News

ဗိုလ်ကြီးနဲ့ အပေါင်းအပါများ မိပြန်ပါပြီ၊ ဒီတခါလည်း လမ်းကြုံစီးလာပြန်ပြီ လား

ဗိုလ်ကြီးနဲ့ အပေါင်းအပါများ မိပြန်ပါပြီ၊ ဒီတခါလည်း လမ်းကြုံစီးလာပြန်ပြီ ထင်ပါတယ်၊

ပေးဆပ်မှု အများဆုံး.. ရယူမှု အနဲဆုံးလို့ ဘယ်သူမှ မမေးရပဲ သူတို့ကိုယ်သူတို့ ဂုဏ်ဖော်ရတာလည်း အမော.. ကြည့်လိုက်ရင် ခေါင်းဆောင်တွေအကုန်လုံးက ထားစရာမရှိအောင် ချမ်းသာနေကြတယ်။ တပ်မတော်သားတွေ သက်သာချောင်ချိရေးအတွက် အကြောင်းပြပြီး ကုမ္ပဏီတွေဖွင့်ပြီး တိုင်းပြည်က အမြတ်ရမယ့် စီးပွားရေးအကုန် လက်ဝါးကြီးအုပ်ထားတယ်။

လက်အောက်ငယ်သား အပွင့်အခွေတွေက သစ်မှောင်ခို၊ ကားမှောင်ခို မိလိုက်ရင် သူတို့ချည်းပဲ။ ဥပဒေနဲ့မလွတ်သမျှ တရားမဝင် မှောင်ခိုအကုန် လုပ်ပြီး တပ်ရင်းတွေအတွက် ငွေရှာပေးရတယ်။ ဒီလောက်ခဏခဏမိလည်း တပ်မတော်က မျက်နှာပြောင်တိုက်ပြီး ဆက်လုပ်နေတာ အံ့ဩတယ်။

ဒီတခါလည်း လမ်းကြုံစီးလာပြန်ပြီ ထင်ပါတယ်..

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ၁၅ ရပ်ကွက်၊ မြကန်သာလမ်းဆုံမှာ ဇန်နဝါရီ ၂၃ ရက် မနက်အစောပိုင်းက ဗိုလ်ကြီးအဆင့်ရှိသူ ဦးဆောင်သယ်ယူလာတဲ့ Forland မော်တော်ယာဉ်ပေါ်ကနေ တရားမဝင် သစ်ခွဲသား ၃ တန်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ပခုက္ကူမြို့မစခန်းကနေ သိရပါတယ်။

မှုခင်းကျဆင်းရေးအတွက် နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်နေချိန် မြကန်သာဘမ်းဆုံမှာ Forland အဖြူရောင်မော်တော်ယာဉ်ကို စစ်ဆေးရာ ကလေးမြို့၊ အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ အင်ဂျင်နီယာနည်းပြအရာရှိ ဗိုလ်ကြီးတစ်ဦး လိုက်ပါလာတာဖြစ်ပါတယ်။

အဲ့ဒီဗိုလ်ကြီးတစ်ဦးနဲ့ အမှတ် (၉၁၆) စစ်မြေပြင်အင်ဂျီနီယာတပ်ရင်းက ယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦးတို့ကို သစ်ခွဲသားဆိုဒ်စုံ ၃၆ ချောင်း၊ ၃ တန်ခန့် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပခုက္ကူမြို့မစခန်းကနေ သိရပါတယ်။

တရားမဝင်သစ်ခွဲသားတွေ သယ်ဆောင်လာတဲ့ ဗိုလ်ကြီးတစ်ဦး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို (ပ) ၄၂/၂၀၂၁၊ သစ်တောဥပဒေပုဒ်မ – ၄၃(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်၊

CRD_greenjade