News

သိန်းတစ်သောင်းကျော် တန်ဖိုးရှိတဲ့ အိမ်ကိုရောင်းပြီး လှူဒါန်းခဲ့တဲ့ ညီအမ သုံးယောက်ရဲ့ အလှူလေးကို ဝင်ရောက်ဖတ်ရှု့ သာဓုခေါ်ခဲ့ကြပါအုံးနော်

သံဃာ အပါး (4000)သီတင်းသုံးရန် အတွက် သိန်းတစ်သောင်းကျော် တန်ဖိုးရှိတဲ့ အိမ်ကိုရောင်းပြီး ဓမ္မာရုံ ဆောက်လုပ် လှူဒါန်းခဲ့တဲ့ ညီအမ သုံးယောက်ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့သံဃာအပါး(4000) သီတင်း သုံးရန်အတွက် သိန်းတစ်သောင်းကျော် တန်ဖိုး ရှိတဲ့ အိမ်ကိုရောင်းပြီး ဓမ္မာရုံ ဆောက်လုပ် လှူဒါန်းခဲ့တဲ့ ညီအမ သုံးယောက် အကြောင်းပဲဖြစ်ပါတယ်။

ညောင်ရွှေ မြို့သာ စည်ရပ်မှာ နေထိုင် တဲ့ အပျို ကြီး ညီအစ်မ သုံးယောက် ဒေါ်လှခင်(၉၁)နှစ်၊ဒေါ်လှဌေး(၇၄)နှစ်၊ဒေါ်သန်းဌေး(၇၁) နှစ် တို့က ညောင်ရွှေစော်ဘွားကြီး ဆာဆောမောင်ရဲ့အတွင်းဝန်ဦးဖိုးလှိုင်၏ မြေးများ ဖြစ်ကြ ပါတယ်။

၁၉၁၃ ခုနှစ် ကတဲက ဆောက်လုပ် ခဲ့တဲ့နှစ် ၁၀၅နှစ် ကြာမြင့် ခဲ့ပြီဖြစ်တဲ့ ပေ၁၅၀ ပတ်လည်လောက် ကျယ်ဝန်းတဲ့ သိန်းတစ်သောင်းကျောကာလ တန်ဘိုးရှိတဲ့ ဘိုးဘွားပိုင် အိမ်ခြံဝင်းကြီးကို စေတနာသုံးတန် ပြတ်သားစွာ လှူခဲ့ကြပြီတဲ့လွန်ခဲ့တဲ့ ၂နှစ်ကရှမ်းပြည်နယ်လုံးဆိုင်ရာစာပြန် ပွဲတော်ကြီးအ တွက် နှစ်စဉ် သံဃာ အပါးလေး ထောင်နီးပါး သီတင်း သုံးရန် အ လို့ငှါ ဓမ္မာရုံ အဖြစ် သံဃိက ဒါန ရေစက်ချ လှူဒါန်းခဲ့ တာပါတဲ့။

ဒီနေ့ ကျမနဲ့ သူငယ်ချင်းများက ကျမ တို့ရဲ့ကျောင်းအုပ် ဖြစ်ခဲ့ဘူးတဲ့ ဆရာမကြီး ဒေါ်လှဌေး ကို ဝါကျွတ်ဦး အမှတ် တရ သွား ကန် တော့ကြရင်း လှိုက်လှဲ ဝမ်းသာလွန်းစွာ သာဓု ခေါ်ခဲ့ ကြပါ တယ်။

ဆရာမကြီး တို့ကိုလဲ အများသူငါ သာဓု ခေါ်စေဘို့ ဒီပို့စ်လေး ရေးခွင့် ပြုရန် ခွင့်တောင်းလို့ ဆရာမကြီး တို့က ၃၁ ဘုံ သားတို့သံဃာအပါး (4000) သီတင်း သုံးရန် အတွက်သိန်းတစ်သောင်း ကျော်တန်ဖိုး ရှိ တဲ့ အိမ်ကို ရောင်းပြီး ဓမ္မာရုံ ဆောက်လုပ် လှူဒါန်း ခဲ့ တဲ့ ညီအမသုံးယောက် ကုသိုလ် အမျှ ပေးပါ သတဲ့။

ဒီ ကြီးမြတ် သော ကုသိုလ်အတွက် မုဒိ တာပွား သာဓု ခေါ်နိုင်ကြစေဘို့ ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Myanmar Daily News