ဗဟုသုတ

ကိုယ်ရဲ့မိဘနှစ်ပါးကို တန်ဖိုးထားပြီး ချစ်ကြတဲ့ သားသမီးတိုင်း မျက်ရည်ဝဲတဲ့အထိ နက်ရှိုင်းလှတဲ့ စာ (ဝင်ဖတ်ပြီး ရှဲသွားလိုက်ပါနော်) ဒီစာလေး ဖတ်လိုက်မှ မိဘကျေးဇူး ပိုပြီးသိတတ်သွားတယ်

ကိုယ်ရဲ့မိဘနှစ်ပါးကို တန်ဖိုးထားပြီး ချစ်ကြတဲ့ သားသမီးတိုင်း မျက်ရည်ဝဲတဲ့အထိ နက်ရှိုင်းလှတဲ့ စာ

ငါ ကျေနပ်ပါပြီ ငါ အိပ်ရာထဲလဲတဲ့အခါ မိုးလင်းတဲ့အခါ ငယ်စဉ်ကလေ မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာဆိုးလို့ ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမဲ့ ငါ့ကိုတော့ ရေအေးနဲ့ သစ်ပေးရင်ပဲ ကျေနပ်ပါပြီ။ အစာကျွေးတဲ့အခါ ငယ်စဉ်ကလေ မင်းတို့ကြီးထွားရှင်သန်ဖို့ ဈေးကြီးတဲ့ အာဟာရမုန့်တွေ ငါဝအောင်ကျွေးခဲ့ပေမဲ့ ငါ့ကိုတော့

အစာကျေတဲ့ ဆန်ပြုတ်ကျဲလေးကျွေးရင်ပဲ ကျေနပ်ပါပြီ။ ငါအစားမဝင်တဲ့အခါ ငယ်စဉ်ကလေ ထမင်းတစ်ပန်းကန် စားကုန်ဖို့ အိမ်ရှေ့ အိမ်နောက်လှည့်ပတ်ပြေးလွှား နာရီရှည်ကြာလို့ ငါမညောင်းခဲ့ပေမဲ့ ငါ့ကိုတော့ မိနစ်ပိုင်းလောက် အားစိုက် ကျွေးရင်ပဲ ကျေနပ်ပါပြီ။ ငါအိပ်မပျော်တဲ့အခါ ငယ်စဉ်ကလေ လေထိုးလို့ ဖျားလို့ ဝမ်းလျှောလို့

ရောဂါစုံဖြစ်တတ်တဲ့ မင်းတို့တစ်တွေကို ပြုစုယုယရင်း တစ်လ မအိပ်ရလို့လည်း ငါမငြီးငြူခဲ့ပေမဲ့ ဝေဒနာကြောင့် အိပ်မပျော်တဲ့ငါ့ကို တစ်ရက် နှစ်ရက်သီးခံကြည့်ပေးရင်ဘဲ ကျေနပ်ပါပြီ။ငါမထနိုင်တဲ့ အခါ ငယ်စဉ်ကလေ ရက်ပေါင်းများစွာ ချိုမိုင်မိုင်ဆိုပေးရင်း လက်ကလေးတွေ သန်မာအောင် ကြိုးစားပေးခဲ့တဲ့ ငါ့ကို မင်းတို့

လက်ကလေးတွေကို ခဏတာအသုံးချပြီး ထူပေးကြရင်ဘဲ ကျေနပ်ပါပြီ။ ငါတွေ့ချင်တဲ့အခါ ငယ်စဉ်ကလေ လပေါင်များစွာ ခြေကိုဖြောင့်စဉ်းပြီး သီချင်းဆိုပေးရင်း ခြေထောက်လေးတွေ သန်မာအောင် နှိပ်နယ်ပေးခဲ့တဲ့ ငါဆီ မင်းတို့ ခြေထောက်လေးတွေ အသုံးချပြီး ခဏလာတွေ့ရင်ဘဲ ကျေနပ်လှပါပြီ။ ငါမလှုပ်ရှားနိုင်တဲ့အခါ

ငယ်စဉ်ကလေ နူးညံ့ပေ့ဆိုတဲ့ အဝတ်အထည်နဲ့တောင် နာမှာစိုးလို့ အသာအယာလေး ဝတ်ပေးခဲ့တဲ့ ငါ့ကို အရှက်လုံစွာ ဖုံးပေးရင်ပဲ ကျေနပ်ပါပြီ။ ငါထွက်သွားတဲ့အခါ ထိုအချိန်မှလေ ငါ့သား ငါ့သမီး ငါ့မြေးမြစ် တို့ နောင်တအမွေ မရစေချင်လို့ ပြုစုခွင့်ရတုန်း ပြုစုနိုင်ကြဖို့ အခွင့်ပေး တာဝန်ကျေခဲ့ပါရစေ။

အဆုံးထိ ဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီး အားလုံး သာယာပျော်ရွှင် ချမ်းမြေ့ကြပါစေနော်။ Credit