ဗဟုသုတ

သိထားသင့်တဲ့ ကမ္ဘာ့ပထမဆုံး မြန်မာ့ကျောက်စိမ်းစေတီတော်ကြီး အကြောင်း သိကောင်းစရာ

ကမ္ဘာ့ပထမဆုံး ကျောက်စိမ်း စေကောင်းစရာတီအကြောင် း သိ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူး ကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အထက် ၉ ပေ မြင့်ပြီး၊ ၅ ဧက အကျယ်အဝန်း ရှိသော ကုန်းမြေပေါ်တွင် တည် ထားခြင်း ဖြစ်ပါသည်။

ရင်ပြင်တော် အကျယ်အဝန်းမှာ အလျား ၁၃၃ ပေ ၆ လက်မ နှင့် အနံ ၁၃၃ ပေ ၆ လက်မ ကျယ် ဝန်းပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အရည် အသွေး အကောင်းဆုံး ကျောက်စိမ် းများ ထွက်ရှိရာ

နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှလွဲ၍ တခြား မည်သည့် နိုင်ငံတွင်မှ ထပ်မံတည်ထားရန် မဖြစ်နိုင်သေးသော ထူးခြားသည့် စေတီတော်မြတ်ကြီး ဖြစ်ပါသည်။

21.12.2012 ခုနှစ်တွင် မြေသန့် မင်္ဂလာ အခမ်း အနားကို လည်းကောင်း၊ 23.12.2012 ခုနှစ်တွင် ပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနား တို့ကို ကျင်းပပြုလုပ် ခဲ့ပါသည်

စေတီတော်ကြီး၏ ဉာဏ်တော် အမြင့်မှာ ၇၅ ပေ ၆ လက်မ၊ လုံးပတ်တော် ၁၇၆ ပေ၊ ပန်းတင်ခုံမှာ အလျား ၅၂ ပေ ၆ လက်မ၊

အနံ ၅၂ ပေ ၆ လက်မ နှင့် အမြင့် ၁၂ ပေ၊ ထီးတော်အမြင့် ၇ ပေ၊ ငှက်ပျောဖူးအမြင့် ၈ ပေ ၆ လက်မ အသီးသီး ရှိပါသည်။

စေတီတော်ကြီးကို နိုင်ငံတကာ ကျောက်စိမ်းဈေးကွက်ဝင် အရည်အသွေး ကောင်းမွန်သည့် ကျောက်စိမ်း စုစုပေါင်းတန်ချိန် တစ်ထောင်ကျော်ကို အသုံးပြု၍ တည်ထားပါသည်။

အုတ်တစ်ချပ်မျှ ပါဝင်ခြင်း မရှိခဲ့ပါ ကျောက်စိမ်း အသား ကျောက်တန်ချိန် ၈၅၀ အား ဌာပနာအဖြစ် ထည့်သွင်းထားပြီး၊

ငှက်ပျောဖူးတော်တွင် အေ အဆင့်ရှိ အရည် ကျောက်စိမ်းများဖြင့် လည်းကောင်း၊ စိန်ဖူးတော်ကြီးကိုလည်း ကျောက်စိမ်း စိန်ဖူးတော်ကြီးဖြင့်သာ ပူဇော်ထားပါသည်။

ကျောက်စိမ်းသည်

(၁) လှပခြင်း

(၂) ကြာရှည်ခံခြင်း

(၃) ရှားပါးခြင်း စသည့် အင်္ဂါသုံးရပ်ဖြင့် ပြည့်စုံသည့်အပြင်

ကျောက်စိမ်းသည်

သဒ္ဓါရက်ရောခြင်း ၊ ရဲစွမ်းသတ္တိနှင့် ပြည့်စုံခြင်း၊ တရားမျှတသော စိတ်ဓါတ်ရှိခြင်း၊ မိမိကိုယ်မိမိနှိမ့်ချသော နိဝါက တရားရှိခြင်း၊

အသိ အလိမ္မာ ဉာဏ်ပညာ ကြီးမြင့်ခြင်း၊ ဘေး အန္တရာယ်ကင်းခြင်း၊ စီးပွားဥစ္စာတိုးခြင်း စသည့် စွမ်းရည်များဖြင့်လည်း ပြည့်စုံပါသည်။

ကျောက်စိမ်းသည် ရတနာကိုးပါး အနက် တစ်မျိုးအပါအဝင် ဖြစ်ပြီး၊ သဘာဝ သယံဇာတ ပစ္စည်းလည်း ဖြစ်သောကြောင့်

မြန်မာနိုင်ငံသူ နိုင်ငံသားများ သာမက ကမ္ဘာသူ ကမ္ဘာသား ကိုးကွယ်ဆည်းကပ်သူ အပေါင်းတို့သည်

အရာရာ တိုးတက်ခြင်း၊ တောက်ပခြင်း၊

ထွန်းတောက်ခြင်း၊ ဂုဏ်သတင်းကျော်ကြား ပြည့်စုံခြင်း၊

ချမ်းသာကြွယ်ဝခြင်း ဘေးအန္တရာယ် ကင်းရှင်းခြင်း နှင့် လိုတိုင်းတ တိုင်းပြည့်စုံခြင်း စသည့် ဂုဏ်ကျေးဇူးများ ရရှိနိုင်ပါသည်။

လေးစားစွာဖြင့် မူရင်းရေးသားသူအား credit