မဂ်လာပါပရိတ်သတ်ကြီးရေ burmese ghouls အသင်းအကြောင်း ပိုစ့် တင်ခဲ့တာကို ဆဲဆိုဝေဖန်နေတဲ့ သူတွေအတွက် အဆိုတော် j fire မှ ယခုလို ပြန်လည် ပိုစ့် တင်ပြီး ဖြေရှင်း လိုက်ပါတယ်။
BG အသင်း စင်ကာပူမှာ ကျင်းပတဲ့ M2 word cup ပွဲမှာ 1 st runner နေရာရခဲ့တဲ့ အ ထိ အောင်မြင် ခဲ့ လို့ j fire မှ post တင်ပြီး ဂုဏ်ယူအားပေးကြောင်း ပိုစ့် တင်ခဲ့တာကိိုပရိတ်သတ်တွေက အခုကျတော့ ဂုဏ်ယူတယ်ပေါ့ အရင်က မင်းဆိုခဲ့တဲ့ ခေတ်သီချင်းထဲမှာကျတော့ game ဆော့တဲ့ လူငယ်တွေကို အဲ့လိုပြောထားတာမဟုတ်ပါဘူးဆိုပြီး ဆဲဆိုဝေဖန် ပွဲ ဆူနေခဲ့ လို့ နောက်ဆုံး ပိုစ့်ပါ ဖျက်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။
ယနေ့ မှ တော့ အဆိုတော် j fire ကနေ အဆိုပါကိစ္စအတွက် “အားလုံးပဲ မင်္ဂလာပါခင်ဗျ ကျွန်တော့် ပရိတ်သတ်တွေကိုရှင်းပြချင်တာလေးတွေရှိလို့ပါခေတ်သီချင်း သည်အချိန်ကို အကျိုးရှိအောင်အသုံးချဖို့အဓိကပြောခဲ့တာဖြစ်ပါတယ်
နောက်ပြီး Professional Player တွေရဲ့ ကိုယ့်နိုင်ငံကိုယ်စားပြုပြိုင်ပွဲအတွက် ဂုဏ်ယူထိုက်လို့ Postတင်ခဲ့တာ ဖြစ်ပြီးတင်ပြီးသည့် အချိန်တွင် နားလည်မှုလွဲစွာ အပြန်အလှန် ဆဲဆိုမှုများ ကြောင့် အကျိုးမရှိဟုယူဆကာ Team နဲ့တိုင်ပင်၍ Postအားပြန်လည်ဖြုတ်ချခဲ့ပါတယ်
တင်ခဲ့သည့်ပုံသည်လည်း ပြိုင်ပွဲကျင်းပသည့် Moontonကုမ္မဏီ မှ Myanmar National Team ကိုSupport ဖို့ “M2” Instagram Campaign အတွက်ကမ်းလှမ်းခဲ့ခြင်းကြောင့် ပြိုင်ပွဲမစခင် တစ်ပတ်အလိုက ရိုက်ကူးထားသောပုံဖြစ်ပါတယ်။
ထို့ကြောင့် နားလည်မှုလွဲသည်ဖြစ်စေ နားမလည်ချင်ယောင်ဆောင်သည် ဖြစ်စေ အားလုံးသည်တစ်နိုင်ငံထဲသားညီအကိုမောင်နှမများသာဖြစ်၍ အများညီ ဤ ကို ကျွဲ မဖတ်ပဲ စဉ်းစားတွေးခေါ်နိုင်စွမ်းများပိုင်ဆိုင်ကြပြီး
မိမိလျှောက်လှမ်းချင်သည့်နယ်ပယ်တိုင်းတွင် Pro တစ်ယောက် ဖြစ်ရပ်တည် နိုင်သည် အထိကြိုးပွါးတိုးတက်ကြကာ မိသားစုအပေါ် တာဝန်ကျေပြီးနိုင်ငံအတွက် အခွန်များစွာ ထမ်းဆောင်နိုင် ကြပါစေ ရွှင်လန်းကာစိတ်ချမ်းသာ ကြပါစေကြောင်းပြန်လည် ဆုတောင်းပေးလိုက်ပါတယ်”ဆိုပြီး ပို့စ်တင်ကာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
အခုလိုကာလမှာ တစ်ယောက်နဲ့တစ်ယောက်အမုန်းမပွားပဲ ချစ်ချစ်ခင်ခင်လေးနေထိုင်ကြတာပိုကောင်းပါတယ်နော်။အခုလို ဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာ ပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source from j fire’fb