News

လမ်းဘေးနားက ATM စက်ကို ၆ ဘီး ကားဖြင့်ဆွဲကာ ယူဆောင်သွားတဲ့ သူခိုး😮😮

ရုပ်ရှင်ကြည့်ပြီး ဇာတ်လမ်းထဲကအတိုင်း လမ်းဘေးက ATM စက်ကိုညဘက် ၆ ဘီး ကားဖြင့်ဆွဲကာ ယူဆောင်သွားသူအား ၅ ရက်အတွင်းရဲက ဖမ်းဆီးရမိ

ထိုင်းနိုင်ငံစမွတ်ဆာခွန်ခရိုင်ရှိ Thai Progress Steel Co,Th ရှေ့မှာတပ်ဆင်းထားတဲ့ ကုန်သွယ်ရေးဘဏ်ဌာနမှ “ ထိုင်းဖာနစ် “ ATM Box ဟာပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၀၂:၃၀ ချိန် ထူးဆန်းစွာ အလုံးလိုက် ပျောက်သွားသဖြင့် ရဲတပ်ဖွဲ့စုံစမ်းဖော်ထုတ်ရာ စမွတ်ဆာခွန်မြို့ နားဒီးရပ်ကွက်

နယ်မြေ ၈ တွင်အခန်းငှါးနေထိုင်သည့် အသက် ၂၅ နှစ်အရွယ် လူငယ် နိုင်ထနာထစ်ပ်ကို မနေ့ကညနေ ၁၇:၀၀ ချိန်တွင် ဖမ်းဝရမ်းဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်မိပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၀၂:၃၀ ချိန်တွင် ပြစ်မှုကျူးလွန်သူသည် စမွတ်ဆာခွန်းခရိုင် ကထုမ့်ဘဲန်းမြို့နယ် ခလောင်းမဒူးရပ်ကွက် ၊နယ်မြေ ၇ ၊

အမှတ် ၅/၁၉ ရှိ ကုမ္မဏီရှေ့တွင်တပ်ဆင်ထားသည့် ငွေထုတ် ATM စက်ကို သူ၏ ၆ ဘီးကားတွင် သံကြိုးဖြင့်ချည်ကာ ဒရွတ်တိုက်ဆွဲယူ မကာ ကားပေါ် တင်ဆောင်သွားခဲ့ပြီး ထွက်ပြေးသွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့မှ CCTV မှတ်တမ်းများနှင့်အတူ စုံစမ်းဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တရားခံကတော့ လောင်းကစားဆော့မိပြီး ငွေလိုသဖြင့် သူကြည့်ဖူးခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းထဲကအတိုင်း ယခုလို ပြုလုပ်မိပါတယ်လို့ ဖြောင့်ချက် ပေးခဲ့ပါတယ်။ အခုလို ဝင်ရောက်ဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီးအားလုံး သာယာပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။ Crd