ဗဟုသုတ

ပွိုင့်၆၀၄၁စခန်းတိုက်ပွဲ(သို့မဟုတ်)အမိမြေမှသားကောင်းများ

Unicode

ပွိုင့်၆၀၄၁စခန်းတိုက်ပွဲ(သို့မဟုတ်)အမိမြေမှသားကောင်းများ

တန့်ယန်းဒေသအတွင်းရှိပွိုင့်၆၀၄၁စခန်းတိုက်ပွဲသည်တပ်မတော်အတွက်စံပြုရမည့်တိုက်ပွဲကြီးတစ်ပွဲဖြစ်သကဲ့သို့တပ်မတော်၏ဇွဲရှိမှုသတ္တိရှိမှုစစ်ရေးစွမ်းရည်ထက်မြက်မှုတို့ကိုဖော်ပြနိုင်ခဲ့သောတိုက်ပွဲဖြစ်သဖြင့်စံနမူနာအဖြစ်သင်ခန်းစာရယူနိုင်စေရန်ဖော်ပြပေးလိုက်ပါသည်….

ထိုတိုက်ပွဲတွင်တပ်မတော်မှအင်အား၅၇ယောက်သာရှိသောစခန်းအားဗကပတပ်မဟာ(၈)နှင့်တပ်မဟာ(၁၂)အင်အား၂၀၀၀ခန့်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ရာအင်အားကိုကြည့်ခြင်းဖြင့်တိုက်ပွဲ၏အခြေအနေအားသုံးသပ်နိုင်မည်ဖြစ်ပါသည်။ထို့ကြောင့်တိုက်ပွဲပုံသဏ္ဍန်အားဖော်ပြခြင်းဖြင့်တပ်မတော်၏အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့နိုင်မည်ဖြစ်သည်…

တပ်မတော်သမိုင်းတွင်မော်ကွန်းထိုးရမည့်ထိုတိုက်ပွဲစဉ်များကိုပေါ်လွင်အောင်ဖော်ပြလိုက်ရပါသည်…၁၉၇၈မတ်၆ရက်၀၈း၀၀ချိန်ခန့်တွင်ဗကပတပ်မဟာ(၈)နှင့်တပ်မဟာ(၁၂)အင်အားစုများသည်တာဆိုင်းလျန်ကူးတို့ဆိပ်မှဖြတ်ကူးလျှက်လွယ်စန့်သို့ရောက်ရှိလာကြောင်းပြည်သူများ၏သတင်းပေးချက်ရရှိခဲ့ပါသည်။

ထို့ကြောင့်ရတခလရ(၂)မှတပ်ခွဲမှုူးဗိုလ်ကြီးသိန်းထွန်းတင်သည်နယ်မြေစိုးမိုးရေးနှင့်လုံခြုံရေးတာဝန်များဆောင်ရွက်နေသောဗိုလ်ခင်မောင်အေးဦးစီးလှုပ်ရှားတပ်စုအားပွိုင့်၆၀၄၁သို့ပြန်လည်ဝင်ရောက်ရန်အကြောင်းကြားခေါ်ယူခဲ့သည်။

ထို့အပြင်လွယ်စန့်စခန်းမှအင်အား(၆)ယောက်ပါတပ်စိတ်တစ်စိတ်ကိုထုတ်နှုှတ်ကာလက်နက်ကြီးခြေကုတ်အဖြစ်ရန်သူအသုံးပြုနိုင်သောပွိုင့်၅၀၅၈တောင်ကုန်းအားကင်းပုန်းဝပ်ရန်စေလွှတ်ခဲ့ပါသည်။လမ်းတွင်လှုပ်ရှားတပ်စုနှင့်တွေ့ဆုံပြီးဗိုလ်ခင်မော်အေးမှရန်သူ့အင်အားပေါ်မူတည်၍ယင်းတပ်စိတ်အား၎င်းကိုယ်တိုင်ကွပ်ကဲမှုယူကင်းပုန်းဝပ်နိုင်ရန်တပ်ခွဲမှုူးထံတင်ပြကာ၁၀း၃၅တွင်ထွက်ခွာကင်းပုန်းဝပ်ခဲ့သည်။

၁၉၇၈မတ်၆ရက်၂၁း၀၀ချိန်တွင်မုန်းယိုင်ဘက်မှဗကပအင်အား(၈၀)ခန့်နှင့်လက်နက်ကြီးအဖွဲ့သည်ဗိုလ်ခင်မောင်အေးတို့ကင်းပုန်းဝပ်စောင့်ဆိုင်းနေသောတောင်ကုန်းသို့ချည်းကပ်ချီတက်လာရာတပ်မတော်မှကိုက်၅၀ထိအကပ်ခံပြီးစတင်ပစ်ခတ်တိုက်ခိုက်ရာအနီးကပ်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။ရန်သူမှ၎င်းတောင်ကုန်းအားသိမ်းပိုက်ရန်အကြိမ်ကြိမ်ကြိုးစားသော်လည်းနောက်ဆုံးတွင်အထိနာစွာဖြင့်ပြန်လည်ဆုတ်ခွာသွားကြသည်။

သို့ရာတွင်အပြီးတိုင်ဆုတ်ခွာခြင်းမဟုတ်ဘဲလက်နက်ကြီးပစ်ကူဖြင့်ထပ်မံလုံးထွေးတိုက်ခိုက်လာရာပွိုင့်၆၀၄၁မှလက်နက်ကြီးပစ်ကူဖြင့်တပ်မတော်မှပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။ဗကပတို့သည်ထိုတောင်ကုန်းကိုသိမ်းပိုက်ရရှိနိုင်ရန်အတွက်ငါးကြိမ်တိတိကျားထိုးတိုက်ခိုက်ခဲ့သော်လည်းတပ်မတော်မှအောင်မြင်စွာခုခံတွန်းလှန်နိုင်ခဲ့သည်။

သို့ရာတွင်ဗကပတို့သည်ထိုတပ်စိတ်အားနောက်မှဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ရန်ကြိုးစားလာသည့်အတွက်ပင်မတောင်ကုန်းသို့အဖွဲ့လိုက်ဆုတ်ခွာစေခဲ့ရာရန်သူ့ကြားဖြတ်အဖွဲ့နှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီးဗိုလ်ခင်မောင်အေးကျဆုံးခဲ့ပါသည်။ရန်သူသည်ထိုပွိုင့်၅၀၅၈တောင်ကုန်းအားခြေကုတ်ယူကာ၎င်းမှတဆင့်တောင်ကြောအတိုင်းချဉ်းကပ်လာပြီးနားလိန်ရွာတွင်တပ်ဖြန့်ရင်းငြိမ်နေခဲ့သည်ကိုတွေ့ရသည်။

ပွိုင့်၆၀၄၁တောင်ကုန်းအားရင်ဆိုင်ထားပြီးနောက်နေ့မတ်လ၇ရက်နေ့တွင်နောင်လိုင်နှင့်ပါဖန်စခန်းတို့အား၀၆း၀၀ချိန်မှစတင်၍ဗကပအင်အား၆၀ခန့်မှလက်နက်ကြီးပစ်ကူဖြင့်စတင်တိုက်ခိုက်ခဲ့သည်။ထို့ကြောင့်ပွိုင့်၆၀၄၁မှလက်နက်ကြီးပစ်ကူပေးခုခံခဲ့ရာ၁၃း၀၀ချိန်ခန့်တွင်ရန်သူ့တိုက်စစ်ရပ်တန့်သွားခဲ့သည်။

ထိုအချိန်တွင်ရန်သူ့တပ်ဖြန့်မှုအားသိရှိနိုင်ရန်အတွက်နားလိန်ရွာသို့တပ်စိတ်တစ်စိတ်စေလွှတ်ထောက်လှမ်းစေခဲ့ရာဗကပအင်အား၃၀ခန့်ဖြင့်အနီးကပ်ထွေးလုံးရစ်ပတ်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးထိုအဖွဲ့သည်ပွိုင့်၆၀၄၁သို့၁၅း၀၀တွင်ပြန်လည်ရောက်ရှိခဲ့ပါသည်။သို့ရာတွင်၎င်းတပ်စိတ်မှစစ်သည်တစ်ဦးကျဆုံးခဲ့ပါသည်။

ရန်သူသည်ပွိုင့်၆၀၄၁တောင်ကုန်းရှိစခန်းနှစ်ခုကြားသို့အင်အား၂၀၀ခန့်ဖြင့်ဝင်ရောက်လာပြီးလက်နက်ကြီး/လက်နက်ငယ်လောက်ချာတို့ဖြင့်ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ရာစခန်းနှစ်ခုစလုံးမှစနစ်တကျပြန်လည်ခုခံတိုက်ခိုက်သဖြင့်ရန်သူသည်အထိအခိုက်အကျအဆုံးများစွာဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

နောက်တနေ့ဖြစ်သောမတ်လ၈ရက်နေ့တွင်မူဗိုလ်ကြီးသိန်ထွန်းတင်ဦးစီးသောအင်အား၅၇ယောက်စခန်းအားဗကပတို့မှ၀၆း၀၀ချိန်မှစတင်၍၈၂မမ၊၅၇မမ၊ပွိုင့်၅စက်သေနတ်ကြီး၊၆၀မမစိန်ပြောင်းတို့ဖြင့်ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်လာခဲ့ပါသည်။ရန်သူသည်အဝေးမှလက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေသဖြင့်မိမိစစ်သည်များကတုန့်ပြန်ပစ်ခတ်ခြင်းမပြုခဲ့ပေ။ထိုသို့မိမိဘက်မှကျည်မဖြုန်းတီးပဲငြိမ်သက်နေခြင်းကိုအားမရနိုင်သောဗကပများသည်တောင်ဘက်စခန်းကုန်းအားတောင်ဘက်မျက်နှာစာမှချဉ်းကပ်တိုက်ခိုက်ကြပြန်သည်။

မိမိစစ်သည်များကချဉ်းကပ်လာသောရန်သူများအားလက်ပစ်ဗုံးများဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်သဖြင့်ရန်သူများစခန်းအနီးသို့မကပ်နိုင်ဘဲပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။အလားတူမြောက်ဘက်စခန်းကုန်းကိုလည်းမြောက်ဘက်တောင်စောင်းမှ၄၀မမလောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်လာရာမိမိမှ၂လက္မစိန်ပြောင်းဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။ရန်သူများသည်အနီးကပ်ထပ်မံတိုက်ခိုက်မှုမရှိတော့ဘဲအဝေးမှလက်နက်ကြီးများအသုံးပြုပစ်ခတ်ကာပိတ်ဆို့ဝန်းရံထားခဲ့သည်။

မတ်လ၉ရက်နေ့၀၅း၀၀ချိန်တွင်မြောက်ဘက်စခန်းကုန်းအားမြောက်ဘက်မှလည်းကောင်း၊တောင်ဘက်စခန်းကုန်းအားတောင်ဘက်မှလည်းကောင်းလက်နက်ကြီးပစ်ကူများဖြင့်တက်ရောက်သိမ်းပိုက်နိုင်ရန်ကြိုးစားခဲ့ကြပြန်သည်။တပ်မတော်မှစခန်းအနီးချဉ်းကပ်လာသောရန်သူများအားကျည်တစ်တောင့်လူတစ်ယောက်နှုန်းဖြင့်ပစ်ခတ်ချေမှုန်းခဲ့၍လည်းကောင်း၊တပ်မတော်(လေ)မှလေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ခြင်းကြောင့်လည်းကောင်းအထိအခိုက်အကျအဆုံးများစွာဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

မတ်လ၁၀ရက်နေ့တွင်အထိနာနေသောဗကပတို့သည်မိမိစခန်းခြံစည်းရိုးအားမီးလောင်တိုက်သွင်းရန်စခန်းအခြေမှမီးလောင်တိုက်သွင်းခဲ့ကြသည်။သို့ရာတွင်တပ်မတော်မှကြိုတင်ပြင်ဆင်ထားပြီးသောမီးတားအဖွဲ့၊မီးငြိမ်းသတ်ရေးအဖွဲ့၊လုံခြုံရေးအဖွဲ့များဖြင့်စနစ်တကျငြိမ်းသတ်နိုင်ခဲ့သည်။သို့ရာတွင်မီးငြိမ်းသတ်နေစဉ်ရန်သူမှပစ်ခတ်တိုက်ခိုက်သဖြင့်စစ်သည်အချို့ဒဏ်ရာရရှိခဲ့သည်။

မတ်လ၁၁ရက်နေ့တွင်အဝေးမှသာလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေပြီး၁၃း၀၀ချိန်ခန့်တွင်ပါဖန်ဘက်မှရန်သူအင်အား၁၅၀ခန့်အဖွဲ့တစ်ဖွဲ့လာရောက်ပူးပေါင်းကြောင်းမြင်တွေ့နေရသည်။ထိုအချိန်တွင်ရန်သူတို့သည်ပန်ဆင်တောင်ကုန်းတွင်ကွပ်ကဲမှုအဖွဲ့ထားရှိပြီး၈၂မမနှင့်၅၇မမများအားတောင်ဘက်စခန်းကုန်း၏တောင်ဘက်ပွိုင့်၅၁၈၁တောင်ကုန်းသို့ရွှေ့ပြောင်းနေကြသည်ကိုတွေ့ရှိရသည်။

ထိုနေ့တစ်နေ့လုံးရန်သူမှအဝေးမှနှောင့်ယှက်ပစ်ခတ်ခြင်းမှအပအနီးကပ်လာရောက်တိုက်ခိုက်ခြင်းမရှိခဲ့ပေ။ရန်သူမှထိုသို့ငြိမ်သက်နေခြင်းမှာအားမွေးနေခြင်းဖြစ်ပေသည်။အဘယ်ကြောင့်ဆိုသော်နောက်တနေ့မတ်လ၁၂ရက်၀၆း၀၀ချိန်ခန့်တွင်လက်နက်ကြီးများစုပြုံပစ်ခတ်ပြီးစခန်း၏အနောက်မြာက်ဘက်နှင့်တောင်ဘက်မျက်နှာစာစခန်းနှစ်ခုကြားမှချဉ်းကပ်တိုက်ခိုက်လာပြန်သည်။

ရန်သူသည်ခြံစည်းရိုးအနီးကပ်နိုင်သည်နှင့်ခြံစည်းရိုးအားလှဲခြင်း၊၄၀မမလောင်ချာဖြင့်ပစ်ခတ်ဖြိုလှဲခြင်းများပြုလုပ်ကာအသုတ်လိုက်တက်ရောက်တိုက်ခိုက်ကြပြီးမြောက်ဘက်တောင်ကုန်းအားအင်အား၂၀၀ခန့်ဖြင့်လည်းကောင်း၊တောင်ဘက်တောင်ကုန်းအားအင်အား၁၅၀ခန့်ဖြင့်လည်းကောင်းသိမ်းပိုက်နိုင်ရေးချဉ်းကပ်တိုက်ခိုက်လာခဲ့ပါသည်။

တပ်မတော်မှစနစ်တကျခုခံတိုက်ခိုက်ကြရာရန်သူမှအကျအဆုံးများသော်လည်းနောက်ပြန်ဆုတ်လျှင်အချင်းချင်းသတ်ဖြတ်ခံရမည်ကိုစိုးရိမ်သဖြင့်အနီးကပ်ထွေးလုံးရစ်ပတ်တိုက်ခိုက်လာခဲ့ပါသည်။တပ်မတော်မှလည်းစနစ်တကျပြန်လည်ခုခံတိုက်ခိုက်နိုင်မှုကြောင့်ရန်သူသည်သုံးကြိမ်တိုင်တိုင်လံှစွပ်တပ်ကျားထိုးခဲ့သော်လည်းအလောင်းများကိုပင်မကောက်နိုင်ပဲကစဉ့်ကလျားနှင့်ဆုတ်ခွာထွက်ပြေးသွားခဲ့ရပါတော့သည်။

မိမိတပ်မတော်နှင့်အနီးကပ်ထွေးလုံးရစ်ပတ်တိုက်ခိုက်ခဲ့မှုကြောင့်ကတုတ်ကျင်းအနီးတွင်အသက်ထွက်သွားသောရန်သူ့အလောင်းများထံမှM23စက်ကလေးတစ်လက်၊M22လေးလက်၊၄၀မမဗုံးပစ်လောင်ချာတစ်လက်ပေါင်းခြောက်လက်ကိုသိမ်းဆည်းရမိခဲ့ပါသည်။ထိုလက်နက်များဖြင့်ပင်ရန်သူကိုတန်ပြန်ခုခံတိုက်ခိုက်ရာတွင်အသုံးပြုခဲ့ပြီးရန်သူ့လက်နက်ကိုယ့်လက်နက်အဖြစ်အသုံးပြုခဲ့သည်။ထိုနေ့နေ့လည်ပိုင်းတွင်ဒုတိယအကြိမ်လက်နက်ကြီးလက်နက်ငယ်များသွန်ပစ်၍စခန်းအားသိမ်းပိုက်နိုင်ရန်ထပ်မံကြိုးစားခဲ့ကြပြန်သည်။

ထိုအချိန်တွင်တပ်ခွဲမှုူးဗိုလ်ကြီးသိန်းထွန်းတင်သည်ရန်သူ့လောင်ချာ၄လုံးဆက်တိုက်၎င်းအနီးကျရောက်ပေါက်ကွဲခဲ့သဖြင့်တပ်ခွဲမှူး၏ဝဲဘက်မျက်လုံးထိမှန်ဒဏ်ရာရရှိခဲ့သည်။သို့ရာတွင်တပ်ခွဲမှူးမှစစ်သည်များစိတ်ဓာတ်ကျဆင်းမည်စိုးသဖြင့်သာမန်ဒဏ်ရာကဲ့သို့သာဖြစ်သလိုစည်းနှောင်၍ဆက်လက်တိုက်ပွဲဝင်ခဲ့ပါသည်။ထိုတိုက်ပွဲသည်လည်းအနီးကပ်တိုက်ပွဲပင်ဖြစ်သောကြောင့်ပြင်းထန်ပြီးမြောက်ဘက်တောင်ကုန်းတွင်၄ဦးကျဆုံးကာ၃ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။

တစ်ဆက်တည်းတွင်တောင်ဘက်စခန်းကိုလည်းရန်သူမှအလုံးအရင်းတိုက်ခိုက်လျှက်ရှိနေရာလေကြောင်းပစ်ကူခေါ်ယူခဲ့ရသည်။ထို့ကြောင့်ရန်သူတို့မှာရှေ့ဆက်မတက်နိုင်ပဲပြန်လည်ဆုတ်ခွာသွားခဲ့ကြရသည်။ခြံစည်းရိုးအစပ်တွင်ရန်သူ့အလောင်း၇၀ခန့်ကျန်ရစ်ခဲ့သည်။သို့ရာတွင်တောင်ဘက်စခန်းကုန်းတွင်ထိခိုက်ဒဏ်ရာရသူများပြားလာသဖြင့်စခန်းမှဖောက်ထွက်ကာတပ်ခွဲရုံးပင်မစခန်းအားပူးပေါင်းရန်ကြိုးစားရာမှရန်သူ့ဖြတ်တောက်ရေးအဖွဲ့နှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပြီးတောင်ဘက်စခန်းကုန်းစခန်းမှှူးကျဆုံးခဲ့ရသည်။

မြောက်ဘက်စခန်းကုန်းကိုမူသိမ်းပိုက်နိုင်ခြင်းမရှိပဲရန်သူမှပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။မတ်လ၁၃ရက်နေ့၀၆း၀၀ချိန်တွင်ပွိုင့်၆၀၄၁စခန်း၏တောင်ဘက်ကုန်းတွင်ဗကပများတက်ရောက်နေရာယူနေကြကြောင်းတွေ့ရှိရသည်။ထို့ကြောင့်လေကြောင်းပစ်ကူတောင်းခံပြီးတောင်ဘက်စခန်းကုန်းအားပစ်ခတ်ချေမှုန်းခဲ့ပါသည်။ထို့နောက်ရန်သူမှပင်မစခန်းကုန်းအားသိမ်းပိုက်နိုင်ရေးအတွက်လက်နက်ကြီးပစ်ကူများဖြင့်ထပ်မံတိုက်စစ်ဆင်ခဲ့ရာတပ်မတော်မှစနစ်တကျခုခံနိုင်ခဲ့သဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့ကြရသည်။

ထိုနေ့၁၅း၀၀ချိန်ခန့်တွင်ဗကပအင်အား၇၀ခန့်လွယ်စန့်ကျေးရွာဘက်မှမိမိပွိုင့်၆၀၄၁၀န်းကျင်သို့အင်အားဖြည့်တင်းရောက်ရှိလာကြောင်းတွေ့ရသည်။ထို့နောက်၁ရး၀၀ချိန်ခန့်တွင်လည်းယောင်တိနှင့်ယောင်ကရော့ရွာများဘက်မှလား၁၄ကောင်နှင့်တကွအင်အား၃၀၀ခန့်ထပ်မံဖြည့်တင်းရောက်ရှိလာကြောင်းတွေ့ရှိရသည်။

ထိုအခြေအနေအရရန်သူသည်မိမိတို့အားအပြီးတိုင်ချေမှုန်းတော့မည်မှာသေချာလျာက်ရှိကြောင်းသုံးသပ်ရသဖြင့်အထက်ဌာနသို့နောက်တစ်နေ့မတ်လ၁၄ရက်၀၆း၀၀ချိန်တိတိတွင်မိမိတို့ထံမှအဆက်အသွယ်ရသည်ဖြစ်စေမရသည်ဖြစ်စေပွိုင့်၆၀၄၁ပင်မစခန်းကုန်းပေါ်သို့လေကြောင်းပစ်ကူပေးရန်တင်ပြတောင်းခံခဲ့သည်။

တပ်ခွဲမှူးနှင့်မိမိစစ်သည်များသုံးသပ်သကဲ့သို့ပင်ဗကပတို့သည်အမှောင်ထုကိုအကာအကွယ်ယူ၍အနီးကပ်ချဉ်းကပ်တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်းသိရှိရသည်။ရန်သူ့ကျင်းတူးသံများကိုပင်အတိုင်းသားကြားနေရသည်။တစ်ချိန်တည်းတွင်ရန်သူမှလက်နက်ကြီးစုပြုံပစ်ခတ်တိုက်ခိုက်လာခဲ့သည်။

လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်ဆက်သွယ်ရေးစက်မှကောင်းကင်ကြိုးများအပိုင်းပိုင်းပြတ်တောက်သွားပြီးစက်သွယ်ရေးစက်လည်းပျက်စီးသွားခဲ့သည်။ထိုအချိန်မှစ၍ပွိုင့်၆၀၄၁တောင်ကုန်းနှင့်အထက်ဌာနအဆင့်ဆင့်တို့အဆက်အသွယ်ပြတ်တောက်သွားခဲ့ရသည်။သို့ရာတွင်တပ်မတော်သည်နောက်တွန့်ခြင်းအလျဉ်းမရှိပဲရဲရဲဝံ့ဝံ့ခုခံတိုက်ခိုက်ခဲ့ကြသည်။ထိုအခြေအနေတွင်တိုက်ပွဲကာလကြာမြင့်လာသည်နှင့်အမျှမိမိတို့တွင်ခဲယမ်းများလျော့နည်းလာပြီဖြစ်သည်။ပျမ်းမျှတစ်ဦးလျှင်ကျည်၂၀ခန့်စီသာကျန်တော့သည်။

တပ်ခွဲမှူးမှအခြေအနေကိုတွက်ချက်၍ထိုနေ့၂၀း၀၀ချိန်တွင်ဖောက်ထွက်ရန်ဆုံးဖြတ်ခဲ့ကြသည်။တပ်မတော်အနေဖြင့်ကျည်ကုန်လက်နက်မဲ့အခြေအနေဖြင့်ရန်သူ့ဖမ်းဆီးခြင်းခံရသည်ထက်လက်ရှိအခြေအနေမှဖောက်ထွက်ခဲ့ခြင်းသာလျှင်အခွင့်အရေးကြုံပါကရန်သူကိုပိုမိုသတ်ဖြတ်နိုင်ရန်အခြေအနေဖန်တီးနိုင်မည်ဖြစ်သည်။ထို့အပြင်ရန်သူကိုလည်း၈ညနှင့်၇ရက်တိုင်တိုင်သုတ်သင်နိုင်သမျှသုတ်သင်ခဲ့ပြီးဖြစ်လေရာတပ်မတော်၏စွမ်းရည်ကိုပြသနိုင်ခဲ့ပြီးဖြစ်လေသည်။

တပ်ခွဲမှူးသည်ဖောက်ထွက်ရေးအဖွဲ့များအားစနစ်တကျဖွဲ့စည်းပြီးဦးစွာသယ်ယူနိုင်ခြင်းမရှိတော့သည်စုပုံရိက္ခာများနှင့်စာရွက်စာတမ်းများအားစနစ်တကျဖျက်ဆီးခဲ့သည်။ထို့နောက်သတ်မှတ်ထားသည့်အတိုင်းဒဏ်ရာရလူနာများနှင့်တပ်ခွဲမှူးမှဦးစွာဖောက်ထွက်ခဲ့သည်။အလုပ်သင်ဗိုလ်ဝင်းမြင့်နှင့်အင်အား၅ယောက်သာနောက်ချန်နေခဲ့ပြီးစခန်းကိုထိမ်းသိမ်းထားကာနာရီဝက်ကြာမှတပ်ခွဲမှူးဖောက်ထွက်ရာလမ်းကြောင်းအတိုင်းဖောက်ထွက်ခဲ့ကြသည်။

တပ်ခွဲမှူးနှင့်အဖွဲ့သည်ကြယ်ရောင်ကိုအားပြုရင်းသတိကြီးစွာဖြင့်ချီတက်ခဲ့သည်။တပ်ခွဲမှူးမှာမျက်လုံးတစ်ဘက်ကိုသာအားပြုနေရသဖြင့်ခက်ခဲစွာလှုုပ်ရှားနေရသည်။တပ်ခွဲမှူးနှင့်အဖွဲ့သည်နမ့်လောင်းချောင်းဖျားသို့မတ်လ၁၄ရက်၀၁း၀၀ချိန်တွင်ရောက်ရှိကာအခြေပြုခဲ့ကြပြီး၀၃း၀၀ချိန်တွင်နမ့်လောင်းချောင်းအတိုင်းဆက်လက်ဆင်းလာခဲ့ရာသံလွင်မြစ်ကမ်းသို့မတ်လ၁၄ရက်၁၂း၃၀ချိန်တွင်ရောက်ရှိခဲ့ကြသည်။

နောက်တစ်နေ့တွင်အထောက်တော်စေလွှတ်၍ဖန်မွန်းရွာသူရွာသားများနှင့်ဆက်သွယ်နိုင်ခဲ့သည်။ရွာသူရွာသားများမှတပ်မတော်အားကြည်ညိုရင်းစွဲရှိသဖြင့်နံနက်စာကျွေးမွေးခဲ့ကြသည်။တောင်သာစခန်းမှဖောက်ထွက်ကြရာတွင်ခြေထောက်ဒဏ်ရာဖြင့်လူစုကွဲကျန်နေခဲ့သောတပ်သားတစ်ဦးအားရွာသားများမှဖွက်ထားရာမှတပ်ခွဲမှူးထံပြန်လည်အပ်နှံသည်။ထို့နောက်လမ်းပြနှစ်ယောက်ဖြင့်နမ်းကျိန်ကျေးရွာသို့ဆက်လက်ပို့ဆောင်ခဲ့ကြသည်။

နမ်းကျိန်ရွာတောင်ယာတဲတစ်ခုသို့ရောက်နေသောတောင်ဘက်စခန်းကုန်းမှဖောက်ထွက်လာခဲ့သည့်တပ်ကြပ်ရမားဆင်ဦးစီးတပ်စိတ်နှင့်ထပ်မံဆုံသည်။တဖြည်းဖြည်းနှင့်ပါဖန်မှဖောက်ထွက်လာသောတပ်စိတ်အလုပ်သင်ဗိုလ်ဝင်းမြင့်ဦးဆောင်သောနောက်ချန်တပ်စိတ်တို့ပြန်လည်ပေါင်းဆုံမိခဲ့ကြသည်။ပိန်းလွန်းရွာတွင်တပ်ခွဲမှူးမှအထောက်တော်စေလွှတ်ရာခမရ၁၀၄စစ်ကြောင်းနှင့်အဆက်သွယ်ရရှိကာပူးပေါင်းမိခဲ့ကြသည်။

ထိုမှတဆင့်အဆင့်ဆင့်ပို့ဆောင်ကြရာမတ်လ၁၇ရက်နေ့၁၄း၃၀တွင်တန့်ယန်းမြို့သို့ရောက်ရှိခဲ့ကြရာမြို့သူမြို့သားများမှရင်နှစ်သည်းချာများပမာကြိုဆိုခဲ့ကြသည်။ရှေ့တန်းအမှတ်(၂)ခြေလျင်တပ်ရင်းမှတပ်ခွဲမှူးဗိုလ်ကြီးသိန်းထွန်းတင်ဦးစီးတပ်မတော်သားများသည်ပွိုင့်၆၀၄၁စခန်းမှရေနှင့်ခဲယမ်းပြတ်လတ်သည်အထိ၈ညနှင့်၇ရက်တိုင်တိုင်ခုခံတိုက်ခိုက်ခဲ့ကြပြီးအရာရှိစစ်သည်၁၅ဦးကျဆုံး၊တပ်ခွဲမှူးနှင့်၁၂ဦးဒဏ်ရာရရှိကာဗကပအင်အား၂၀၀ခန့်သုတ်သင်နိုင်ခဲ့သည်။

မိမိဘက်မှအင်အား၅၇ယောက်တွင်တပ်ခွဲမှူးနှင့်စစ်သည်၄၂ယောက်တို့အရောက်ပြန်လာနိုင်ခဲ့ကြသည်။၎င်းစွမ်းဆောင်ချက်မှာတပ်မတော်သမိုင်းတွင်ထူးခြားပြောင်မြောက်သောတိုက်ပွဲတစ်ပွဲအဖြစ်မှတ်ကျောက်တင်မော်ကွန်းရေးထိုးရမည်ပင်ဖြစ်ပေသည်။ပွိုင့်၆၀၄၁တောင်ကုန်းတိုက်ပွဲတွင်တိုက်ပွဲဝင်ခဲ့သောတပ်မတော်သားအပေါင်းနှင့်ကျဆုံးသွားသောဗိုလ်ခင်မောင်အေးနှင့်စစ်သည်အဆင့်အတန်းအားလုံးတို့အားနိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးကလေးစားစွာဂုဏ်ပြုအပ်ပါသည်။

(လေ့ကျင့်ရေးရုပ်ရှင်မှဤသမိုင်းဝင်တိုက်ပွဲကိုအမိမြေမှသားကောင်းများဟူသောအမည်နှင့်အဖြူအမည်းရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူး၍တစ်နိုင်ငံလုံးအတိုင်းအတာသို့ပြသခဲ့ရာအထူးအောင်မြင်ခဲ့သည်။)

သူရစစ်သွေ

Zawgyi

ပိြဳင့္၆၀၄၁စခန္းတိုက္ပြဲ(သို႔မဟုတ္)အမိေျမမွသားေကာင္းမ်ား

တန္႔ယန္းေဒသအတြင္းရွိပိြဳင့္၆၀၄၁စခန္းတိုက္ပြဲသည္တပ္မေတာ္အတြက္စံျပဳရမည့္တိုက္ပြဲၾကီးတစ္ပြဲျဖစ္သကဲ့သို႔တပ္မေတာ္၏ဇြဲရွိမႈသတၱိရွိမႈစစ္ေရးစြမ္းရည္ထက္ျမက္မႈတို႔ကိုေဖာ္ျပနိုင္ခဲ့ေသာတိုက္ပြဲျဖစ္သျဖင့္စံနမူနာအျဖစ္သင္ခန္းစာရယူႏိုင္ေစရန္ေဖာ္ျပေပးလိုက္ပါသည္….ထိုတိုက္ပြဲတြင္တပ္မေတာ္မွအင္အား၅၇ေယာက္သာရွိေသာစခန္းအားဗကပတပ္မဟာ(၈)ႏွင့္တပ္မဟာ(၁၂)အင္အား၂၀၀၀ခန္႔တိုက္ခိုက္ခဲ့ျကျခင္းျဖစ္ရာအင္အားကိုၾကည့္ျခင္းျဖင့္တိုက္ပြဲ၏အေျခအေနအားသံုးသပ္နိုင္မည္ျဖစ္ပါသည္။

ထို့ေၾကာင့္တိုက္ပြဲပံုသ႑န္အားေဖာ္ျပျခင္းျဖင့္တပ္မေတာ္၏အနိုင္မခံအရႈံးမေပးစိတ္ဓာတ္ကိုကြက္ကြက္ကြင္းကြင္းျမင္ေတြ႔နိုင္မည္ျဖစ္သည္…တပ္မေတာ္သမိုင္းတြင္ေမာ္ကြန္းထိုးရမည့္ထိုတိုက္ပြဲစဥ္မ်ားကိုေပၚလြင္ေအာင္ေဖာ္ျပလိုက္ရပါသည္…၁၉၇၈မတ္၆ရက္၀၈း၀၀ခ်ိန္ခန့္တြင္ဗကပတပ္မဟာ(၈)ႏွင့္တပ္မဟာ(၁၂)အင္အားစုမ်ားသည္တာဆိုင္းလ်န္ကူးတုိ႔ဆိပ္မွျဖတ္ကူးလွ်က္လြယ္စန္႔သို႔ေရာက္ရွိလာေၾကာင္းျပည္သူမ်ား၏သတင္းေပးခ်က္ရရွိခဲ့ပါသည္။

ထို့ေၾကာင့္ရတခလရ(၂)မွတပ္ခြဲမႈဴးဗိုလ္ၾကီးသိန္းထြန္းတင္သည္နယ္ေျမစိုးမိုးေရးႏွင့္လံုျခံဳေရးတာ၀န္မ်ားေဆာင္ရြက္ေနေသာဗိုလ္ခင္ေမာင္ေအးဦးစီးလႈပ္ရွားတပ္စုအားပိြဳင့္၆၀၄၁သို့ျပန္လည္၀င္ေရာက္ရန္အေၾကာင္းၾကားေခၚယူခဲ့သည္။ထို့အျပင္လြယ္စန္႔စခန္းမွအင္အား(၆)ေယာက္ပါတပ္စိတ္တစ္စိတ္ကိုထုတ္ႏႈွတ္ကာလက္နက္ၾကီးေျခကုတ္အျဖစ္ရန္သူအသံုးျပဳနိုင္ေသာပိြဳင့္၅၀၅၈ေတာင္ကုန္းအားကင္းပုန္း၀ပ္ရန္ေစလႊတ္ခဲ့ပါသည္။

လမ္းတြင္လႈပ္ရွားတပ္စုႏွင့္ေတြ႔ဆံုျပီးဗိုလ္ခင္ေမာ္ေအးမွရန္သူ႔အင္အားေပၚမူတည္၍ယင္းတပ္စိတ္အား၄င္းကိုယ္တိုင္ကြပ္ကဲမႈယူကင္းပုန္း၀ပ္နိုင္ရန္တပ္ခြဲမႈဴးထံတင္ျပကာ၁၀း၃၅တြင္ထြက္ခြာကင္းပုန္း၀ပ္ခဲ့သည္။၁၉၇၈မတ္၆ရက္၂၁း၀၀ခ်ိန္တြင္မုန္းယိုင္ဘက္မွဗကပအင္အား(၈၀)ခန္႔ႏွင့္လက္နက္ၾကီးအဖြဲ႔သည္ဗိုလ္ခင္ေမာင္ေအးတို႔ကင္းပုန္း၀ပ္ေစာင့္ဆိုင္းေနေသာေတာင္ကုန္းသို႔ခ်ည္းကပ္ခ်ီတက္လာရာတပ္မေတာ္မွကိုက္၅၀ထိအကပ္ခံျပီးစတင္ပစ္ခတ္တိုက္ခိုက္ရာအနီးကပ္တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားခဲ့သည္။

ရန္သူမွ၄င္းေတာင္ကုန္းအားသိမ္းပိုက္ရန္အၾကိမ္ၾကိမ္ၾကိဳးစားေသာ္လည္းေနာက္ဆံုးတြင္အထိနာစြာျဖင့္ျပန္လည္ဆုတ္ခြာသြားၾကသည္။သို့ရာတြင္အျပီးတိုင္ဆုတ္ခြာျခင္းမဟုတ္ဘဲလက္နက္ၾကီးပစ္ကူျဖင့္ထပ္မံလံုးေထြးတိုက္ခိုက္လာရာပိြဳင့္၆၀၄၁မွလက္နက္ၾကီးပစ္ကူျဖင့္တပ္မေတာ္မွျပန္လည္ခုခံတိုက္ခိုက္ခဲ့သည္။ဗကပတို႔သည္ထိုေတာင္ကုန္းကိုသိမ္းပိုက္ရရွိနိုင္ရန္အတြက္ငါးၾကိမ္တိတိက်ားထိုးတိုက္ခိုက္ခဲ့ေသာ္လည္းတပ္မေတာ္မွေအာင္ျမင္စြာခုခံတြန္းလွန္နိုင္ခဲ့သည္။

သို႔ရာတြင္ဗကပတို႔သည္ထိုတပ္စိတ္အားေနာက္မွ၀ိုင္းပတ္ပိတ္ဆို႔တိုက္ခိုက္ရန္ၾကိဳးစားလာသည့္အတြက္ပင္မေတာင္ကုန္းသို႔အဖြဲ႔လိုက္ဆုတ္ခြာေစခဲ့ရာရန္သူ့ၾကားျဖတ္အဖြဲ့ႏွင့္ေတြ႔ဆံုတိုက္ပြဲျဖစ္ပြားျပီးဗိုလ္ခင္ေမာင္ေအးက်ဆံုးခဲ့ပါသည္။ရန္သူသည္ထိုပိြဳင့္၅၀၅၈ေတာင္ကုန္းအားေျခကုတ္ယူကာ၄င္းမွတဆင့္ေတာင္ေၾကာအတိုင္းခ်ဥ္းကပ္လာျပီးနားလိန္ရြာတြင္တပ္ျဖန္႔ရင္းျငိမ္ေနခဲ့သည္ကိုေတြ႔ရသည္။

ပိြဳင့္၆၀၄၁ေတာင္ကုန္းအားရင္ဆိုင္ထားျပီးေနာက္ေန႔မတ္လ၇ရက္ေန႔တြင္ေနာင္လိုင္ႏွင့္ပါဖန္စခန္းတို႔အား၀၆း၀၀ခ်ိန္မွစတင္၍ဗကပအင္အား၆၀ခန္႔မွလက္နက္ၾကီးပစ္ကူျဖင့္စတင္တိုက္ခိုက္ခဲ့သည္။ထို႔ေၾကာင့္ပိြဳင့္၆၀၄၁မွလက္နက္ၾကီးပစ္ကူေပးခုခံခဲ့ရာ၁၃း၀၀ခ်ိန္ခန္႔တြင္ရန္သူ႔တိုက္စစ္ရပ္တန္႔သြားခဲ့သည္။

ထိုအခ်ိန္တြင္ရန္သူ႔တပ္ျဖန္႔မႈအားသိရွိနိုင္ရန္အတြက္နားလိန္ရြာသို႔တပ္စိတ္တစ္စိတ္ေစလႊတ္ေထာက္လွမ္းေစခဲ့ရာဗကပအင္အား၃၀ခန္႔ျဖင့္အနီးကပ္ေထြးလံုးရစ္ပတ္တိုက္ပြဲျပင္းထန္စြာျဖစ္ပြားျပီးထုိအဖြဲ႔သည္ပိြဳင့္၆၀၄၁သို႔၁၅း၀၀တြင္ျပန္လည္ေရာက္ရွိခဲ့ပါသည္။သုိ႔ရာတြင္၄င္းတပ္စိတ္မွစစ္သည္တစ္ဦးက်ဆံုးခဲ့ပါသည္။

ရန္သူသည္ပိြဳင့္၆၀၄၁ေတာင္ကုန္းရွိစခန္းႏွစ္ခုၾကားသုိ႔အင္အား၂၀၀ခန္႔ျဖင့္၀င္ေရာက္လာျပီးလက္နက္ၾကီး/လက္နက္ငယ္ေလာက္ခ်ာတုိ႔ျဖင့္ျပင္းထန္စြာပစ္ခတ္တိုက္ခိုက္ရာစခန္းႏွစ္ခုစလံုးမွစနစ္တက်ျပန္လည္ခုခံတိုက္ခိုက္သျဖင့္ရန္သူသည္အထိအခိုက္အက်အဆံုးမ်ားစြာျဖင့္ျပန္လည္ဆုတ္ခြာသြားခဲ့သည္။ေနာက္တေန႔ျဖစ္ေသာမတ္လ၈ရက္ေန႔တြင္မူဗိုလ္ၾကီးသိန္ထြန္းတင္ဦးစီးေသာအင္အား၅၇ေယာက္စခန္းအားဗကပတို႔မွ၀၆း၀၀ခ်ိန္မွစတင္၍၈၂မမ၊၅၇မမ၊ပိြဳင့္၅စက္ေသနတ္ၾကီး၊၆၀မမစိန္ေျပာင္းတုိ႔ျဖင့္ျပင္းထန္စြာပစ္ခတ္တိုက္ခိုက္လာခဲ့ပါသည္။

ရန္သူသည္အေ၀းမွလက္နက္ၾကီးမ်ားျဖင့္သာပစ္ခတ္တိုက္ခိုက္ေနသျဖင့္မိမိစစ္သည္မ်ားကတုန္႔ျပန္ပစ္ခတ္ျခင္းမျပဳခဲ့ေပ။ထိုသို႔မိမိဘက္မွက်ည္မျဖဳန္းတီးပဲျငိမ္သက္ေနျခင္းကိုအားမရနိုင္ေသာဗကပမ်ားသည္ေတာင္ဘက္စခန္းကုန္းအားေတာင္ဘက္မ်က္ႏွာစာမွခ်ဥ္းကပ္တိုက္ခိုက္ၾကျပန္သည္။မိမိစစ္သည္မ်ားကခ်ဥ္းကပ္လာေသာရန္သူမ်ားအားလက္ပစ္ဗံုးမ်ားျဖင့္ျပန္လည္ပစ္ခတ္တိုက္ခိုက္သျဖင့္ရန္သူမ်ားစခန္းအနီးသို႔မကပ္နိုင္ဘဲျပန္လည္ဆုတ္ခြာသြားခဲ့ၾကသည္။

အလားတူေျမာက္ဘက္စခန္းကုန္းကိုလည္းေျမာက္ဘက္ေတာင္ေစာင္းမွ၄၀မမေလာင္ခ်ာျဖင့္ပစ္ခတ္တိုက္ခုိက္လာရာမိမိမွ၂လကၼစိန္ေျပာင္းျဖင့္ျပန္လည္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ျပန္လည္ဆုတ္ခြာသြားခဲ့ၾကသည္။ရန္သူမ်ားသည္အနီးကပ္ထပ္မံတိုက္ခိုက္မႈမရွိေတာ့ဘဲအေ၀းမွလက္နက္ၾကီးမ်ားအသံုးျပဳပစ္ခတ္ကာပိတ္ဆို႔၀န္းရံထားခဲ့သည္။

မတ္လ၉ရက္ေန႔၀၅း၀၀ခ်ိန္တြင္ေျမာက္ဘက္စခန္းကုန္းအားေျမာက္ဘက္မွလည္းေကာင္း၊ေတာင္ဘက္စခန္းကုန္းအားေတာင္ဘက္မွလည္းေကာင္းလက္နက္ၾကီးပစ္ကူမ်ားျဖင့္တက္ေရာက္သိမ္းပိုက္နိုင္ရန္ၾကိဳးစားခဲ့ၾကျပန္သည္။တပ္မေတာ္မွစခန္းအနီးခ်ဥ္းကပ္လာေသာရန္သူမ်ားအားက်ည္တစ္ေတာင့္လူတစ္ေယာက္ႏွဳန္းျဖင့္ပစ္ခတ္ေခ်မွုန္းခဲ့၍လည္းေကာင္း၊တပ္မေတာ္(ေလ)မွေလေၾကာင္းပစ္ကူေပးတိုက္ခိုက္ခဲ့ျခင္းေၾကာင့္လည္းေကာင္းအထိအခိုက္အက်အဆံုးမ်ားစြာျဖင့္ျပန္လည္ဆုတ္ခြာသြားခဲ့ၾကသည္။

မတ္လ၁၀ရက္ေန႔တြင္အထိနာေနေသာဗကပတို႔သည္မိမိစခန္းျခံစည္းရိုးအားမီးေလာင္တိုက္သြင္းရန္စခန္းအေျခမွမီးေလာင္တိုက္သြင္းခဲ့ၾကသည္။သို႔ရာတြင္တပ္မေတာ္မွၾကိဳတင္ျပင္ဆင္ထားျပီးေသာမီးတားအဖြဲ႔၊မီးျငိမ္းသတ္ေရးအဖြဲ႕၊လံုျခံဳေရးအဖြဲ႔မ်ားျဖင့္စနစ္တက်ျငိမ္းသတ္နိုင္ခဲ့သည္။သို႔ရာတြင္မီးျငိမ္းသတ္ေနစဥ္ရန္သူမွပစ္ခတ္တိုက္ခိုက္သျဖင့္စစ္သည္အခ်ိဳ႔ဒဏ္ရာရရွိခဲ့သည္။မတ္လ၁၁ရက္ေန႔တြင္အေ၀းမွသာလက္နက္ၾကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ေနျပီး၁၃း၀၀ခ်ိန္ခန္႔တြင္ပါဖန္ဘက္မွရန္သူအင္အား၁၅၀ခန္႔အဖြဲ႔တစ္ဖြဲ႔လာေရာက္ပူးေပါင္းေၾကာင္းျမင္ေတြ႔ေနရသည္။

ထိုအခ်ိန္တြင္ရန္သူတို႔သည္ပန္ဆင္ေတာင္ကုန္းတြင္ကြပ္ကဲမႈအဖြဲ႔ထားရွိျပီး၈၂မမႏွင့္၅၇မမမ်ားအားေတာင္ဘက္စခန္းကုန္း၏ေတာင္ဘက္ပိြဳင့္၅၁၈၁ေတာင္ကုန္းသို႔ေရႊ့ေျပာင္းေနၾကသည္ကိုေတြ႔ရွိရသည္။ထိုေန႔တစ္ေန႔လံုးရန္သူမွအေ၀းမွေနွာင့္ယွက္ပစ္ခတ္ျခင္းမွအပအနီးကပ္လာေရာက္တိုက္ခိုက္ျခင္းမရွိခဲ့ေပ။

ရန္သူမွထိုသို႔ျငိမ္သက္ေနျခင္းမွာအားေမြးေနျခင္းျဖစ္ေပသည္။အဘယ္ေၾကာင့္ဆိုေသာ္ေနာက္တေန႔မတ္လ၁၂ရက္၀၆း၀၀ခ်ိန္ခန့္တြင္လက္နက္ၾကီးမ်ားစုျပံဳပစ္ခတ္ျပီးစခန္း၏အေနာက္ျမာက္ဘက္နွင့္ေတာင္ဘက္မ်က္ႏွာစာစခန္းႏွစ္ခုၾကားမွခ်ဥ္းကပ္တိုက္ခိုက္လာျပန္သည္။

ရန္သူသည္ျခံစည္းရိုးအနီးကပ္နိုင္သည္ႏွင့္ျခံစည္းရိုးအားလွဲျခင္း၊၄၀မမေလာင္ခ်ာျဖင့္ပစ္ခတ္ျဖိဳလွဲျခင္းမ်ားျပဳလုပ္ကာအသုတ္လိုက္တက္ေရာက္တိုက္ခိုက္ၾကျပီးေျမာက္ဘက္ေတာင္ကုန္းအားအင္အား၂၀၀ခန္႔ျဖင့္လည္းေကာင္း၊ေတာင္ဘက္ေတာင္ကုန္းအားအင္အား၁၅၀ခန္႔ျဖင့္လည္းေကာင္းသိမ္းပိုက္နိုင္ေရးခ်ဥ္းကပ္တိုက္ခိုက္လာခဲ့ပါသည္။တပ္မေတာ္မွစနစ္တက်ခုခံတိုက္ခိုက္ၾကရာရန္သူမွအက်အဆံုးမ်ားေသာ္လည္းေနာက္ျပန္ဆုတ္လွ်င္အခ်င္းခ်င္းသတ္ျဖတ္ခံရမည္ကုိစုိးရိမ္သျဖင့္အနီးကပ္ေထြးလံုးရစ္ပတ္တိုက္ခိုက္လာခဲ့ပါသည္။

တပ္မေတာ္မွလည္းစနစ္တက်ျပန္လည္ခုခံတုိက္ခုိက္နိုင္မႈေၾကာင့္ရန္သူသည္သံုးၾကိမ္တိုင္တိုင္လံွစြပ္တပ္က်ားထိုးခဲ့ေသာ္လည္းအေလာင္းမ်ားကိုပင္မေကာက္နိုင္ပဲကစဥ့္ကလ်ားႏွင့္ဆုတ္ခြာထြက္ေျပးသြားခဲ့ရပါေတာ့သည္။မိမိတပ္မေတာ္ႏွင့္အနီးကပ္ေထြးလံုးရစ္ပတ္တိုက္ခိုက္ခဲ့မႈေၾကာင့္ကတုတ္က်င္းအနီးတြင္အသက္ထြက္သြားေသာရန္သူ႔အေလာင္းမ်ားထံမွM23စက္ကေလးတစ္လက္၊M22ေလးလက္၊၄၀မမဗံုးပစ္ေလာင္ခ်ာတစ္လက္ေပါင္းေျခာက္လက္ကိုသိမ္းဆည္းရမိခဲ့ပါသည္။

ထိုလက္နက္မ်ားျဖင့္ပင္ရန္သူကိုတန္ျပန္ခုခံတိုက္ခိုက္ရာတြင္အသံုးျပဳခဲ့ျပီးရန္သူ့လက္နက္ကိုယ့္လက္နက္အျဖစ္အသံုးျပဳခဲ့သည္။ထိုေန႔ေန႔လည္ပုိင္းတြင္ဒုတိယအၾကိမ္လက္နက္ၾကီးလက္နက္ငယ္မ်ားသြန္ပစ္၍စခန္းအားသိမ္းပိုက္နိုင္ရန္ထပ္မံၾကိဳးစားခဲ့ၾကျပန္သည္။ထိုအခ်ိန္တြင္တပ္ခြဲမႈဴးဗိုလ္ၾကီးသိန္းထြန္းတင္သည္ရန္သူ့ေလာင္ခ်ာ၄လံုးဆက္တိုက္၄င္းအနီးက်ေရာက္ေပါက္ကြဲခဲ့သျဖင့္တပ္ခြဲမွူး၏၀ဲဘက္မ်က္လံုးထိမွန္ဒဏ္ရာရရွိခဲ့သည္။

သို့ရာတြင္တပ္ခြဲမွူးမွစစ္သည္မ်ားစိတ္ဓာတ္က်ဆင္းမည္စိုးသျဖင့္သာမန္ဒဏ္ရာကဲ့သို့သာျဖစ္သလိုစည္းေႏွာင္၍ဆက္လက္တိုက္ပြဲ၀င္ခဲ့ပါသည္။ထိုတိုက္ပြဲသည္လည္းအနီးကပ္တိုက္ပြဲပင္ျဖစ္ေသာေၾကာင့္ျပင္းထန္ျပီးေျမာက္ဘက္ေတာင္ကုန္းတြင္၄ဦးက်ဆံုးကာ၃ဦးျပင္းထန္စြာဒဏ္ရာရရွိခဲ့ပါသည္။တစ္ဆက္တည္းတြင္ေတာင္ဘက္စခန္းကိုလည္းရန္သူမွအလံုးအရင္းတိုက္ခိုက္လွ်က္ရွိေနရာေလေၾကာင္းပစ္ကူေခၚယူခဲ့ရသည္။

ထို့ေၾကာင့္ရန္သူတို့မွာေရွ့ဆက္မတက္နိုင္ပဲျပန္လည္ဆုတ္ခြာသြားခဲ့ၾကရသည္။ျခံစည္းရိုးအစပ္တြင္ရန္သူ႔အေလာင္း၇၀ခန္႔က်န္ရစ္ခဲ့သည္။သို႔ရာတြင္ေတာင္ဘက္စခန္းကုန္းတြင္ထိခိုက္ဒဏ္ရာရသူမ်ားျပားလာသျဖင့္စခန္းမွေဖာက္ထြက္ကာတပ္ခြဲရံုးပင္မစခန္းအားပူးေပါင္းရန္ၾကိဳးစားရာမွရန္သူ႔ျဖတ္ေတာက္ေရးအဖြဲ႔ႏွင့္ေတြ႔ဆံုတိုက္ပြဲျဖစ္ပြားခဲ႔ျပီးေတာင္ဘက္စခန္းကုန္းစခန္းမွႉးက်ဆံုးခဲ့ရသည္။ေျမာက္ဘက္စခန္းကုန္းကိုမူသိမ္းပိုက္နိုင္ျခင္းမရွိပဲရန္သူမွျပန္လည္ဆုတ္ခြာသြားခဲ့ၾကသည္။

မတ္လ၁၃ရက္ေန႔၀၆း၀၀ခ်ိန္တြင္ပိြဳင့္၆၀၄၁စခန္း၏ေတာင္ဘက္ကုန္းတြင္ဗကပမ်ားတက္ေရာက္ေနရာယူေနၾကေၾကာင္းေတြ႔ရွိရသည္။ထို႔ေၾကာင့္ေလေၾကာင္းပစ္ကူေတာင္းခံျပီးေတာင္ဘက္စခန္းကုန္းအားပစ္ခတ္ေခ်မႈန္းခဲ့ပါသည္။ထို့ေနာက္ရန္သူမွပင္မစခန္းကုန္းအားသိမ္းပိုက္နိုင္ေရးအတြက္လက္နက္ၾကီးပစ္ကူမ်ားျဖင့္ထပ္မံတိုက္စစ္ဆင္ခဲ့ရာတပ္မေတာ္မွစနစ္တက်ခုခံနိုင္ခဲ့သျဖင့္ျပန္လည္ဆုတ္ခြာသြားခဲ့ၾကရသည္။

ထိုေန႔၁၅း၀၀ခ်ိန္ခန္႔တြင္ဗကပအင္အား၇၀ခန္႔လြယ္စန္႔ေက်းရြာဘက္မွမိမိပိြဳင့္၆၀၄၁၀န္းက်င္သို႔အင္အားျဖည့္တင္းေရာက္ရွိလာေၾကာင္းေတြ့ရသည္။ထို့ေနာက္၁၇း၀၀ခ်ိန္ခန့္တြင္လည္းေယာင္တိနွင့္ေယာင္ကေရာ့ရြာမ်ားဘက္မွလား၁၄ေကာင္ႏွင့္တကြအင္အား၃၀၀ခန္႔ထပ္မံျဖည့္တင္းေရာက္ရွိလာေၾကာင္းေတြ႔ရွိရသည္။

ထိုအေျခအေနအရရန္သူသည္မိမိတို႔အားအျပီးတိုင္ေခ်မႈန္းေတာ့မည္မွာေသခ်ာလ်ာက္ရွိေၾကာင္းသံုးသပ္ရသျဖင့္အထက္ဌာနသို႔ေနာက္တစ္ေန႔မတ္လ၁၄ရက္၀၆း၀၀ခ်ိန္တိတိတြင္မိမိတို႔ထံမွအဆက္အသြယ္ရသည္ျဖစ္ေစမရသည္ျဖစ္ေစပိြဳင့္၆၀၄၁ပင္မစခန္းကုန္းေပၚသို႔ေလေၾကာင္းပစ္ကူေပးရန္တင္ျပေတာင္းခံခဲ့သည္။တပ္ခဲြမႉးႏွင့္မိမိစစ္သည္မ်ားသံုးသပ္သကဲ့သို႔ပင္ဗကပတိုု႔သည္အေမွာင္ထုကိုအကာအကြယ္ယူ၍အနီးကပ္ခ်ဥ္းကပ္တိုက္ခိုက္ရန္ျပင္ဆင္ေနေၾကာင္းသိရွိရသည္။

ရန္သူ့က်င္းတူးသံမ်ားကိုပင္အတိုင္းသားၾကားေနရသည္။တစ္ခ်ိန္တည္းတြင္ရန္သူမွလက္နက္ၾကီးစုျပံဳပစ္ခတ္တိုက္ခိုက္လာခဲ့သည္။လက္နက္ၾကီးပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ဆက္သြယ္ေရးစက္မွေကာင္းကင္ၾကိဳးမ်ားအပိုင္းပိုင္းျပတ္ေတာက္သြားျပီးစက္သြယ္ေရးစက္လည္းပ်က္စီးသြားခဲ့သည္။ထိုအခ်ိန္မွစ၍ပိြဳင့္၆၀၄၁ေတာင္ကုန္းႏွင့္အထက္ဌာနအဆင့္ဆင့္တို႔အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ရသည္။သုိ႔ရာတြင္တပ္မေတာ္သည္ေနာက္တြန္႔ျခင္းအလ်ဥ္းမရွိပဲရဲရဲ၀ံ့၀ံ့ခုခံတိုက္ခိုက္ခဲ့ၾကသည္။

ထိုအေျခအေနတြင္တိုက္ပြဲကာလၾကာျမင့္လာသည္ႏွင့္အမွ်မိမိတို႔တြင္ခဲယမ္းမ်ားေလ်ာ့နည္းလာျပီျဖစ္သည္။ပ်မ္းမွ်တစ္ဦးလွ်င္က်ည္၂၀ခန္႔စီသာက်န္ေတာ့သည္။တပ္ခြဲမွူးမွအေျခအေနကိုတြက္ခ်က္၍ထိုေန႔၂၀း၀၀ခ်ိန္တြင္ေဖာက္ထြက္ရန္ဆံုးျဖတ္ခဲ့ၾကသည္။တပ္မေတာ္အေနျဖင့္က်ည္ကုန္လက္နက္မဲ့အေျခအေနျဖင့္ရန္သူ႔ဖမ္းဆီးျခင္းခံရသည္ထက္လက္ရွိအေျခအေနမွေဖာက္ထြက္ခဲ့ျခင္းသာလွ်င္အခြင့္အေရးၾကံဳပါကရန္သူကိုပိုမိုသတ္ျဖတ္နိုင္ရန္အေျခအေနဖန္တီးနိုင္မည္ျဖစ္သည္။

ထို့အျပင္ရန္သူကိုလည္း၈ညႏွင့္၇ရက္တိုင္တိုင္သုတ္သင္နိုင္သမွ်သုတ္သင္ခဲ့ျပီးျဖစ္ေလရာတပ္မေတာ္၏စြမ္းရည္ကိုျပသနိုင္ခဲ့ျပီးျဖစ္ေလသည္။တပ္ခြဲမႉးသည္ေဖာက္ထြက္ေရးအဖြဲ႔မ်ားအားစနစ္တက်ဖြဲ႔စည္းျပီးဦးစြာသယ္ယူနိုင္ျခင္းမရွိေတာ့သည္စုပံုရိကၡာမ်ားႏွင့္စာရြက္စာတမ္းမ်ားအားစနစ္တက်ဖ်က္ဆီးခဲ့သည္။ထို့ေနာက္သတ္မွတ္ထားသည့္အတိုင္းဒဏ္ရာရလူနာမ်ားနွင့္တပ္ခြဲမွူးမွဦးစြာေဖာက္ထြက္ခဲ့သည္။

အလုပ္သင္ဗိုလ္၀င္းျမင့္ႏွင့္အင္အား၅ေယာက္သာေနာက္ခ်န္ေနခဲ့ျပီးစခန္းကိုထိမ္းသိမ္းထားကာနာရီ၀က္ၾကာမွတပ္ခြဲမႉးေဖာက္ထြက္ရာလမ္းေၾကာင္းအတိုင္းေဖာက္ထြက္ခဲ့ၾကသည္။တပ္ခဲြမႉးႏွင့္အဖြဲ႔သည္ၾကယ္ေရာင္ကိုအားျပဳရင္းသတိၾကီးစြာျဖင့္ခ်ီတက္ခဲ့သည္။တပ္ခြဲမွူးမွာမ်က္လံုးတစ္ဘက္ကိုသာအားျပဳေနရသျဖင့္ခက္ခဲစြာလႈဳပ္ရွားေနရသည္။

တပ္ခြဲမႉးႏွင့္အဖြဲ႔သည္နမ့္ေလာင္းေခ်ာင္းဖ်ားသို႔မတ္လ၁၄ရက္၀၁း၀၀ခ်ိန္တြင္ေရာက္ရွိကာအေျချပဳခဲ့ၾကျပီး၀၃း၀၀ခ်ိန္တြင္နမ့္ေလာင္းေခ်ာင္းအတိုင္းဆက္လက္ဆင္းလာခဲ့ရာသံလြင္ျမစ္ကမ္းသုိ႔မတ္လ၁၄ရက္၁၂း၃၀ခ်ိန္တြင္ေရာက္ရွိခဲ့ၾကသည္။ေနာက္တစ္ေန႔တြင္အေထာက္ေတာ္ေစလႊတ္၍ဖန္မြန္းရြာသူရြာသားမ်ားႏွင့္ဆက္သြယ္နိုင္ခဲ့သည္။

ရြာသူရြာသားမ်ားမွတပ္မေတာ္အားၾကည္ညိဳရင္းစြဲရွိသျဖင့္နံနက္စာေကၽြးေမြးခဲ့ၾကသည္။ေတာင္သာစခန္းမွေဖာက္ထြက္ၾကရာတြင္ေျခေထာက္ဒဏ္ရာျဖင့္လူစုကြဲက်န္ေနခဲ့ေသာတပ္သားတစ္ဦးအားရြာသားမ်ားမွဖြက္ထားရာမွတပ္ခြဲမွူးထံျပန္လည္အပ္ႏွံသည္။ထို႔ေနာက္လမ္းျပႏွစ္ေယာက္ျဖင့္နမ္းက်ိန္ေက်းရြာသို႔ဆက္လက္ပို့ေဆာင္ခဲ့ၾကသည္။နမ္းက်ိန္ရြာေတာင္ယာတဲတစ္ခုသို႔ေရာက္ေနေသာေတာင္ဘက္စခန္းကုန္းမွေဖာက္ထြက္လာခဲ့သည့္တပ္ၾကပ္ရမားဆင္ဦးစီးတပ္စိတ္ႏွင့္ထပ္မံဆံုသည္။

တျဖည္းျဖည္းႏွင့္ပါဖန္မွေဖာက္ထြက္လာေသာတပ္စိတ္အလုပ္သင္ဗိုလ္၀င္းျမင့္ဦးေဆာင္ေသာေနာက္ခ်န္တပ္စိတ္တုိ႔ျပန္လည္ေပါင္းဆံုမိခဲ့ၾကသည္။ပိန္းလြန္းရြာတြင္တပ္ခြဲမွူးမွအေထာက္ေတာ္ေစလႊတ္ရာခမရ၁၀၄စစ္ေၾကာင္းႏွင့္အဆက္သြယ္ရရွိကာပူးေပါင္းမိခဲ့ၾကသည္။ထိုမွတဆင့္အဆင့္ဆင့္ပို႔ေဆာင္ၾကရာမတ္လ၁၇ရက္ေန႔၁၄း၃၀တြင္တန္႔ယန္းျမိဳ႔သို႔ေရာက္ရွိခဲ့ၾကရာျမိဳ႔သူျမိဳ႔သားမ်ားမွရင္ႏွစ္သည္းခ်ာမ်ားပမာၾကိဳဆိုခဲ့ၾကသည္။

ေရွ့တန္းအမွတ္(၂)ေျခလ်င္တပ္ရင္းမွတပ္ခြဲမႉးဗိုလ္ၾကီးသိန္းထြန္းတင္ဦးစီးတပ္မေတာ္သားမ်ားသည္ပိြဳင့္၆၀၄၁စခန္းမွေရႏွင့္ခဲယမ္းျပတ္လတ္သည္အထိ၈ညႏွင့္၇ရက္တိုင္တိုင္ခုခံတိုက္ခိုက္ခဲ့ၾကျပီးအရာရွိစစ္သည္၁၅ဦးက်ဆံုး၊တပ္ခဲြမႉးႏွင့္၁၂ဦးဒဏ္ရာရရွိကာဗကပအင္အား၂၀၀ခန္႔သုတ္သင္နိုင္ခဲ့သည္။မိမိဘက္မွအင္အား၅၇ေယာက္တြင္တပ္ခြဲြမႉးႏွင့္စစ္သည္၄၂ေယာက္တုိ႔အေရာက္ျပန္လာနိုင္ခဲ့ၾကသည္။

၄င္းစြမ္းေဆာင္ခ်က္မွာတပ္မေတာ္သမိုင္းတြင္ထူးျခားေျပာင္ေျမာက္ေသာတိုက္ပြဲတစ္ပြဲအျဖစ္မွတ္ေက်ာက္တင္ေမာ္ကြန္းေရးထိုးရမည္ပင္ျဖစ္ေပသည္။ပိြဳင့္၆၀၄၁ေတာင္ကုန္းတိုက္ပြဲတြင္တိုက္ပြဲ၀င္ခဲ့ေသာတပ္မေတာ္သားအေပါင္းႏွင့္က်ဆံုးသြားေသာဗိုလ္ခင္ေမာင္ေအးႏွင့္စစ္သည္အဆင့္အတန္းအားလံုးတုိ႔အားႏိုင္ငံေတာ္ႏွင့္ျပည္သူတစ္ရပ္လုံးကေလးစားစြာဂုဏ္ျပဳအပ္ပါသည္။

(ေလ့က်င့္ေရး႐ုပ္႐ွင္မွဤသမုိင္းဝင္တုိက္ပဲြကုိအမိေျမမွသားေကာင္းမ်ားဟူေသာအမည္ႏွင့္အျဖဴအမည္း႐ုပ္႐ွင္ဇာတ္ကားႀကီးကုိ႐ုိက္ကူး၍တစ္ႏုိင္ငံလုံးအတုိင္းအတာသုိ႔ျပသခဲ့ရာအထူးေအာင္ျမင္ခဲ့သည္။)

သူရစစ္ေသြ