္ မ႐ိုးရွင္းပါဘူး။

ဘီဂိတ္စ္ရဲ႕ဒီအိမ္ကို တည္ေဆာက္စဥ္က ခိုင္ခံ့ၿပီး ၾကာရွည္ခံတဲ့ Douglas fir သစ္ေတြကို သုံးကာ ဝန္ထမ္းခ်ည္းပဲ ၃၀၀ေက်ာ္ အသုံးျပဳတည္ေဆာက္ခဲ့ရတာျဖစ္ပါတယ္။ ဒီအထဲက ၁၀၀ ေက်ာ္ကေတာ့ လွ်ပ္စစ္ကြၽမ္းက်င္သူေတြ ျဖစ္ပါတယ္။အိမ္ထဲကို ဧည့္သည္တေယာက္လာၿပီ ဆိုရင္ဝန္ထမ္းေတြက လုံၿခဳံေရးေစာင့္ၾကည့္စနစ္ေတြကို ျဖတ္ေက်ာ္ေစဖို႔ Pin တခုေပးပါလိမ့္မယ္။

အိမ္ထဲကို ဧည့္သည္ေရာက္လာတာနဲ႔ တၿပိဳင္နက္ သင့္ေတာ္တဲ့ အခန္းအပူခ်ိန္နဲ႔ လွ်ပ္စစ္မီးေတြကို ဖြင့္ေပးမွာ ျဖစ္သလို နံရံေနာက္မွာ လ်ိဳ႕ဝွက္တပ္ဆင္ထားတဲ့ Speaker ေတြကေန ဂီတသံေတြ ထြက္လာေစမွာ ျဖစ္ပါတယ္။ ဧည့္သည္ျပန္ထြက္သြားတာနဲ႔ ဒီအရာေတြဟာ သူ႔အလိုလို ပိတ္သြားေစမွာ ျဖစ္ပါတယ္။အိမ္တအိမ္လုံးရဲ႕ အပူကို ေလွ်ာ့က်ေစဖို႔အတြက္ သဘာဝပတ္ဝန္းက်င္ကိုသာ အဓိက အသုံးျပဳထားပါတယ္။

အနီးမွာ ေရကန္ႀကီးနဲ႔အတူ တအိမ္လုံးပတ္ပတ္လည္မွာ သစ္ပင္ေတြ ထူထပ္စြာ ရွိေနတာေၾကာင့္ ဒီအိမ္ဟာ ေလထုညစ္ညမ္းမႈ မရွိပဲ အၿမဲေအးျမေနေစမွာပါ။အိမ္ထဲက နံရံေတြမွာေတာ့ ေဒၚလာ ၈ေသာင္းတန္ ကြန္ပ်ဴတာ မ်က္ႏွာျပင္ေတြကို တပ္ဆင္ထားပါတယ္။ ဒီ မ်က္ႏွာျပင္ေတြကေန ဘယ္သူမဆို အႀကိဳက္ဆုံး နာမည္ေက်ာ္ေတြရဲ႕ ပန္းခ်ီကား ေတြ ၊ ဓာတ္ပုံေတြကို ေျပာင္းလဲလို႔ရေအာင္ ဖန္တီးထားပါတယ္။

ဒီပန္းခ်ီကားေတြ ၊ ဓာတ္ပုံေတြကို ျပသႏိုင္ဖို႔အတြက္ နည္းပညာ ပစၥည္းေတြကိုေတာ့ ေဒၚလာ ၁၅၀,၀၀၀ အကုန္က်ခံကာ တပ္ဆင္ထားတာျဖစ္ပါတယ္။စတုရန္းေပ ၃၉၀၀ က်ယ္ဝန္းတဲ့ အညိဳေရာင္ အိမ္တေဆာင္ထဲမွာေတာ့ အလ်ား ၆၀ေပ အနံ ၁၇ေပ ရွိတဲ့ ေရကူးကန္ တခုကို ထည့္သြင္းတည္ေဆာက္ထားပါေသးတယ္။

ေရကူးေနစဥ္မွာေတာ့ ေရေအာက္ၾကမ္းျပင္ကေန ဂီတသံေတြ ထြက္ေပၚလာေစမွာ ျဖစ္ပါတယ္။ ဒီေနရာမွာ Locker Room ေတြနဲ႔အတူ ေရခ်ိဳးခန္းေတြကိုလည္း ထည့္သြင္းတည္ေဆာက္ထားပါတယ္။ဘီဂိတ္စဟာ စိတ္ႀကိဳက္ခုန္လို႔ရတဲ့ Trampoline ကိုလည္း ႏွစ္သက္ပါတယ္။ Trampoline ခန္းရဲ႕အျမင့္ကေတာ့ ေပ ၂၀ ခန႔္ရွိၿပီး ဒီအထဲမွာေတာ့ အပန္းေျဖတဲ့အေနနဲ႔ စိတ္လြတ္ကိုယ္လြတ္ ပုံသ႑ာန္မ်ိဳးစုံနဲ႔ ခုန္ေနႏိုင္ပါတယ္။ Trampoline ဆိုတာကေတာ့ စပရိန္ခံထားတဲ့ ပိတ္စကို ေျပာတာပါ။

အားကစားခန္းမကလည္း စတုရန္းေပ ၂၅၀၀ ခန႔္ရွိၿပီး ေခြၽးထုတ္ခန္း နဲ႔ ေရေႏြးေငြ႕ခန္းေတြကိုပါ တပါတည္း ထည့္ေပးထားပါေသးတယ္။စားေသာက္ခန္းမကေတာ့ စတုရန္းေပ ၁၀၀၀ က်ယ္ဝန္းကာ လူေပါင္း ၂၀၀ ဝန္းက်င္ကို တပါတည္း ဧည့္ခင္းႏိုင္ၿပီး နံရံရဲ႕ တဖက္မွာေတာ့ ၆ေပ အျမင့္ရွိတဲ့ ထုံးေက်ာက္မီးဖိုႀကီး ရွိၿပီး တဖက္မွာေတာ့ ၂၂ေပ အက်ယ္ရွိတဲ့ ဗီဒီယို မ်က္ႏွာျပင္ႀကီး တခု ရွိေနပါတယ္။

တအိမ္လုံးမွာေတာ့ ေရခ်ိဳးခန္းခ်ည္းပဲ ၂၄ ခု ေတာင္ ရွိေနပါတယ္။ ဒါေတြကိုေတာ့ ဘီဂိတ္စ္ဟာ ဧည့္ခံပြဲ ပါတီေတြ က်င္းပတဲ့အခါ ဧည့္သည္ေတြ တပါတည္း အသုံးျပဳလို႔ ရေစဖို႔ တည္ေဆာက္ထားတာျဖစ္ပါတယ္။ မီးဖိုေခ်ာင္ခ်ည္းပဲ ၆ ခုဟာ အိမ္ရဲ႕ ေနရာအႏွံ႔မွာ ရွိေနပါတယ္။ အိမ္ရဲ႕ ဘယ္ေနရာမွာမွာ ပါတီလုပ္လုပ္ အနီးဆုံး မီးဖိုေခ်ာင္ကေန ဝန္ထမ္းေတြက ခ်က္ျပဳတ္စီစဥ္ေပးမွာ ျဖစ္ပါတယ္။စာအုပ္ခ်စ္သူဘီဂီတ္စ္ဟာ ဒီအိမ္မွာလည္း စတုရန္းေပ ၂၁၀၀ က်ယ္ဝန္းတဲ့ စာၾကည့္တိုက္ကို ထည့္သြင္းထားပါတယ္။

အမိုးခုံးနဲ႔အတူ ႀကီးမားတဲ့ စာအုပ္စင္ႀကီးေတြ ရွိေနၿပီး ဒီေနရာမွာ တန္ဖိုးအရွိဆုံးကေတာ့ သန္း ၃၀ ေက်ာ္တန္ လက္ေရးမူျဖစ္ပါတယ္။ ဒီလက္ေရးမူကိုေတာ့ Codex Leicester လို႔ေခၚၿပီး ေရးသားခဲ့သူကေတာ့ အီတလီစြယ္စုံပညာရွင္ႀကီး လီယိုနာဒို ဒါဗင္ခ်ီျဖစ္ပါတယ္။ လီယိုနာဒိုဒါဗင္ခ်ီကို ေလးစားတဲ့ ဘီဂိတ္စ္ဟာ ၁၉၉၄ ခုႏွစ္ေလလံပြဲမွာ ဒီလက္ေရးမူကို ေဒၚလာ ၃၀.၈သန္းနဲ႔ ဝယ္ယူခဲ့တာျဖစ္ပါတယ္။အိမ္တြင္း႐ုပ္ရွင္႐ုံကေတာ့ လူေပါင္း ၂၀ တခါတည္းၾကည့္ရႈ႕ႏိုင္ပါတယ္။

၁၉၂၀ ခုႏွစ္ ျပင္သစ္မွာ ထင္ရွားခဲ့တဲ့ Art Deco ဗိသုကာစတိုင္ နဲ႔ အလွဆင္တည္ေဆာက္ထားတာျဖစ္ပါတယ္။ ဒါအျပင္ အဆင္သင့္ယူစားလို႔ရေအာင္ ေျပာင္းဖူးေပါက္ေပါက္ စက္တခုပါ ရွိေနပါေသးတယ္။ကမ္းေျခမွာေတာ့ ထူးထူးျခားျခား အိမ္တလုံး ရွိေနပါေသးတယ္။ စတုရန္းေပ ၉၀၀ ခန႔္ က်ယ္တဲ့အိမ္ျဖစ္ၿပီး ဘာထူးျခားသလဲဆိုရင္ေတာ့ ဒီအိမ္ကို ဆိပ္ခံေဘာသ႑ာန္ ေအာက္ခံကာ တည္ေဆာက္ထားတာျဖစ္ပါတယ္။

ေရထဲမွာ ေအးေအးေဆးေဆး ေနလိုတဲ့အခါ ဒါမွမဟုတ္ေရထဲမွာပဲ ပြဲတခုခုက်င္းပခ်င္တဲ့အခါ ဒီအိမ္ကို ေရထဲကို ဆြဲယူကမ္းေျခမွာေတာ့ ထူးထူးျခားျခား အိမ္တလုံး ရွိေနပါေသးတယ္။ စတုရန္းေပ ၉၀၀ ခန႔္ က်ယ္တဲ့အိမ္ျဖစ္ၿပီး ဘာထူးျခားသလဲဆိုရင္ေတာ့ ဒီအိမ္ကို ဆိပ္ခံေဘာသ႑ာန္ ေအာက္ခံကာ တည္ေဆာက္ထားတာျဖစ္ပါတယ္။ ေရထဲမွာ ေအးေအးေဆးေဆး ေနလိုတဲ့အခါ ဒါမွမဟုတ္ေရထဲမွာပဲ ပြဲတခုခုက်င္းပခ်င္တဲ့အခါ ဒီအိမ္ကို ေရထဲကို ဆြဲယူသြားႏိုင္ေစဖို႔ ျဖစ္ပါတယ္။

ဒါအျပင္ သူ႔ဆီ လာေရာက္တည္းခိုသူေတြအတြက္ စတုရန္းေပ ၁၅၀၀ က်ယ္ဝန္းတဲ့ အိမ္တလုံးကို ပင္မအိမ္လိုပဲ ပရိေဘာဂ ၊ နည္းပညာ အျပည့္အစုံ နဲ႔ တည္ေဆာက္ေပးထားပါေသးတယ္။အိမ္ၿခံဝန္းထဲမွာေတာ့ တကယ့္အစစ္ကဲ့သို႔ စမ္းေခ်ာင္းတခုကိုလည္း ဖန္တီးထားပါေသးတယ္။ ေက်ာက္တုံး ေက်ာက္ခဲေတြအၾကားမွာ စီးဆင္းေနတဲ့ ဒီ လူလုပ္စမ္းေခ်ာင္းေလးထဲမွာ ငါးေလးေတြကိုပါ ထည့္သြင္း ေမြးျမဴထားပါေသးတယ္။

ဒါအျပင္ ကိုယ္ပိုင္ကမ္းေျခတခုလည္း ဖန္တီးထားၿပီး သဲေတြကိုေတာ့ ကာရစ္ဘီယံ စိန႔္လူစီယာ ေဒသကေန တကူးတက သယ္ယူထားတာျဖစ္ပါတယ္။ဒီေလာက္ဆိုရင္ေတာ့ သူေဌးႀကီး ဘီဂိတ္စ္ဟာ သူ႔ရဲ႕အိမ္ကို ဘယ္လို အျပင္အဆင္ေတြနဲ႔ တည္ေဆာက္ထားသလဲ ဆိုတာကို သိေလာက္ၿပီထင္ပါတယ္။

မိုက်ခရိုဆော့ဖ်ပိုင်ရှင် သူဌေးကြီး ဘီဂိတ်စ်ရဲ့ စံအိမ်ကို ဘယ်လိုတည်ဆောက်ထားသလဲ

မိုက်ခရိုဆော့ဖ်ပိုင်ရှင် သူဌေးကြီးဘီဂိတ်စ်ဟာ လက်ရှိအချိန်မှာတော့ ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၁၉ဘီလျံ နဲ့ ကမ္ဘာ့အဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့ပါပြီ။ ပြင်သစ်သူဌေးကြီး Bernard Arnault နဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီ ၊ Space X တို့ရဲ့ စီအီးအိုဖြစ်သူ Elon Musk တို့က သူ့ကို ကျော်တက်သွားလို့ ဖြစ်ပါတယ်။

ဒါပေမယ့် လူသိအများဆုံး အထင်ရှားဆုံး ပရဟိတအလုပ်ဆုံး စာရင်းမှာတော့ သူ့ကို ဘယ်သူမှ မမှီသေးပါဘူး။ ဒီတခါတော့ ဘီဂိတ်ရဲ့ပိုင်ဆိုင်မှုများစွာအနက် Xanadu 2.0 လို့ ထင်ရှားတဲ့ သူ့ရဲ့အိမ်ကို ဘယ်လိုတည်ဆောက်ထားသလဲ ဆိုတဲ့အကြောင်းကို ဝေမျှသွားပါမယ်။ဘီဂိတ်စ်ရဲ့ ဒီစံအိမ်ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန် ၊ မက်ဒီနာမြို့ ဝါရှင်တန်ရေကန်ကြီး အနီးမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။

စတုရန်းပေ ၆၆,၀၀၀ ကျယ်ဝန်းတဲ့ ဒီနေရာကို ၁၉၉၈ ခုနှစ်က ဝယ်ခဲ့တာဖြစ်ပြီး ဝယ်စဉ်တုန်းက ဒေါ်လာ ၂သန်း နဲ့ ဖြစ်ပါတယ်။ ဘီဂိတ်စ်ဟာ ဒီနေရာကို Bohlin Cywinski Jackson နဲ့ Cutler-Anderson တို့လို ဗိသုကာ ကုမ္ပဏီကြီးတွေထံအပ်ကာ သူစိတ်တိုင်းကျ အချက်တွေနဲ့ ဒီဇိုင်းဆွဲစေခဲ့တာဖြစ်ပါတယ်။

ဒီအိမ်ကြီးကို ၇ နှစ်နီးပါး အချိန်ယူ တည်ဆောက်ပြင်ဆင်ခဲ့ရပြီး စုစုပေါင်း ကုန်ကျစရိတ် အနေနဲ့ ဒေါ်လာ သန်း ၇၀ နီးပါး ကုန်ကျခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီအိမ်ကြီးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁၃၀ နီးပါး တန်ကြေး ရှိသွားပြီလို့ သိရပါတယ်။ ဘီဂိတ်စ် အနေနဲ့လည်း အိမ်ကြီးရဲ့ အခွန်အတွက်တင် ဒေါ်လာ ၁သန်းကျော် ပေးဆောင်ခဲ့ရပါတယ်။

သဘာဝကိုချစ်တဲ့ နည်းပညာ သူဌေးဖြစ်တာနဲ့ အညီ သူ့ရဲ့စံအိမ်ကိုလည်း သဘာ၀ နဲ့ အဆင့်မြင့် နည်းပညာတွေကို ပေါင်းစပ် တည်ဆောင်ထားခဲ့ပါတယ်။ဘီဂိတ်စ်ရဲ့ အိမ်ဟာ အခြားသူဌေးကြီးအများစုရဲ့ စံအိမ်တွေလို နန်းတော်ကြီးတမျှ ဟိတ်ကြီးဟန်ကြီး မရှိပဲ သစ်တောတွေထဲမှာ တည်ဆောက်ထားတဲ့ ပုံမှန်အိမ်တလုံး လိုပဲ မြင်ရမှာဖြစ်ပါတယ်။

ပစိဖိတ် lodge စတိုင် သစ်သားအိမ်တွေနဲ့ ဆက်ကာ တည်ဆောက်ထားတာကြောင့် ရိုးရှင်းတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် တည်ဆောက်ခဲ့တဲ့ အခြေအနေတွေကတော့ ဒီလောက် မရိုးရှင်းပါဘူး။ ဘီဂိတ်စ်ရဲ့ဒီအိမ်ကို တည်ဆောက်စဉ်က ခိုင်ခံ့ပြီး ကြာရှည်ခံတဲ့ Douglas fir သစ်တွေကို သုံးကာ ဝန်ထမ်းချည်းပဲ ၃၀၀ကျော် အသုံးပြုတည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။

ဒီအထဲက ၁၀၀ ကျော်ကတော့ လျှပ်စစ်ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။အိမ်ထဲကို ဧည့်သည်တယောက်လာပြီ ဆိုရင်ဝန်ထမ်းတွေက လုံခြုံရေးစောင့်ကြည့်စနစ်တွေကို ဖြတ်ကျော်စေဖို့ Pin တခုပေးပါလိမ့်မယ်။ အိမ်ထဲကို ဧည့်သည်ရောက်လာတာနဲ့ တပြိုင်နက် သင့်တော်တဲ့ အခန်းအပူချိန်နဲ့ လျှပ်စစ်မီးတွေကို ဖွင့်ပေးမှာ ဖြစ်သလို နံရံနောက်မှာ လျို့ဝှက်တပ်ဆင်ထားတဲ့ Speaker တွေကနေ ဂီတသံတွေ ထွက်လာစေမှာ ဖြစ်ပါတယ်။

ဧည့်သည်ပြန်ထွက်သွားတာနဲ့ ဒီအရာတွေဟာ သူ့အလိုလို ပိတ်သွားစေမှာ ဖြစ်ပါတယ်။အိမ်တအိမ်လုံးရဲ့ အပူကို လျှော့ကျစေဖို့အတွက် သဘာဝပတ်ဝန်းကျင်ကိုသာ အဓိက အသုံးပြုထားပါတယ်။ အနီးမှာ ရေကန်ကြီးနဲ့အတူ တအိမ်လုံးပတ်ပတ်လည်မှာ သစ်ပင်တွေ ထူထပ်စွာ ရှိနေတာကြောင့် ဒီအိမ်ဟာ လေထုညစ်ညမ်းမှု မရှိပဲ အမြဲအေးမြနေစေမှာပါ။အိမ်ထဲက နံရံတွေမှာတော့ ဒေါ်လာ ၈သောင်းတန် ကွန်ပျူတာ မျက်နှာပြင်တွေကို တပ်ဆင်ထားပါတယ်။

ဒီ မျက်နှာပြင်တွေကနေ ဘယ်သူမဆို အကြိုက်ဆုံး နာမည်ကျော်တွေရဲ့ ပန်းချီကား တွေ ၊ ဓာတ်ပုံတွေကို ပြောင်းလဲလို့ရအောင် ဖန်တီးထားပါတယ်။ ဒီပန်းချီကားတွေ ၊ ဓာတ်ပုံတွေကို ပြသနိုင်ဖို့အတွက် နည်းပညာ ပစ္စည်းတွေကိုတော့ ဒေါ်လာ ၁၅၀,၀၀၀ အကုန်ကျခံကာ တပ်ဆင်ထားတာဖြစ်ပါတယ်။စတုရန်းပေ ၃၉၀၀ ကျယ်ဝန်းတဲ့ အညိုရောင် အိမ်တဆောင်ထဲမှာတော့ အလျား ၆၀ပေ အနံ ၁၇ပေ ရှိတဲ့ ရေကူးကန် တခုကို ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။

ရေကူးနေစဉ်မှာတော့ ရေအောက်ကြမ်းပြင်ကနေ ဂီတသံတွေ ထွက်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Locker Room တွေနဲ့အတူ ရေချိုးခန်းတွေကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ဘီဂိတ်စဟာ စိတ်ကြိုက်ခုန်လို့ရတဲ့ Trampoline ကိုလည်း နှစ်သက်ပါတယ်။ Trampoline ခန်းရဲ့အမြင့်ကတော့ ပေ ၂၀ ခန့်ရှိပြီး ဒီအထဲမှာတော့ အပန်းဖြေတဲ့အနေနဲ့ စိတ်လွတ်ကိုယ်လွတ် ပုံသဏ္ဍာန်မျိုးစုံနဲ့ ခုန်နေနိုင်ပါတယ်။

Trampoline ဆိုတာကတော့ စပရိန်ခံထားတဲ့ ပိတ်စကို ပြောတာပါ။ အားကစားခန်းမကလည်း စတုရန်းပေ ၂၅၀၀ ခန့်ရှိပြီး ချွေးထုတ်ခန်း နဲ့ ရေနွေးငွေ့ခန်းတွေကိုပါ တပါတည်း ထည့်ပေးထားပါသေးတယ်။စားသောက်ခန်းမကတော့ စတုရန်းပေ ၁၀၀၀ ကျယ်ဝန်းကာ လူပေါင်း ၂၀၀ ဝန်းကျင်ကို တပါတည်း ဧည့်ခင်းနိုင်ပြီး နံရံရဲ့ တဖက်မှာတော့ ၆ပေ အမြင့်ရှိတဲ့ ထုံးကျောက်မီးဖိုကြီး ရှိပြီး တဖက်မှာတော့ ၂၂ပေ အကျယ်ရှိတဲ့ ဗီဒီယို မျက်နှာပြင်ကြီး တခု ရှိနေပါတယ်။

တအိမ်လုံးမှာတော့ ရေချိုးခန်းချည်းပဲ ၂၄ ခု တောင် ရှိနေပါတယ်။ ဒါတွေကိုတော့ ဘီဂိတ်စ်ဟာ ဧည့်ခံပွဲ ပါတီတွေ ကျင်းပတဲ့အခါ ဧည့်သည်တွေ တပါတည်း အသုံးပြုလို့ ရစေဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။ မီးဖိုချောင်ချည်းပဲ ၆ ခုဟာ အိမ်ရဲ့ နေရာအနှံ့မှာ ရှိနေပါတယ်။ အိမ်ရဲ့ ဘယ်နေရာမှာမှာ ပါတီလုပ်လုပ် အနီးဆုံး မီးဖိုချောင်ကနေ ဝန်ထမ်းတွေက ချက်ပြုတ်စီစဉ်ပေးမှာ ဖြစ်ပါတယ်။

စာအုပ်ချစ်သူဘီဂီတ်စ်ဟာ ဒီအိမ်မှာလည်း စတုရန်းပေ ၂၁၀၀ ကျယ်ဝန်းတဲ့ စာကြည့်တိုက်ကို ထည့်သွင်းထားပါတယ်။ အမိုးခုံးနဲ့အတူ ကြီးမားတဲ့ စာအုပ်စင်ကြီးတွေ ရှိနေပြီး ဒီနေရာမှာ တန်ဖိုးအရှိဆုံးကတော့ သန်း ၃၀ ကျော်တန် လက်ရေးမူဖြစ်ပါတယ်။ ဒီလက်ရေးမူကိုတော့ Codex Leicester လို့ခေါ်ပြီး ရေးသားခဲ့သူကတော့ အီတလီစွယ်စုံပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီဖြစ်ပါတယ်။

လီယိုနာဒိုဒါဗင်ချီကို လေးစားတဲ့ ဘီဂိတ်စ်ဟာ ၁၉၉၄ ခုနှစ်လေလံပွဲမှာ ဒီလက်ရေးမူကို ဒေါ်လာ ၃၀.၈သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။အိမ်တွင်းရုပ်ရှင်ရုံကတော့ လူပေါင်း ၂၀ တခါတည်းကြည့်ရှု့နိုင်ပါတယ်။ ၁၉၂၀ ခုနှစ် ပြင်သစ်မှာ ထင်ရှားခဲ့တဲ့ Art Deco ဗိသုကာစတိုင် နဲ့ အလှဆင်တည်ဆောက်ထားတာဖြစ်ပါတယ်။

ဒါအပြင် အဆင်သင့်ယူစားလို့ရအောင် ပြောင်းဖူးပေါက်ပေါက် စက်တခုပါ ရှိနေပါသေးတယ်။ကမ်းခြေမှာတော့ ထူးထူးခြားခြား အိမ်တလုံး ရှိနေပါသေးတယ်။ စတုရန်းပေ ၉၀၀ ခန့် ကျယ်တဲ့အိမ်ဖြစ်ပြီး ဘာထူးခြားသလဲဆိုရင်တော့ ဒီအိမ်ကို ဆိပ်ခံဘောသဏ္ဍာန် အောက်ခံကာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရေထဲမှာ အေးအေးဆေးဆေး နေလိုတဲ့အခါ ဒါမှမဟုတ်ရေထဲမှာပဲ ပွဲတခုခုကျင်းပချင်တဲ့အခါ ဒီအိမ်ကို ရေထဲကို ဆွဲယူကမ်းခြေမှာတော့ ထူးထူးခြားခြား အိမ်တလုံး ရှိနေပါသေးတယ်။

စတုရန်းပေ ၉၀၀ ခန့် ကျယ်တဲ့အိမ်ဖြစ်ပြီး ဘာထူးခြားသလဲဆိုရင်တော့ ဒီအိမ်ကို ဆိပ်ခံဘောသဏ္ဍာန် အောက်ခံကာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရေထဲမှာ အေးအေးဆေးဆေး နေလိုတဲ့အခါ ဒါမှမဟုတ်ရေထဲမှာပဲ ပွဲတခုခုကျင်းပချင်တဲ့အခါ ဒီအိမ်ကို ရေထဲကို ဆွဲယူသွားနိုင်စေဖို့ ဖြစ်ပါတယ်။

ဒါအပြင် သူ့ဆီ လာရောက်တည်းခိုသူတွေအတွက် စတုရန်းပေ ၁၅၀၀ ကျယ်ဝန်းတဲ့ အိမ်တလုံးကို ပင်မအိမ်လိုပဲ ပရိဘောဂ ၊ နည်းပညာ အပြည့်အစုံ နဲ့ တည်ဆောက်ပေးထားပါသေးတယ်။အိမ်ခြံဝန်းထဲမှာတော့ တကယ့်အစစ်ကဲ့သို့ စမ်းချောင်းတခုကိုလည်း ဖန်တီးထားပါသေးတယ်။ ကျောက်တုံး ကျောက်ခဲတွေအကြားမှာ စီးဆင်းနေတဲ့ ဒီ လူလုပ်စမ်းချောင်းလေးထဲမှာ ငါးလေးတွေကိုပါ ထည့်သွင်း မွေးမြူထားပါသေးတယ်။

ဒါအပြင် ကိုယ်ပိုင်ကမ်းခြေတခုလည်း ဖန်တီးထားပြီး သဲတွေကိုတော့ ကာရစ်ဘီယံ စိန့်လူစီယာ ဒေသကနေ တကူးတက သယ်ယူထားတာဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ သူဌေးကြီး ဘီဂိတ်စ်ဟာ သူ့ရဲ့အိမ်ကို ဘယ်လို အပြင်အဆင်တွေနဲ့ တည်ဆောက်ထားသလဲ ဆိုတာကို သိလောက်ပြီထင်ပါတယ်။