ဗဟုသုတ

အိမ္ေထာင္တစ္ခုမွာ ေငြရွာ႐ုံနဲ႔ တာဝန္ေက်ၿပီ မထင္ပါနဲ႔…. စကားတစ္ခြန္းက လက္ေဆာင္ တစ္ခုထက္ ပိုတန္ဖိုးရွိပါတယ္

မိန္းမ ေရာ့ မင္း ႀကိဳက္တာ ဝယ္၊ ႀကိဳက္တာ သုံးဆိုတဲ့ စကားထက္…. မိန္းမ အျပင္ အတူသြားၾကမယ္ေလ ျပင္ဆင္လိုက္၊ ဘာလိုခ်င္လည္း လိုက္ဝယ္ေပးမယ္ဆိုတဲ့၊ စကားအသုံးျပဳမႈေလးက ပိုေႏြးေထြး ေက်နပ္ေစရတာပါ။

မိန္းမ စားႏွင့္ကြာ ဝမ္းမွ မဆုံတာဆိုတဲ့၊… စကားထက္….. မိန္းမ ခဏေတာ့ ေစာင့္ေပးေနာ္၊ ဗိုက္ဆာေပမယ့္ အလုပ္မပီးေသးလို႔ပါဆိုတဲ့၊ စကား အသြားအလာေလးက ပိုၿပီး စိတ္ေက်နပ္ေစရတာပါ။

မိန္းမ အိမ္အသုံးစရိတ္က ကုန္လွခ်ည္လားဆိုတဲ့ စကားထက္……. မိန္းမ ကုန္ေဈးႏႈန္းအေျခအေန ဘယ္လိုလဲ၊.. ေလာက္ေအာင္ ခ်င့္ခ်ိန္ဝယ္ၾကည့္ေပါ့ကြာ… မေလာက္ရင္ ေျပာေပါ့ဆိုတဲ့၊

စကားလုံးေလးေတြရဲ့ ခ်ဳပ္ထိန္းသြားမႈက ပိုမလာတဲ့ အသုံးစရိတ္ေနာက္မွာ စိတ္သက္သာရာ ရေစတာပါ

မိန္းမ အေခ်အတင္ မျဖစ္ခ်င္ဘူးကြာဆိုတဲ့ စကားထက္….. မိန္းမ ဘာအလိုမက်တာရွိလည္း … ညႇိႏွိုင္းၾကမယ္ေျပာၾကည့္ဆိုတဲ့ ၁ဝမိနစ္စာ … အခ်ိန္ေပး လမ္းဖြင့္မႈက ပိုၿပီး အက်ိဳးသက္ေရာက္ ေစတာပါ

မိန္းမ ပင္ပန္းတယ္ကြာ .. အဆင္ေျပေၿပ ေနရေအာင္ဆိုတဲ့ စကားထက္….. မိန္းမ ဒီေန႔ေတာ့ ဘယ္လုပ္ငန္း ဘယ္အေၾကာင္းအရာမွာ အဆင္ေျပတယ္ မေျပဘူးဆိုပီး

သူငယ္ခ်င္းနဲ႔ ေျပာသလို ရင္ဖြင့္ခ် ေျပာျပလိုက္တာက… ႏွစ္ဦးႏွစ္ဖက္ စိတ္အဖုအထစ္ ေျပေလ်ာ့ေစတာပါ။

မိန္းမ ျပင္ျပင္ဆင္ဆင္ ေနစမ္းပါဆိုတဲ့ စကားထက္….. မိန္းမေနေကာင္း က်န္းမာရဲ့လား၊ ဘာေတြ စိတ္တိုင္းမက်တာ ရွိလည္းလို႔ တစ္လမွာ တစ္ႀကိမ္ေလာက္ ေမးလိုက္ရင္ကို …

စကားမ်ား ရန္ျဖစ္တယ္ဆိုတာ .. မရွိသေလာက္ နည္းပါးလာမွာပါ။

မိန္းမသားတိုင္းက ခင္ပြန္း ေဝယ်ာဝစၥ၊ .. သားသမီး ေဝယ်ာဝစၥ၊ မိဘရွိရင္ မိဘ ေဝယ်ာဝစၥ၊ အိမ္မႈကိစၥ၊ အကုန္တာဝန္ယူ လုပ္ကိုင္ေနရတာမို႔

ေငြရွာ႐ုံနဲ႔ တာဝန္ေက်ပီမထင္ပါနဲ႔၊… ျပည့္စုံေအာင္ ထားေပးနိုင္႐ုံနဲ႔ ၿပီးေျမာက္ပီ မထင္ပါနဲ႔၊ လိုေလေသးမရွိျဖည့္ဆည္းေပး႐ုံနဲ႔ မလိုအပ္တာ မရွိေတာ့ဘူး မထင္ပါနဲ႔။

စကားတစ္ခြန္းက လက္ေဆာင္ တစ္ခုထက္ ပိုတန္ဖိုးရွိပါတယ္၊

စကားက အားျဖစ္ေစတာ ေနရာ အေတာ္မ်ားမ်ားမွာမို႔ ကိုယ့္မိသားစု ေအးခ်မ္းမႈဟာ ကိုယ့္စကား တစ္ခြန္းေပၚ မူတည္ေနတာ ေမ့မထားပါနဲ႔။

ကိုယ္ပင္ပန္းသလို တေနကုန္ မနားတမ္း … မ်က္လုံးထဲ ေခၽြးဝင္သည္ထိ၊ ေဝယ်ာဝစၥေတြ လုပ္ေနရတဲ့.. မွီခိုဇနီးသည္ဟာ၊ သူ႔ကို ျပန္မွီခိုေနသူေတြအတြက္ သူ႔အျပဳံးဟာ အေရးပါတာမို႔။

အိမ္ေထာင္တစ္ခုမွာ….. ဘယ္သူက ဘယ္သူ႔ကို ပိုျပဳံးနိုင္ေစေနတာလဲ?

ေရႊပိုးစက္ မွ ခ်စ္သမီးေလး

မုန္းမာန္ခ

unicode

မိန်းမ ရော့ မင်း ကြိုက်တာ ဝယ်၊ ကြိုက်တာ သုံးဆိုတဲ့ စကားထက်…. မိန်းမ အပြင် အတူသွားကြမယ်လေ ပြင်ဆင်လိုက်၊ ဘာလိုချင်လည်း လိုက်ဝယ်ပေးမယ်ဆိုတဲ့၊ စကားအသုံးပြုမှုလေးက ပိုနွေးထွေး ကျေနပ်စေရတာပါ။

မိန်းမ စားနှင့်ကွာ ဝမ်းမှ မဆုံတာဆိုတဲ့၊… စကားထက်….. မိန်းမ ခဏတော့ စောင့်ပေးနော်၊ ဗိုက်ဆာပေမယ့် အလုပ်မပီးသေးလို့ပါဆိုတဲ့၊ စကား အသွားအလာလေးက ပိုပြီး စိတ်ကျေနပ်စေရတာပါ။

မိန်းမ အိမ်အသုံးစရိတ်က ကုန်လှချည်လားဆိုတဲ့ စကားထက်……. မိန်းမ ကုန်ဈေးနှုန်းအခြေအနေ ဘယ်လိုလဲ၊.. လောက်အောင် ချင့်ချိန်ဝယ်ကြည့်ပေါ့ကွာ… မလောက်ရင် ပြောပေါ့ဆိုတဲ့၊

စကားလုံးလေးတွေရဲ့ ချုပ်ထိန်းသွားမှုက ပိုမလာတဲ့ အသုံးစရိတ်နောက်မှာ စိတ်သက်သာရာ ရစေတာပါ

မိန်းမ အချေအတင် မဖြစ်ချင်ဘူးကွာဆိုတဲ့ စကားထက်….. မိန်းမ ဘာအလိုမကျတာရှိလည်း … ညှိနှိုင်းကြမယ်ပြောကြည့်ဆိုတဲ့ ၁ဝမိနစ်စာ … အချိန်ပေး လမ်းဖွင့်မှုက ပိုပြီး အကျိုးသက်ရောက် စေတာပါ

မိန်းမ ပင်ပန်းတယ်ကွာ .. အဆင်ပြေပြေ နေရအောင်ဆိုတဲ့ စကားထက်….. မိန်းမ ဒီနေ့တော့ ဘယ်လုပ်ငန်း ဘယ်အကြောင်းအရာမှာ အဆင်ပြေတယ် မပြေဘူးဆိုပီး

သူငယ်ချင်းနဲ့ ပြောသလို ရင်ဖွင့်ချ ပြောပြလိုက်တာက… နှစ်ဦးနှစ်ဖက် စိတ်အဖုအထစ် ပြေလျော့စေတာပါ။

မိန်းမ ပြင်ပြင်ဆင်ဆင် နေစမ်းပါဆိုတဲ့ စကားထက်….. မိန်းမနေကောင်း ကျန်းမာရဲ့လား၊ ဘာတွေ စိတ်တိုင်းမကျတာ ရှိလည်းလို့ တစ်လမှာ တစ်ကြိမ်လောက် မေးလိုက်ရင်ကို …

စကားများ ရန်ဖြစ်တယ်ဆိုတာ .. မရှိသလောက် နည်းပါးလာမှာပါ။

မိန်းမသားတိုင်းက ခင်ပွန်း ဝေယျာဝစ္စ၊ .. သားသမီး ဝေယျာဝစ္စ၊ မိဘရှိရင် မိဘ ဝေယျာဝစ္စ၊ အိမ်မှုကိစ္စ၊ အကုန်တာဝန်ယူ လုပ်ကိုင်နေရတာမို့

ငွေရှာရုံနဲ့ တာဝန်ကျေပီမထင်ပါနဲ့၊… ပြည့်စုံအောင် ထားပေးနိုင်ရုံနဲ့ ပြီးမြောက်ပီ မထင်ပါနဲ့၊ လိုလေသေးမရှိဖြည့်ဆည်းပေးရုံနဲ့ မလိုအပ်တာ မရှိတော့ဘူး မထင်ပါနဲ့။

စကားတစ်ခွန်းက လက်ဆောင် တစ်ခုထက် ပိုတန်ဖိုးရှိပါတယ်၊

စကားက အားဖြစ်စေတာ နေရာ အတော်များများမှာမို့ ကိုယ့်မိသားစု အေးချမ်းမှုဟာ ကိုယ့်စကား တစ်ခွန်းပေါ် မူတည်နေတာ မေ့မထားပါနဲ့။

ကိုယ်ပင်ပန်းသလို တနေကုန် မနားတမ်း … မျက်လုံးထဲ ချွေးဝင်သည်ထိ၊ ဝေယျာဝစ္စတွေ လုပ်နေရတဲ့.. မှီခိုဇနီးသည်ဟာ၊ သူ့ကို ပြန်မှီခိုနေသူတွေအတွက် သူ့အပြုံးဟာ အရေးပါတာမို့။

အိမ်ထောင်တစ်ခုမှာ….. ဘယ်သူက ဘယ်သူ့ကို ပိုပြုံးနိုင်စေနေတာလဲ?

ရွှေပိုးစက် မှ ချစ်သမီးလေး

မုန်းမာန်ခ