News

မုံရွာမြို့ ဇမ္ဗူထိန်လင်း ကျောင်းတိုင်ဆရာတော် ကိုဗစ်-၁၉ ရောဂါဖြင့် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်က ဇမ္ဗူထိန်လင်းကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ကြီး ဟာ ဇန်နဝါရီ (၂၆) ရက် မနက်ပိုင်းက မုံရွာမြို့ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ရောဂါနဲ့ ပျံလွန် တော်မူသွားပြီ ဖြစ်တယ် လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ကပြောပါတယ်။ ဆရာတော်ဟာ သက်တော်(၇၇)နှစ်ရှိပြီး ကိုဗစ်-၁၉ ရောဂါ နဲ့ ဆေးရုံစတက်ချိန်ကတည်းက အောက်စီဂျင် ပေးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ဆရာတော်က ဆေးရုံစတက် ကတည်းက အောက်စီဂျင်ပေးနေရတာပါ။ဒီမနက် ပျံလွန်တော်မူသွားပါတယ်။ သုသာန်မှာ ပဲ မီးသင်္ဂြိုဟ် လိုက်ပါပြီ”လို့ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး က ပြောပါတယ်။

လက်ရှိ ဇမ္ဗူထိန်လင်းကျောင်းတိုက်ကို အသွားလာကန့်သတ်ထယ်လို့ သိရပါတယ် ။ အခု ရက်အတွင်း မုံရွာမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ နေ့စဉ်ရက် ဆက် တွေ့ ရှိနေတဲ့ အတွက် မြို့အ၀င်စစ်ဆေးရေးဂိတ်တွေတိုးချဲ့ ဆောင်ရွက်နေသလို ရပ်ကွက်၊ ကျေးရွာအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နဲ့ ပတ်သက်တဲ့ အသိ ပညာပေး လုပ်ငန်းတွေကိုအသံချဲ့စက်နဲ့ လိုက်လံ သတိပေး နေတယ်လို့ သိရပါတယ်။

“မုံရွာမှာ ပြီးခဲ့တဲ့(၂)ရက်ကစပြီး အတည်ပြုလူနာတွေ ဆက်တိုက်တွေ့လာတာကြောင့် ပြည်သူတွေအနေ နဲ့ မလိုအပ်ဘဲ လုံးဝ အပြင်မထွက်ကြဖို့၊ထွက်ခဲ့ရင်လည်း နှာခေါင်း စည်းတပ်ကြဖို့” လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး က သတိပေး ပြောဆို ပါတယ်။

လက်ရှိ မုံရွာမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၂၂၁) ဦး တွေ့ရှိထားပြီး ဆေးကုသမှု ခံယူနေသူ (၇၆)ယောက်ရှိပြီး သေဆုံးသူ (၅)ယောက် ရှိတယ်လို့ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး က ပြောပါတယ်။

သတင်း- အောင်ကျော်ညွန့်

One News Myanmar