ဗဟုသုတ

“အဆုပ်တု စက်ထဲမှာ တစ်ဘ၀လုံးနီးပါး နေခဲ့ရပေမယ့် ဘ၀ကို အရှုံးမပေးခဲ့သူ”

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရော ဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအ ကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအ တွက်တော့ ရှိနေဆဲပါ။

အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ် Dallas မြို့မှာနေ ထိုင်တဲ့ ပေါလ် အလက်ဇန္ဒားဆိုသူဟာ ၁၉၅၂ ခုနှစ် အ သက် ၆ နှစ်အရွယ်မှာ ပိုလီယိုရောဂါကို စတင်ခံစားခဲ့ရပါတယ်။ စစချင်းမှာ အနည်း ငယ် ဖျားနာခဲ့တာသာဖြစ်ပေမယ့်တဖြည်းဖြည်း မလှုပ်ရှားနိုင် လမ်းမလျှောက်နိုင်ဖြစ်ခဲ့ပြီး ၅ ရက်မြောက်နေ့မှာတော့ အသက်မရှုနိုင်တော့တဲ့အထိ ပြင်းထန်စွာခံစားခဲ့ရပါတယ်။

အဲဒီအချိန်ထိ ဒီရောဂါကို ခုခံကာကွယ်ပေးမယ့် ကာကွယ် ဆေး မပေါ်သေးပါဘူး။ ဆေးမရှိတာကြောင့် ဒီအတွက် တခုတည်းသော နည်းလမ်းက Iron Lung (သို့) tank ventilator ဖြစ်ပါတယ်။ Iron Lung ကတော့ သံ နဲ့ ဖန်တီးထားတဲ့ သေတ္တာသဖွယ်အရာဖြစ်ပြီး လူနာဟာ လည်ပင်းကနေ ခေါင်းအထိအပြင်မှာ ထားပြီး ကျန်တကိုယ်လုံးကို ဒီအထဲမှာပဲ ထည့်ထားရပါတယ်။ အဆုတ်ကို အောက်ဆီဂျင်တွေနဲ့ ဖြည့်ပေးဖို့ကူညီပေးတဲ့ လေဟာနယ်ဖြစ်တာကြောင့် ဒီစက် ကို သံနဲ့ ဖန် တီးထားတဲ့အဆုတ် (သို့) သံအဆုတ် လို့ အမည်ပေးထားတာဖြစ်ပါတယ်။

ရောဂါခံစားနေရသူတွေဟာ ဒီအထဲမှာ ဝင်နေမှသာ အဆင် ပြေစွာ အသက်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီစက်ဟာ ရေရှည်အ တွက်ဖန်တီးထားခြင်းမဟုတ်ပဲ ခေတ္တယာယီအဆင်ပြေစေဖို့အတွက်သာ ဖန်တီးထားခြင်းဖြစ်ပါတယ်။ အများစုအတွက် ဒီစက်ထဲမှာ ၂ပတ်လောက်နေပြီးရင် အပြင်မှာ ပြန်နေနိုင်ပေမယ့် ပေါလ် အလက်ဇန္ဒား ကတော့ သူ့ရဲ့ဆိုးရွားလှတဲ့ ရောဂါအခြေ အနေကြောင့် ချွင်းချက်အနေနဲ့ တသက်လုံး ဒီစက်ထဲမှာပဲ နေနေရပါတယ်။

သူ့ရဲ့အဆုတ်ဟာ ပိုလီယိုရော ဂါကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်ပြီး ဒီ သံအဆုတ် စက်ထဲမှာ နေမှသာ သူအသက် ဆက်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ အဆုတ်ပဲ မကောင်းတာလားဆိုတော့ လည်ပင်းအထက်ပိုင်းကလွဲလို့ အောက်ပိုင်း တကိုယ်လုံး အကြောတွေဟာ လှုပ်ရှားနိုင်ခြင်း မရှိပါဘူး။ သူ့ရဲ့ နေ့ရက်တိုင်းအားလုံးနီးပါးဟာ ဒီစက်ထဲမှာပဲ အ ချိန် ကုန်ဆုံးခဲ့ရပါတယ်။

ဒါပေမယ့် ပေါလ်ဟာ သူ့ဘဝကို အရှုံးမပေးခဲ့ပါဘူး။ ဆရာ ဝန်ရဲ့အကြံပေးချက်အတိုင်း အသက်ရှုလေ့ကျင်နည်းကို စတင်လေ့ကျင့်ခဲ့ပါတယ်။ အစပိုင်းမှာ ၃မိနစ်လောက် အပြင်မှာ အသက်ရှုဖို့တောင်မှ ရုန်းကန်ခဲ့ရပေမယ့် နောက် ပိုင်းမှာတော့ သက်တောင့်သက်သာမရှိပေမယ့် နာရီအနည်းငယ်ကြာအထိ စက်အပြင်မှာ နေနိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ရတဲ့အချိန် နာရီပိုင်းမှာ ကျောင်းပြန်တက်ဖို့ ကြိုးစားခဲ့တယ်။

ဒါပေမယ့် သူ့အခြေအနေကြောင့် မိဘတွေက အပြင်း အထန် ကန့်ကွက်ကြပါတယ်။ အတိုက်အခံလုပ်ပြီး ကျောင်းကို သူနာပြုတယောက်ရဲ့ အ ကူအညီနဲ့ ရအောင်တက်ခဲ့ပါတယ်။ နာရီအနည်းငယ်မှာ စက်ထဲကနေ ထွက် ဝှီးချဲပေါ်ကိုတက်ပြီး ကျောင်းသွား တက်ခဲ့တယ်။ ဒီလိုခက်ခက်ခဲခဲ အခြေအနေမှာတောင် သူဟာ ဥပဒေကျောင်းကို ပြီးဆုံးအောင် တက်ခဲ့ပြီးတဲ့နောက် တက်ဆက်တက္ကသိုလ်မှာ ဥပဒေဘွဲ့ကိုပါ အရယူနိုင်ခဲ့တယ်။

သူ့ရဲ့ကြိုးစားအားထုတ်မှုဟာ ဒီမှာတင် ရပ်မသွားသေးပါဘူး။ ဥပဒေဘွဲ့ရပြီးနောက် ဦးခေါင်းက လွဲလို့ ဘာမှမလှုပ်ရှားနိုင်ပါပဲနဲ့ ဝှီးချဲပေါ်ကနေ အတိုင်ပင်ခံရှေ့နေလုပ်ခဲ့ပါသေးတယ်။ အလုပ်အပ်မယ့်သူတွေ သူ့ရဲ့ရုံးခန်းကိုလာတဲ့အခါမှာတော့ သူဝင်နေတဲ့စက်ကိုတွေ့သွားပြီး အဲဒါဘာလဲလို့ မေးကြတယ်။ ရာပေါင်းများစွာသော client တွေရဲ့ အမှုကိစ္စတွေကို ဆောင်ရွက် အကြံပေးနိုင်ခဲ့တယ်။ ဘဝတခုလုံး ဆုံးလု နီးပါး လူတယောက်က ဘွဲ့ရခဲ့သလို အောင်မြင်တဲ့ အတိုင်ပင် ခံရှေ့နေတယောက် အ ဖြစ် လုပ်နိုင်ခဲ့တာ အလွန်ပဲ အံသြဖို့ကောင်းပါတယ်။

သူဟာ ဘော့ပင်ကို ပါးစပ်နဲ့ ကိုက်ကာ စာရေးနိုင်သလို ပါးစပ်နဲ့ကိုက်ထားတဲ့ တုတ် ချောင်းကတဆင့် မောက်စ် နဲ့ ကွန်ပျူတာကီးဘုတ်တွေ ရွှေ့နိုင် နှိပ်နိုင် တယ်လီဖုန်းဖြေ ကြားခြင်းတွေကိုပါ ပြုလုပ်နိုင်ပါသေးတယ်။ သူ့ရဲ့ကိစ္စအ၀၀ကိုတော့ Kathryn Gaines ဆိုတဲ့ အမျိုးသမီးကြီးက ကူညီပေးနေပြီး အခုလို ပြုစုစောင့်ရှောက်ပေးခဲ့တာ နှစ်ပေါင်း ၃၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

ပေါလ်ဟာသူကြုံတွေ့ခဲ့တဲ့ အမှတ်တရတွေအကြောင်း Three Minutes for a Dog နာမည်နဲ့ စာအုပ်တအုပ်ရေးခဲ့ပါသေးတယ်။ ဒီစာအုပ်တအုပ်အတွက် ရှစ်နှစ်ကြာအောင် ရေးခဲ့ရတာဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်ကတည်း က စလို့ ဒီစက်ထဲမှာ စနေခဲ့ရတဲ့ ပေါလ်ရဲ့အသက်ဟာ လက်ရှိ အချိန်မှာ ၇၄နှစ် ရှိသွားပြီဖြစ်ပေမယ့် သူ့ရဲ့ဘဝကို ရဲရဲရင့်ရင့် နဲ့ ရင်ဆိုင် ဖြတ် သန်းနေဆဲ ဖြစ်ပါတယ်။

THUTAMM