Unicode
ချင်းမိုင်းမင်းသားPrinceSukkasem(သုခစံ)နှင့်မော်လမြိုင်သူမွန်အမျိုးသမီးMamia(မယ်မြ.မမြ)တို့၏ကြေကွဲဝမ်းနည်းဖွယ်ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတိုးကော့နှပ်ဇာတိမွန်သူဌေးကြီးဦးရွှေလှေးသည်ချင်းမိုင်းဘုရင်နှင့်ဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်သလိုချင်းမိုင်းဘုရင်၏ပိုင်နက်နယ်မြေထဲတွင်သစ်ထုတ်ခွင့်ပါမစ်ရထားသောသူတစ်ယောက်ဖြစ်သည်.
မွန်သူဌေးကြီးဦးရွှေလှေး၏ဆက်သွယ်နှင့်ချင်းမိုင်းဘုရင်၏သားတော်PrinceSukkasemသုခစံသည်၁၈၉၅.၁၉၀၀ခုနှစ်ဝန်းကျင်တွင်မော်လမြိုင်စိန်ပတ်ထရစ်(ယခု.အထက၅)ကျောင်း၌လာရောက်ပညာသင်ယူရင်၅နှစ်ကြာနေထိုင်ခဲ့သည်.
တစ်နေ့သောအခါမော်လမြိုင်ဒိုင်းဝန်ကွင်းဈေးတွင်ဆေးပေါ့လိပ်ရောင်းနေသောမော်လမြိုင်သူမွန်အမျိုးသမီးMamiaမယ်မြ(.သို့.)မမြနှင့်တွေ့ဆုံပြီးလူငယ်ဘဝအချင်းချင်းမေတ္တာသက်ဝင်၍မခွဲနိုင်မခွာနိုင်ချစ်ရသောသူများဖြစ်လာသည်.(ကျိုက်သလ္လံဘုရားမှာသူတို့နှစ်ယောက်ချစ်သစ္စာတိုင်တည်ခဲ့ကြတယ်)
မင်းသားသည်စိန်ပတ်ထရစ်ကျောင်းမှာပညာသင်လိုပြီးဆံးု၍ချင်းမိုင်းကိုပြန်သွားရသောအခါတစ်ဦးနဲ့တစ်ဦးမခွဲနိုင်မခွာနိုင်၍မယ်မြကိုယ်တိုင်ယောင်္ကျားလေးလိုဟန်ဆောင်ပြီးမင်းသားရဲ့သူငယ်ချင်းအဖြစ်ချင်းမိုင်းသို့လိုက်သွားခဲ့ကြသည်.ချင်းမိုင်းတို့ရောက်သောအခါမယ်မြသည်အစေခံတန်းလျားတစ်ခု၏ပစ္စည်းထားရာနေရာတွင်ကျဉ်းကြပ်စွာနေခဲ့ရသည်ဟုတချို့ကဆိုကြသည်.
မင်းသားနှင့်မယ်မြတို့ချစ်ဇာတ်လမ်းသည်ဖုံးဖိ၍မရတော့ပဲနန်းတော်အတွင်းပေါက်ကြားခဲ့သည်.နိုင်ငံရေးအခြေအနေအကြောင့်ချင်းမိုင်းဘုရင်သည်သူ၏သားတော်မင်းသားကိုဘန်ကောက်ကမင်းသမီးတစ်ပါးနှင့်ပေးစား၍ချင်းမိုင်းနန်းတော်အာဏာကိုတည်ငြိမ်အောင်ပြုလုပ်ခဲ့သည်.
နောက်ဆုံးတော့မယ်မြနှင့်မင်းသားသည်ခွဲခွာချိန်ရောက်၍တစ်ဦးနှင့်တစ်ဦးကတိသစ္စာတိုင်တည်ထားခဲ့ကြသည်.သစ္စာဖောက်သောသူသည်အသက်တို၏ဟုဘုရားမှာတိုင်တည်ကာမင်းသားကမယ်မြကိုလက်စွပ်တစ်ကွင်းပေးထားခဲသည်.မွေးရပ်မြေကိုပြန်ရမည်မယ်မြသည်နောက်ဆုံးအနေနဲ့မင်းသား၏ခြေရင်းကိုမိမိဆံကေသာဆံပင်နဲ့ပွတ်တိုက်ပြီးအချစ်သက်သေပြသွားခဲ့သည်.မယ်မြမော်လမြိုင်ရောက်တော့မှချင်းမိုင်းမင်းသားနဲ့ရထားသောကိုယ်ဝန်ရှိမှန်းသိလိုက်ရတယ်.
ကလေးကိုလူသိမခံပဲမွေးလိုက်ရ၍ရပ်ကွက်ထဲကမုန့်သည်လင်မယားထံတွင်ပေးမွေးစားခိုင်းလိုက်ရတယ်.(ကလေးလဲငယ်ငယ်ရွယ်ရွယ်နဲ့သေသွားတယ်လို့တချို့ကဆိုကြသည်.ချင်းမိုင်းမင်းသားကတိဖျက်လို့သစ္စာဆူးမည်ကိုစိုးရိမ်သောမယ်မြသည်မင်းသားကိုခွင့်လွတ်နားလည်တဲ့အကြောင်းသွားပြောတာသီလရှင်ဝတ်နဲ့မယ်မြချင်းမိုင်းကိုဒုတိယကြိမ်လိုက်သွားတော့မင်းသားကိုမယ်မြတွေ့ခွင့်မရခဲ့ပေ.
တချို့ကမယ်မြနှင့်မင်းသားကိုလန်နာဘုရင်.ဘုရင်ရဲ့မိဖုရားတို့ကတွေ့မခံခဲ့ပေ)မော်လမြိုင်ကိုရောက်သောအခါအသက်ထက်ဆုံးသီလရှင်ဝတ်ဖြင့်နေထိုင်သွားခဲ့သည်(တချို့ကမယ်မြသည်သီလရှင်ဝတ်အဖြင့်စိတ်ထိခိုက်ကာစိတ်ကျရောဂါသည်တစ်ယောက်ဖြစ်အသက်ထက်ဆုံးနေထိုင်သွားခဲ့သည်)…
၁၉၆၀ခုနှစ်ဝန်းကျင်တွင်မယ်မြ.မမြ.Mamiaသည်သီလရှင်ဝတ်ဖြင့်ကွယ်လွန်သွားခဲ့သည်..PrinceSukkasemသုခစံမင်းသားသည်၁၈၇၉ခုနှစ်တွင်လန်နာနိုင်ငံ.ယခုထိုင်းနိုင်ငံချင်းမိုင်းမြို့မှာမွေးဖွားပြီး၁၉၁၂ခုနှစ်အသက်၃၃နှစ်ခန့်တွင်ငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်သွားခဲ့သည်.
Mamiaမယ်မြ(သို့)မမြသည်၁၈၈၇ခုနှစ်မော်လမြိုင်(ဒိုင်းဝန်ကွင်းပတ်ဝန်းကျင်)တွင်မွေးဖွားပြီးအသက်၇၃နှစ်ရွယ်တွင်သီလရှင်ဝတ်အဖြင့်ကွယ်လွန်သွားခဲ့သည်.မော်လမြိုင်ကျိုက်သလ္လံဘုရားအနီးခေမာသီရိသီလရှင်ကျောင်းသည်မယ်မြMamiaသီလရှင်ဝတ်ခဲ့သောကျောင်းဖြစ်သည်.မယ်မြနှင့်သုခစံတို့၏အကြောင်းကိုထိုင်းနိုင်ငံတွင်ရုပ်ရှင်ဇာတ်ကားနှင့်ဇာတ်လမ်းတွဲပါထွက်ထားတယ်လိုသိရတယ်.
မယ်မြနှင့်ပတ်သက်သောသီချင်းများလဲသီဆိုထားတယ်လိုသိရတယ်.မယ်မြနှင့်သုခစံတို့၏အချစ်ဇာတ်လမ်းသည်ထိုင်းနိုင်ငံသားကလေးငယ်များ၏အိပ်ရာဝင်ရိုမီယိုနဲ့ဂျူလီယက်ပုံပြင်ဖြစ်လည်းကောင်း.လန်နာနိုင်ငံ(ယခု.ထိုင်းနိုင်ငံ.ချင်းမိုင်း)ဇင်းမယ်ဂန္တဝင်စာပေတွင်လည်းကောင်းဆက်လက်ရှင်သန်လျက်ရှိပါသည်
Zawgyi
မင်းသားသည်စိန်ပတ်ထရစ်ကျောင်းမှာပညာသင်လိုပြီးဆံုး၍ချင်းမိုင်းကိုပြန်သွားရသောအခါတစ်ဦးနဲ့တစ်ဦးမခွဲနိုင်မခွာနိုင်၍မယ်မြကိုယ်တိုင်ယောင်္ကျားလေးလိုဟန်ဆောင်ပြီးမင်းသားရဲ့သူငယ်ချင်းအဖြစ်ချင်းမိုင်းသို့လိုက်သွားခဲ့ကြသည်.ချင်းမိုင်းတို့ရောက်သောအခါမယ်မြသည်အစေခံတန်းလျားတစ်ခု၏ပစ္စည်းထားရာနေရာတွင်ကျဉ်းကြပ်စွာနေခဲ့ရသည်ဟုတချို့ကဆိုကြသည်.