News

“ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကြုံတွေ့ခံစားရတာတွေကို မျှဝေပေးလိုက်တဲ့ သူနာပြုဆရာမလေး”

ကာကွယ်ဆေးထိုးပြီး၂၄ နာရီအတွင်း review …

– ဆေးစထိုးချိန်မနာပါဘူး၊ နာရီဝှက်စောင့်ကြည့်တော့လည်းဘာမှမဖြစ်ပါဘူး အိပ်ရေးမဝခဲ့လို့အိပ်ငိုက်တယ်၊သန်းတယ် ဒါပဲဖြစ်တာပါ။

– ၄နာရီကြာလာတော့ ထိုးထားတဲ့မေရာက နာစပြုလာပြီ၊ ဗိုက်က မအီမသာ ဟာတာတာဖြစ်သလိုလို၊ ဝမ်းပျော့၂ခါသွားတယ်။

– ၈နာရီကြာမှာကိုယ်နွေးလာတယ် မချမ်းသေးဘူး

– ၁၀နာရီကြာမှာ ချမ်းတုန်၊ဖျား၊တကိုယ်လုံး ညောင်းကိုက်၊ ခေါင်းကိုက် ဆံပင်မွေးလေးတပင်ဆွဲမိတာတောင်အသေနာတာ

– အသက်ရှူမြန်၊ နှလုံးခုန်မြန် ၊ အဖျားတက် ၊ရင်ပတ် တချက်တချက်အောင့်၊ မသက်မသာဖြစ်။

– တညလုံး ခေါင်းကိုက်၊ချွေးထွက်လိုက်၊ကိုယ်ပူလိုက်၊ချမ်းလိုက်နဲ့ကောင်းကောင်းမအိပ်နိုင်။

– မနက်ကျ မထချင်ထချင်နဲ့ အလုပ်တော့ပြန်တက်ရတာပေါ့ ၊ အခုတော့ပူတချက် အေးတချက်ဖြစ်နေတုန်းပါ။

နေမကောင်းတော့ဘာတွေလုပ်ဖြစ်လဲ…

-ပါရာစီတမော 500mg ၆နာရီခြား ၁လုံး​သောက်တယ်(၄ကြိမ်ရှိသွားပြီ)

-နွေးအောင်ဝတ်တယ် ၊စောင်ထူခြုံတယ် ၊အအေးမပတ်အောင်ဂရုစိုက်တယ်

-အစာကြေလွယ်စေတဲ့ စွပ်ပြုတ်၊ခေါက်ဆွဲပြုတ်လုပ်စားတယ်၊ အသီးအနှံတွေစားတယ်၊ အားဆေး၊ C vit သောက်တယ်

-ဓာတ်ဆားရေ၊ ရေ အဝသောက်တယ်

ဒါတွေကတော့ ကျွန်မခံစားရတဲ့ လက္ခဏာတွေပေါ့ ။ အခုထိတော့ ခံနိုင်ပါသေးတယ်။အဓိကကတော့ ဆေးမထိုးခင်နှင့် ထိုးပြီး ၂ရက်လောက် ကောင်းကောင်း အနားယူ​ပေးဖို့လိုအပ်ပါတယ်။☺️

မှတ်ချက်- ဖြစ်တဲ့လူမှဖြစ်တာနော် တချို့လူတွေက ကိုယ့်လောက်မခံစားရပဲ နည်းနည်းနာကျင်ကိုက်ခဲတာပဲရှိပါတယ် ။

အားလုံးကျန်းမာကြပါစေ🙏

Nang Sang Hom