Unicodeမြန်မာ့သတ္တိကမ္ဘာကိုသိစေခဲ့သည့်အို-၇တောင်ကုန်းတိုက်ပွဲဖြစ်ပွားရသောအကြောင်းအရင်းအမှတ်(၃၅၉)ခြေမြန်တပ်ရင်းမှဒုအရာခံဗိုလ်ကျော်ဌေးဦးစီးအင်အား(၁၀)ဦးနေရာယူထားသော(အို-၇)တောင်ကုန်းအားယိုးဒယားတပ်မှတပ်ကြပ်ကြီးအဆင့်ရှိသူဦးစီး(၂၀)ဦးခန့်မှနေရာယူတပ်စွဲရန်လာရောက်စဉ်
မိမိတပ်မှမြန်မာ့ပိုင်နက်ဖြစ်ကြောင်းပြန်လည်ပြောဆိုမောင်းထုတ်ရာမှပြန်မဆုတ်ပဲစခန်းကုန်းရှေ့ကိုက်(၂၀၀)ခန့်တွင်တပ်စွဲထားပြီး(၇-၁-၂၀၀၁)ရက်နေ့တွင်ယိုးဒယားတပ်မှဗိုလ်ကြီးယိုးထင်ဦးစီးအင်အား(၄၀)ယောက်မှရောက်ရှိပီးကုန်းမှဖယ်ပေးရန်ပြောကြားမှုကြောင့်ခမရ(၃၅၉)တပ်ခွဲ(၂)တပ်စု(၄)အားဖြည့်တင်းလုံခြုံရေးဆောင်ရွက်ခဲ့ပါသည်။
ယိုးဒယားတပ်မတော်မှခြေလျင်စစ်သည်(၁၀၀)COMMANDOသံချပ်ကာ(၂)စီးM-60တင့်၄စီး၁၂၀မမယာဉ်တင်စိန်ပြောင်း၂လက်ထပ်မံရောက်ရှိလာမှုနှစိနိုင်ငံနယ်ခြာပြသနာစတင်ဖြစ်ပွားခဲ့ရပါသည်။
၁၃၀မမအတွဲလိုက်ပစ်ဒုံးစနစ်နယ်မြေအခြေအနေမြန်မာ့တပ်မတော်မှတရုတ်ဖြူအားတိုက်ခိုက်စဉ်အိုတောင်ကုန်းအား(OBJECTIVE-7)ဟုသတ်မှတ်ရာမှအို-၇ဟုခေါ်တွင်ခဲ့ပီးထိုတောင်ကုန်းအနီးတွင်ဦးကုသလသီတင်းသုံးသည့်ဘုန်းကြီးကျောင်းရှိသည်။အို-၇တောင်ကုန်းသည်တာချီလိတ်မြို့ပုန်းထွန်ရပ်ကွက်အနီးတွင်တည်ရှိပါသည်။
စခန်းကုန်း၏အရှေ့မြောက်(၂၅၀၀)ကိုက်အကွာတွင်တဘက်နိုင်ငံမယ်ဆိုင်မြို့ရှိပီးလမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ပါသည်။ယိုးဒယားစစ်တပ်၏ကိုယ်မန်ဒိုဗီ-၁၅၀သံချပ်ကာယာဉ်တိုက်ပွဲတွင်ပါဝင်သောတပ်များရန်သူ့ယိုးဒယားတပ်တိုင်း(၃)လက်အောက်ခံခြေလျှင်တပ်(၃၀၀)၊M-60MBT(၃)စီး၊Stringaryligttank(၂)စီး၊Commandoသံချပိကာယာဉ်(၅)စီးMLRS(၃)စီး၊၁၂၀မမယာဉ်တင်စိန်ပြောင်း(၅)လက်၆၀မမ(၄)လက်RPG(၁၂)လက်.၅စက်သေနက်ကြီး(၆)လက်ပါရှိပါသည်။
မြန်မာ့တပ်မတော်အနေဖြင့်ခမရ(၃၅၉)မှစစ်ကြောင်း(၂)တပ်စု(၈)စုအင်အား(၂၂၀)၈၁မမစိန်ပြောင်း(၂)လက်MA-7(၂)လက်BA-103လောင်ချာ(၂)လက်၊MG-3စက်လက်(၂)လက်နှင့်ပစ်ကူအနေဖြင့်အမှတ်(၀၇၉)အမြောက်တပ်ခွဲမှ(၁၂၀)မမစိန်ပြောင်း(၃)လက်နမ့်စန်လေတပ်စခန်းဌာနချုပ်မှSUPERGALAPG-4မြေပြင်တိုက်ခိုက်ရေးလေယာဉ်(၄)စီးပါဝင်ခဲ့ပါသည်။
မြန်မာ့တပ်မတော်၏၁၂၀မမစိန်ပြောင်းကွပ်ကဲမှုအို-၇တောင်ကုန်းတိုက်ပွဲဖြစ်စဉ်အားတြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်သိန်းစိန်(ယခုနိုင်ငံတော်သမတကြီး)သည်အနီးကပ်ကွပ်ကဲခဲ့သည်။ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မိုင်းဖြတ်မှစစိဦးစီးမှူး(ပထမတန်း)ဒုဗိုလ်မှူးကြီးတင်မောင်ဝင်းသည်လွယ်မဆုတ်၊လွယ်ခန်းကျုံ၊ကျတီးနားဂွင်အတွင်းရှိတပ်ရင်းများအားကွပ်ကဲခဲ့သည်။
ရန်သူယိုးဒယားတပ်မတော်မှအမှတ်(၃)စစ်တိုင်းမှူးဒုတိယဗိုလ်ချုပ်ကြီးဝပ်တနာချိုင်ချိုင်းမြွန်ဝုန်သည်မယ်ဆိုင်တွင်အခြေပြုကွပ်ကဲခဲ့သည်။တိုက်ပွဲဖြစ်စဉ်အဆင့်ဆင့်၂၀၀၁ခုနှစ်ဖေဖော်ဝါရီလ(၂၄)ရက်နေ့(၀၅၁၅)နာရီခန့်တွင်ယိုးဒယားတပ်ကင်းနေရာမှလက်နက်ငယ်ဖြင့်စတင်ပစ်ခတ်ခဲ့သည်။
အမှတ်(၃၅၉)ခြေမြန်တပ်ရင်းခံစစ်စည်းရိုးရှေ့ကိုက်(၃၀)ခန့်အကွာသက်ကယ်တောအတွင်းယိုးဒယားတပ်အင်အား(၂၀)ခန့်ရောက်ရှိလျှက်ရှိကြောင်းတွေ့ရှိရသဖြင့်ရန်သူအားလက်နက်ငယ်ဖြင့်ချက်ချင်းပြန်လည်ပစ်ခတ်ခဲ့သည်။
တစ်ချိန်တည်းမှာပင်ရန်သူမှဗိုလ်ကြီးစောနိုင်ဥိးဦးစီးခွဲ(၄)နေရာယူထားသည့်အို-၇ပွိုင့်ကုန်းအား၎င်းတို့နှင့်မျက်နှာချင်းဆိုင်ကိုက်(၂၀၀)အကွာရှိကျောက်တောင်ကုန်းမှလက်နက်ငယ်စက်လက်ဒသမ၅စက်သေနတ်ကြီးတို့ဖြင့်စတင်ပစ်ခတ်သဖြင့်မိမိမှလက်နက်ငယ်ဘီအေ-၁၀၀များဖြင့်ပြန်လည်စုပြုံပစ်ခတ်စေခဲ့သဖြင့်ရန်သူသည်ရည်မှန်းချက်မအောင်ပဲအထိနာစွာဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ဗိုလ်ကြီးစောနိုင်ဦးဦးစီးသည့်အို-၇တောင်ကုန်းအား(၀၆၃၀)နာရီခန့်မှစပီးယိုးဒယားတပ်မှလက်နက်ကြီးဖြင့်အချက်(၄၀)ပစ်ခတ်ခဲ့ရာ(၀၇၃၀)နာရီတွင်အပစ်ရပ်သွားပြီးလက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားကြောင်းသတင်းရရှိသည်နှင့်ခမရ(၃၅၉)ရှိဒုတပ်ရင်းမှူးဗိုလ်မှူးစိုးစိုးဇော်ဦးစီးစစ်ကြောင်း(၂)နှင့်ဗိုလ်စောဝင်းတင်ဦးစီးတပ်ခွဲ(၁)ခွဲတို့သည်တပ်ရင်းဌာနချုပ်မှ(၀၅၅၀)နာရီတွင်ထွက်ခွာခဲ့ရာအို-၇တေယင်ကုန်းသို့(၀၇၀၀)နာရီတွင်ရောက်ရှိပီးဒုအရာခံဗိုလ်ကြည်မြင့်ဦးစီးခွဲ(၁)စု(၁)စုအားချက်ျခင်းအားဖြည့်တင်းစေခဲ့ပီးရန်သူ့နေရာများပစ်ကုပေးတိုက်ခိုက်ခဲ့သည်။
ဒဏ်ရာရသောစစ်သည်များအားတောင်ကုန်းအောက်ခြေပုန်းထွန်ပူးပေါင်းဂိတ်သို့(၀၈၃၀)နာရီတင်သွားရောက်ပို့ဆောင်နိုင်ခဲ့သည်။(၀၉၁၅)ချိန်တွင်ရင်ဆိုင်ကုန်းများသို့ရန်သူ့COMMANDOသံချပ်ကာ(၅)စီးနှင့်ထရပ်ကားဖြင့်တင်ဆောင်လာသောယိုးးယားရိန်းဂျားစစ်သည်(၂၀၀)ခန့်ရောက်ရှိအင်အားဖြည့်တင်းလာခဲ့သည်။
၎င်းအပြင်အရှေ့တောင်ဘက်တောင်ခြေတွင်လည်းတင့်(၃)စီးနှင့်ရန်သူ့စစ်သည်(၆၀)ဦးထပ်မံရောက်ရှိလာသည်ကိုတွေ့ရှိရသဖြင့်အထက်ဌာနသို့သတင်းပို့ခဲ့ရာနမ့်စန်လေတပ်စခန်းဌာနချုပ်ရှိG-4တိုက်လေယာဉ်များအသင့်ပြင်ဆင်ထားရှိခဲ့သည်။
အမ်-၆၀ပင်မတိုက်ပွဲဝင်တင့်ကားထို့နောက်(၁၀၁၀)ချိန်ရန်သူလက်နက်ငယ်လက်နက်ကြီးပစ်ခတ်သံများကျဲပါးသွားသဖြင့်အို-၇ခံစစ်ကုန်းအားလူနှင့်လက်နက်များနေရာချထားခြင်းအမ်အေ-၇နှင့်၈၁မမစိန်ပြောင်းအားမြောက်ဘက်ဆင်ခြေလျောနေရာတွင်နေရာချထားခြင်းလိုအပ်သည့်ခဲယမ်းနှင့်ရေများပြန်လည်ဖြည့်တင်းခဲ့ပါသည်။
(၁၃၀၀)ချိန်တွင်ယိုးဒယားတပ်မှစတင်ကာအမြောက်တင့်ကားလက်နက်ကြီူများဖြင့်စတင်ပစ်ခတ်လာသဖြင့်ဗိုလ်ကြီးစောနိုင်ဦးနှင့်ဗိုလ်စောတင်ဝင်းနေရာယူထားစေသောခံစစ်နေရာများသို့များစွာကျရောက်ပေါက်ကွဲခဲ့သည်။
(၁၃၁၅)အချိန်တွင်ဗိုလ်နေမျိုးရှေ့ရင်ဆိုင်ကုန်းမှယိုးဒယားတပ်အင်အား(၁၀၀)ခန့်တိုက်ခိုက်လာသဖြင့်မိမိမှဘီအေ-၁၀၀စက်လက်များဖြင့်ပစ်ခတ်ရာ(၁၃၄၀)အချိန်တွင်ရန်သူများ၎င်းတို့အနောက်ဘက်ဆင်ခြေလျောရှိလိုင်ချီးခင်းမျ်းဘက်သို့ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ထိုအချိန်မှစပြီးရန်သူသည်တက်ရောက်တိုက်ခိုက်ခြင်းမရှိပဲလက်နက်ကြီးများဖြင့်ပစ်ခတ်ရာမိမိအမြောက်တပ်မှ(၁၅၁၅)အချိန်တွင်ယိုးဒယားလက်နက်ကြီးနေရာများသို့(၁၂၀)မမစိန်ပြောင်းကြီးဖြင့်(၁၀၀)ချက်ပစ်ခတ်ခဲ့သည်။
(၁၆၀၀)နာရီတွင်တပ်မတော်(လေ)G-4တိုက်လေယာဉ်(၄)စီးမှ(၁၇၀၀)အချိန်ထိရန်သူ့လက်နက်ကြိးနှှု့အခြေခံနေရာများအားပစ်ခတ်တိက်ခိုက်ခဲ့သည်။ယိုးဒယားတပ်များမှ(၁၉၀၀)နာရီတွင်ပြန်လည်ဆုတ်ခွာသွားရာတိုက်ပွဲပြီးဆုံးခဲ့သည်။တိုက်ပွဲအရှုံးအမြတ်ရန်သူ(၆၀)ဦးအလောင်းရရှိ၊ရန်သူ့ထံမှအောက်ပါလက်နက်များရရှိခဲ့-(၁)အမ်-၂၇စက်လက်(၆)လက်။
(၂)အမ်-၁၆(၃၂)လက်။(၃)၄၀မမလောင်ချာ(၅)လက်။(၄)ဓာတ်ငွေ့ကာမျက်နှာဖုံး(၃၂)ခု။(၅)ဆက်သွယ်ရေးစက်(၇)လုံး။(၆)ဟမ်းဗီးကွပ်ကဲမှုယာဉ်(၁)စီး။မိမိတပ်မှကျဆုံး(၁၅)ဦးဒဏ်ရာရ(၁၂)ဦးရန်သူ့ဘက်မှပစ်ခတ်သောကြောင့်တာချီလိတ်မြို့မှပြည်သူ(၃)ဦးသေဆုံး(၁၅)ဦးဒဏ်ရာရရှိခဲ့သည်။
စွမ်းစွမ်းတမံဆောင်ရွက်မှုတိုက်ပွဲတွင်အသက်ကိုပဓာနမထားပဲရွပ်ရွပ်ချွန်ချွန်တိုင်းပြည်အတွက်အတွက်တိုက်ပွဲဝင်ခဲ့သောအောက်ပါအရာရှိ/စစ်သည်များအားဆုတံဆိပ်များချီးမြှင့်ခဲ့ပါသည်-(၁)သူရဘွဲ့ကြည်း၂၆၈၅၉ဗိုလ်ကြီးစောနိုင်ဦးကြည်း၃၁၂၇၈ဗိုလ်နေမျိုးအမှတ်၉၅၇၃၁၅တပ်သားမောင်စိုးသူရဲကောင်းမှတ်တမ်းဝင်တံဆိပ်အရာရှိ(၂)ဦးစစ်သည်(၇)ဦးရရှိခဲ့ပါသည်။
နိုင်ငံ၏ရင်သွေးတိုင်းနိုင်ငံတော်၊ပြည်ထောင်စုကိုကာကွယ်နိုင်ကြပါစေMyanmar Defence WeaponsအားလေးစာစွာCrd ပေးပါသည်/
Zawgyi