News

ထော်လာဂျီ ဘရိတ်ပေါက်ပြီး တိမ်းမှောက်တာတဲ့ ကိုရင်လေးရော လူတွေရော သွားပါပြီ

ထော်လာဂျီ ဘရိတ်ပေါက်ပြီး တိမ်းမှောက်တာတဲ့ ကိုရင်လေးရော လူတွေရော သွားပါပြီ ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်၊ ညနေပိုင်းက ထော်လာဂျီ ၁ စီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်လို့ ကိုရင် ၁ ပါး အပါအဝင် ၂ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ခိုလမ်နယ်မြေ ရဲစခန်းမှ သိရပါတယ်။

နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ခိုလမ်- ကျိုင်းတောင်းသွားကားလမ်း၊ ကျိုင်းတောင်းဘက်မှ ခိုလမ်မြို့ အရှေ့မှ အနောက် ယာဉ်မောင်း အိုက်ဖောက မောင်းနှင်ပြီး လူ ၁၆ ဦး လိုက်ပါစီးနင်းလာတဲ့ JIANGCHAI ထော်လာဂျီအသေး၊ အပြာရောင် ယာဉ်ဟာ မိုင်တိုင်အမှတ် (၁၄/၁) နဲ့ (၁၄/၂) ကြား ၁၄ မိုင်ရွာအနီး ကုန်းအဆင်းမှာ ဘရိတ်ပေါက်ပြီး လမ်းရဲ့ယာဘက်ကို တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။

အဲလိုမှောက်တော့ ယာဉ်မောင်း အပါအဝင် ယောက်ျားလေး ၉ ယောက်နဲ့ မိန်းကလေး ၆ ယောက် ဒဏ်ရာရခဲ့တယ်။ မိန်းကလေး ၁ ဦးနဲ့ ကိုရင် ၁ ပါးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာရတဲ့လူက စုစုပေါင်း ၁၅ ယောက်ပေါ့။ သေဆုံးတာကတော့ ၂ ယောက်ပါ လို့ ခိုလမ်နယ်မြေ ရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်ကိုမဆင်မခြင် မောင်းနှင်သူ အိုက်ဖောက ကို ခိုလမ်နယ်မြေ ရဲစခန်းမှာ ယာဉ်(ပ) ၁/၂၀၂၁ ရာဇဒ်-၂၇၉/၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

unicode

ထော်လာဂျီ ဘရိတ်ပေါက်ပြီး တိမ်းမှောက်တာတဲ့ ကိုရင်လေးရော လူတွေရော သွားပါပြီ ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်၊ ညနေပိုင်းက ထော်လာဂျီ ၁ စီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်လို့ ကိုရင် ၁ ပါး အပါအဝင် ၂ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ခိုလမ်နယ်မြေ ရဲစခန်းမှ သိရပါတယ်။

နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ခိုလမ်- ကျိုင်းတောင်းသွားကားလမ်း၊ ကျိုင်းတောင်းဘက်မှ ခိုလမ်မြို့ အရှေ့မှ အနောက် ယာဉ်မောင်း အိုက်ဖောက မောင်းနှင်ပြီး လူ ၁၆ ဦး လိုက်ပါစီးနင်းလာတဲ့ JIANGCHAI ထော်လာဂျီအသေး၊ အပြာရောင် ယာဉ်ဟာ မိုင်တိုင်အမှတ် (၁၄/၁) နဲ့ (၁၄/၂) ကြား ၁၄ မိုင်ရွာအနီး ကုန်းအဆင်းမှာ ဘရိတ်ပေါက်ပြီး လမ်းရဲ့ယာဘက်ကို တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။

အဲလိုမှောက်တော့ ယာဉ်မောင်း အပါအဝင် ယောက်ျားလေး ၉ ယောက်နဲ့ မိန်းကလေး ၆ ယောက် ဒဏ်ရာရခဲ့တယ်။ မိန်းကလေး ၁ ဦးနဲ့ ကိုရင် ၁ ပါးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာရတဲ့လူက စုစုပေါင်း ၁၅ ယောက်ပေါ့။ သေဆုံးတာကတော့ ၂ ယောက်ပါ လို့ ခိုလမ်နယ်မြေ ရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်ကိုမဆင်မခြင် မောင်းနှင်သူ အိုက်ဖောက ကို ခိုလမ်နယ်မြေ ရဲစခန်းမှာ ယာဉ်(ပ) ၁/၂၀၂၁ ရဇဒ်-၂၇၉/၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။
Natt-Gyi2-D