News

ဆင်းရဲနေပေမယ့် သူများပိုက်ဆံ အလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးရဲ့ ချီးကျူးလေးစားစရာ စိတ်ဓာတ်

ဆင်းရဲနေပေမယ့် သူများပိုက်ဆံ အလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးရဲ့ ချီးကျူးလေးစားစရာ စိတ်ဓာတ်

မင်္ဂလာပါစာဖတ်ပရိတ်သတ်ကြီးရေ အခု ကလေးလေးဟာ အင်မတန် မျက်နှာချိုပြီးတော့ သနပ်ခါးတွေ အပြည့်လူးထားတဲ့ သူများပိုက်ဆံ အလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်လေးအကြောင်းကို ဖော်ပြချင်ပါတယ်။ယခု အကြောင်းလေးကတော့ လူမှုကွန်ရက်သုံးစွဲ သူတစ်ဦးက

ဓာတ်ပုံလေးတွေနဲ့ အတူ စာလေးကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။သူက နေ့လယ်က ကုသိုလ်တော် ဘုရားမှာ တွေ့ခဲ့တဲ့ ချာတိတ် စတွေ့တွေ့ချင်း သူကကျနော်တို့ကို ပန်းလာရောင်းတယ်ဗျ။ ကျနော်တို့လဲ ပန်းမဝယ်ဘူးဆိုတော့ သနပ်ခါးလိမ်းပေးရမလားတဲ့ မုန့်ဖိုး ပေးချင်သလောက်ပေးခဲ့ပါတဲ့

(အသက်ငယ်ပေမယ့် သူတစ်ပါးပိုက်ဆံကို အလကားမလိုချင်တဲ့စိတ်ကိုတော့ လေးစားမိတယ်)။ ကျနော်လဲ သူသနပ်ခါးလိမ်းတာ သဘောကျတာနဲ့ တစ်ချက်ခုတ် ၂ချက်ပြတ်ဆိုပြီးတော့ သူ့ကိုဓာတ်ပုံရိုက် မုန့်ဖိုးပေးပေါ့ (သနပ်ခါး လိမ်းထားတာကတော့ အလန်းကြီး) အဲ့လိုကျ ကိုယ်တော်ချောကသွားကျိုးလေးနဲ့ ရယ်ပြတယ်

အသက်ကအခုမှ ၅ နှစ်ပဲ ရှိသေးတယ် တဲ့။ စကားကတော့ တတ်သလားမမေးနဲ့ဗျာ။ ဒီလိုကလေးလေးတွေနဲ့တွေ့ရင် ပန်းရောင်းတာပဲဖြစ်ဖြစ် သနပ်ခါးလိမ်းပေးရင်ဖြစ်ဖြစ် မုန့်ဖိုးများများ ပေးကြပါနော်။၂၀၀- ၅၀၀လောက်နဲ့ ဘာမှမထူးခြားဘူးဆိုပေမယ့် ၂၀၀- ၅၀၀ တွေ များလာရင်တော့ သူတို့အတွက် အများကြီး

အထောက်အကူ ဖြစ်ပါလိမ့်မယ်ဆိုပြီးတော့ အသက် ၅ နှစ်သာရှိသေး ပေမယ့်လည်း သူများပိုက်ဆံ အလကားမလိုချင်တဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကူညီခဲ့ပုံလေးကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဝင်ရောက်ဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီးအားလုံး ကိုယ်စိတ်နှစ်လုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Credit