News

မိမိမှာ (၆၇)နှစ်တိုင်တိုင် ရေမချိုးပေမယ့်၊ မိန်းမဖြူဖြူချောချောလေး လိုချင်တယ်လို့ ဆိုလာသူ

ကမ္ဘာ့အညစ်ပတ်ဆုံးလူသားအဖြစ် နာမည်ကြီးနေတဲ့ အီရန်နိုင်ငံသားတစ်ယောက်ဟာ ကိုယ်တိုင်က (၆၇)နှစ်တိုင်တိုင် ရေမချိုးသော်လည်း မိန်းမရမယ်ဆိုရင်တော့ ဖြူဖြူချောချောလေးမှ လိုချင်တယ်လို့ ဆိုပါတယ်။ သူ့အမည်ကတော့ အမူဟာဂျီ(Amou Haji )ဖြစ်ပါတယ်။ အခုဆိုရင် သူ့အသက်က (၈၇)နှစ်အရွယ်ကိုတောင် ရောက်နေပါပြီ။

အမူဟာဂျီဟာ အသက်(၂၀)အရွယ်နောက်ပိုင်းကတည်းက ရေလုံးဝ မချိုးတော့တာ ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်က အနံ့ဆိုးတွေဟာ ပေ(၅၀)ပတ်လည်လောက်ကနေတောင် နံဟောင်နေပါတယ်လို့ သတင်းတွေက ဆိုပါတယ်။ သူ့ကိုမြင်တာနဲ့ ဒီလူ ဘယ်လောက်အထိ ညစ်ပတ်ပေရေနေသလဲဆိုတာကို တန်းသိနိုင်ပါတယ်။

သူဟာ အီရန်နိုင်ငံ၊ ကာမန်ရှက်လို့အမည်ရတဲ့ပြည်နယ်က Dejgah အမည်ရ ရွာလေးမှာနေထိုင်ပြီး၊ သူရဲ့နေပုံထိုင်ပုံကြောင့် ကမ္ဘာသိအောင် ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်ပါ။ သို့ပေမယ့် သူ့မှာ တစ်နေ့တာ စားရဖို့အနိုင်နိုင် ရုန်းကန်နေရပြီး၊ ရွာထဲကလူတွေကလည်း သူ့ကို ရွာထဲအဝင်မခံတာကြောင့် ရွာပြင်အမှိုက်ပုံဘေးမှာ တဲပုတ်လေး ထိုးနေရပါတယ်။

သူ့ကို ရေချိုးဆပ်ပြာကုမ္ပဏီတွေ၊ ခေါင်းလျှော်ရည် ကုမ္ပဏီတွေက တစ်ကိုယ်ရေသုံးပစ္စည်းတွေ လိုသလောက်လှူပါ့မယ်လို့ စည်းရုံးခဲ့ပေမယ့် ရေချိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူကိုယ်တိုင်က ညစ်ပတ်ပေရေနေပေမယ့် ဘဝလက်တွဲဖော်တစ်ယောက်ယောက်တော့ သူလိုကိုယ်လို ရချင်လိုချင်တယ်လို့လည်း သူက ညည်းတွားခဲ့ပါတယ်။

သူ့အနေနဲ့ လှလှပပ ကျော့ကျော့မော့မော့ မိန်းမပျိုတစ်ယောက်လောက်နဲ့ ရေစက်နီးနိုင်ခဲ့ရင်တော့ ထီပေါက်ဖို့ ဆုတောင်းမနေတော့ဘူးလို့ ဆိုပါတယ်။ သူ့မှာ မိတ်ဆွေသူငယ်ချင်း မရှိသလို၊ ရှာဖို့လည်း စိတ်မကူးပါဘူုးတဲ့။ သူအနှစ်သက်ဆုံးအစားအစာကတော့ ပုပ်သိုးနေတဲ့ဖြူကောင်အပုပ်ကို မီးမြှိုက်စားရတာကို နှစ်ခြိုက်တယ်လို့ ဆိုပါတယ်။

ကနဦးတုန်းကတော့ အမူဟာဂျီကို နာမည်ကြီးချင်လို့ တမင်ရေမချိုးဘဲ စတန့်ထွင်နေတာလို့ ထင်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အမူကိုယ်တိုင်က သတင်းသမားတွေ၊ ဂျာနယ်လစ်တွေကိုဆို သိပ်ကြည့်လို့မရတဲ့အတွက် သူ့ပင်ကိုယ်ဗီဇကိုယ်က ဒီလိုဖြစ်လာတာလို့ လူတွေက ကောက်ချက်ချရပါတော့တယ်။ လူငယ်တစ်စုက သူ့ကို ဖမ်းပြီး ရေချိုးပေးဖို့ ကြံစည်ခဲ့ဖူးသော်လည်း-

သူ လွတ်အောင် ပြေးလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့အကြောင်းသိတဲ့ ဒေသခံတွေရဲ့အဆိုအရတော့ အမူဟာဂျီဟာ ငယ်နုစဉ်က အလွန်ကြည့်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့ကြောင်း၊ သူ့ရဲ့ချစ်ဦးသူက တခြားတစ်ယောက်ကို လက်ထပ်သွားတာကြောင့် ပေပေတေတေ နေဖို့ဆုံးဖြတ်ခဲ့ပုံရကြောင်း၊ သူဟာ အထီးကျန်စွာ တစ်ယောက်တည်း ကြေကွဲနေရတာကို ကြိုက်တယ်လို့ ဆိုပါတယ်။

လင်းဇော်ကို